မနေ့ညကတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၅)ရဲ့ ပွဲပေါင်း၈ပွဲကို ဆင်နွဲခဲ့ပြီး ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းက ဂိုးပြတ်နိုင်ပွဲ ဆက်ခဲ့တာကြောင့် ဒုတိယနေရာက မန်စီးတီးအသင်းကို ၂၂မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပေမမယ့်လည်း လက်စတာ ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်အသင်းတွေကတော့ သရေပွဲတွေနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။ ဒီနေ့ညမှာတော့ ပွဲစဉ်(၂၅)ရဲ့ လက်ကျန်ပွဲ၂ပွဲကို ကစားသွားမှာဖြစ်ပြီး ဒီပွဲတွေမှာ မန်စီးတီး စပါးနဲ့ အာဆင်နယ်အသင်းတွေ ပါဝင်နေတာမို့ ရလဒ်တွေ ဘယ်လိုထွက်ပေါ်လာနိုင်မလဲဆိုတာကို ခန့်မှန်းပေးသွားချင်ပါတယ်။

Photo Credit : Getty Images

ဘန်လေ နဲ့ အာဆင်နယ် (ည၈နာရီခွဲ)

ပရီးမီးယားလိဂ်မှာ နောက်ပိုင်းပွဲတွေအတွင်း ရလဒ်တွေပြန်ကောင်းနေတဲ့ ဘန်လေကို ရင်ဆိုင်ရမယ့် အာဆင်နယ်အတွက် ခက်ခဲနိုင်ပါတယ်။ မာရီနဲ့စီဒရစ်တို့ကို အားဖြည့်ထားပေမယ့်လည်း အာဆင်နယ်ခံစစ်က တန်းပြီးတည်တည်ငြိမ်ငြိမ် ဖြစ်ဖို့ဆိုတာက အချိန်ပေးရရဦးမှာပါ။ ဒါပေမယ့် ဒီပွဲမှာ အူဘာမီယန်း ပြန်လည်ကစားတော့မှာဖြစ်လို့ အာဆင်နယ်တိုက်စစ်က ပိုထက်မြက်လာနိုင်ပါတယ်။ ပရီးမီးယားလိဂ်မှာ သရေပွဲတွေဆက်နေတာကနေ လွတ်မြောက်ဖို့ အာဆင်နယ်တို့ ကြိုးစားကစားဖို့ရှိနေပေမယ့်လည်း ဘန်လေရဲ့ခံကစားအားကြောင့် သရေပွဲတစ်ပွဲ ထပ်ကြုံရနိုင်ပေမယ့် နိုင်တာနဲ့တင် အပြည့်ပျော်ရွှင်ရမယ့် အာဆင်နယ်ဘက်ကနေပဲ နေထိုင်ကြည့်ချင်ပါတယ်။

Photo Credit : Getty Images

စပါး နဲ့ မန်စီးတီး (ည၁၁နာရီ)

မော်ရင်ဟိုနဲ့ ဂွာဒီယိုလာတို့ရဲ့ အားပြိုင်မှုပါ။ ဒီတစ်ခါတော့ မော်ရင်ဟိုက စပါးနည်းပြအဖြစ်နဲ့ ဂွာဒီယိုလာကို ရင်ဆိုင်ရမှာပါ။ ဖာနန်ဒက်စ်နဲ့ ဘာ့ဂျ်ဝင့်ချ်တို့ကို ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း တိုက်စစ်အတွက်ကို မော်ရင်ဟို အားမဖြည့်နိုင်ခဲ့တာက နည်းနည်းတော့ စွန့်စားရကြနိုင်ပါတယ်။ မန်စီးတီးက လူမခေါ်ခဲ့ဘူးဆိုပေမယ့် ဆာနေးတို့ လာပေါ့တ်တို့ ဒဏ်ရာကနေ သက်သာလာပြီဖြစ်လို့ လူအင်အားက တောင့်တင်းနေမှာပါ။ လက်ရှိအနေအထားအရ မန်စီးတီးက သာတယ်ဆိုပေမယ့် လိဂ်ဖလားကြောင့် ပွဲပန်းမှုတော့ အနည်းနဲ့အများ ရှိနေမှာပါ။ ဒါပေမယ့် မော်ရင်ဟိုလက်ထက် စပါးက အသင်းကြီးတွေနဲ့ ကစားတိုင်းမှာ အသာမရယူနိုင်ခဲ့တာကြောင့်မို့ ဒီပွဲလည်း ရလဒ်ကောင်းဖို့ ခဲယဉ်းပါတယ်။ သို့ပေမယ့်လည်း မန်စီးတီး ဂိုးပြတ်ဖွယ်မရှိလို့ အိမ်ရှင်ကိုပဲ အရဲစွန့်ရွေးချယ်ချင်ပါတယ်။