ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ပထမဆုံးအကြိမ် Winter Break အားလပ်ရက်ကာလကို စတင်ကျင်းပခဲ့လို့ ပွဲစဉ်(၂၆)ကို ပုံမှန်ကျင်းပလာခြင်းမရှိတော့ပဲ ပွဲစဉ်တွေကို ထက်ဝက်ခွဲပြီး နှစ်ပတ်တာအတွင်း ကျင်းပလာခဲဲ့သလို ကလပ်အသင်းတွေအတွက်လည်း နားရက်တွေ ရလာခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့တစ်ပတ်ကပဲ ပွဲစဉ်(၂၆)ရဲ့ပွဲ၄ပွဲဲ (မန်စီးတီးနဲ့ဝက်စ်ဟမ်းပွဲကတော့ ရာသီဥတုကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရတာဖြစ်ပါတယ်) ကျင်းပခဲ့တာဖြစ်လို့ ဒီတစ်ပတ်မှာလည်း လက်ကျန်ပွဲတွေကို ဆက်လက်ကျင်းပရမှာဖြစ်ပါတယ်။ ဒါဆိုရင် ဒီနေ့မှာ ကစားကြမယ့် ပွဲစဉ်တွေဘက်ကို အရင်သွားကြည့်ရအောင်ဗျာ။

Photo Credit : Getty Images

ဆောက်သမ်တန် နဲ့ ဘန်လေ (ညရနာရီ)
ဒီအသင်းနှစ်သင်းလုံးက နောက်ပိုင်းမှာ Form တွေ ပြန်လည်ကောင်းမွန်နေကြလို့ အမှတ်ပေးဇယားအလယ်မှာ ရပ်တည်နေကြပေမယ့် အိမ်ရှင်အဖြစ် ကစားရမယ့် ဆောက်သမ်တန်ကတော့ ကစားအားပိုကောင်းသလို ဘန်လေရဲ့အဝေးကွင်းခြေစွမ်းထက် ဆောက်သမ်တန်ရဲ့အိမ်ကွင်းကစားအားက ပိုသာလွန်နေပါတယ်။ လတ်တလောမှာ အသင်းနှစ်သင်းကြား ရမှတ်ချင်းကလည်း တူညီလို့နေပြီး အိမ်ရှင်က ရဂိုးများနေပေမယ့်လည်း ဘန်လေက ပေးဂိုးနည်းပါးနေလို့သာ ဂိုးကွာခြားချက်အသာနဲ့ ဆောက်သမ်တန်ရဲ့ထိပ်မှာ ရပ်တည်လို့နေရတာဖြစ်ပါတယ်။ ဒီပွဲကို နိုင်လိုက်မယ်ဆိုရင် တန်းဆင်းဇုန်နဲ့ ပိုလွတ်သွားနိုင်တဲ့အပြင် ယူရိုပါလိဂ်လောက် မျှော်မှန်းလာနိုင်မှာဖြစ်လို့ အရမ်းကို စိတ်ဝင်စားစရာကောင်းနေမှာဖြစ်ပြီး သရေကျနိုင်လို့ ဘန်လေနဲ့ပဲ စွန့်စားထားချင်ပါတယ်။

Photo Credit : Getty Images

နော်ဝစ်ချ် နဲ့ လီဗာပူးလ် (ည၁၂နာရီ)
မကြာခင် ချန်ပီယံလိဂ်ပွဲဲတွေ ပြန်လည်ကစားရတော့မယ့်အချိန်မှာ လီဗာပူးလ်တို့ ဂိုးတွေတပြုံကြီး သွင်းယူပြီး ဂိုးပြတ်နိုင်ပွဲတွေကို ရယူတာထက် ကစားသမားအင်အားချွေတာပြီး နိုင်ရုံလောက်ပဲ ကစားလာနိုင်ဖွယ်ရှိတာကြောင့် အကျောပေးမှုတွေကပါအစ ပျော့ပျောင်းလာခဲ့ရပါတယ်။ နော်ဝစ်ချ်အနေနဲ့ကလည်း တန်းမဆင်းရဖို့အတွက် ပွဲတိုင်းကို သေရေးရှင်ရေးအတိုင်း တိုက်ပွဲဝင်သွားဖို့ လိုအပ်လျက်ရှိနေပြီး နားရက်ရှည်ယူပြီး ပြန်ကစားရတာဖြစ်လို့ စိတ်ဓါတ်တွေ ခြေစွမ်းတွေလည်း လန်းဆန်းတတ်ကြွနေနိုင်ပါတယ်။ တစ်ဖက်က လီဗာပူးလ်ကတော့ ဒီပွဲပြီးတာနဲ့ မက်ဒရစ်မှာ ချန်ပီယံလိဂ်ကစားဖို့လည်းရှိတာကြောင့် ဂိုးပြတ်ဖို့ဆိုတာ သံသယရှိလာနိုင်ပေမယ့် နော်ဝစ်ကိုတော့ ၂ဂိုးလောက် သွင်းနိုင်မယ်လို့ ယူဆမိလို့ လီဗာပူးလ်ကိုပဲ ယုံကြည်လိုက်ချင်ပါတယ်။