Winter Transfer အပြီး ပထမဆုံးအကြိမ် ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်ဖြစ်တာကြောင့် ကစားသမားသစ်တွေ မျက်နှာသစ်တွေကို မြင်တွေ့ရမှာဖြစ်လို့ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းနေမှာ သေချာပါတယ်။ ဒါ့အပြင် ပွဲတော်တော်များများကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ ဆုံတွေ့မှုတွေဖြစ်နေတာမို့ ဘောလုံးဝါသနာရှင်တွေအတွက် လက်မလွတ်တမ်း ကြည့်ရှရမှာဖြစ်သလို ဘယ်အသင်းတွေက ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်မလဲဆိုတာကို ခန့်မှန်းသုံးသပ်ပေးသွားချင်ပါတယ်ခင်ဗျာ။
Photo Credit : Getty Images
လက်စတာာ နဲ့ ချယ်လ်ဆီး (ည၇နာရီ)
ဒီပွဲကတော့ ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲဲ့အကောင်းဆုံးပွဲတွေမှာ ပါဝင်လို့နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်ရမယ့်ပွဲပဲဖြစ်ပါတယ်။ နှစ်သင်းလုံးက ဆောင်းစျေးကွက်မှာ ကစားသမားခေါ်ယူမှုတွေ သိပ်မရှိပဲ လက်စတာက ဝုလ်ဗ်နောက်ခံလူ ဘန်နန်ကိုပဲ ခေါ်ယူထားပြီး ချယ်လ်ဆီးက ဘယ်သူ့ကိုမှ မခေါ်ယူခဲ့ပါဘူး။ ပထမအကျော့တွေ့ဆုံမှုမှာ သရေပွဲဲနဲ့ပဲ အဆုံးသတ်ခဲ့ရပြီး အခုပွဲကလည်း သရေဘက်ကို ဦးတည်နိုင်လိမ့်မယ်လို့ ထင်မိပါတယ်။ အိမ်ရှင်အသင်းတော့ မရှံးနိုင်ပါဘူး။
Photo Credit : Getty Images
ဘုန်းမောက် နဲ့ အက်စတွန်ဗီလာ (ည၉နာရီခွဲ)
လက်စတာကို ကျော်ဖြတ်ပြီး လိဂ်ဖလားဖိုင်နယ်ကို တတ်လှမ်းနိုင်ခဲ့သလို ဆောင်းစျေးကွက်အတွင်းမှာလည်း ကစားသမားသစ်တွေ ခေါ်ယူနိုင်ခဲ့တဲ့ ဗီလာဟာ အိမ်ရှင်ဘုန်းမောက်ကို အခက်တွေ့အောင် ကစားနိုင်ပါလိမ့်မယ်။ နှစ်သင်းလုံးကလည်း တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေမျိုးဖြစ်နေတာကြောင့် ပွဲက အကြိတ်အနယ်ရှိမှာ သေချာပါတယ်။ ဒါပေမယ့် သရေကျရင် ထက်ဝက်လောက်နစ်နာမယ့် အိမ်ရှင်အသင်းထက် ဗီလာကပဲ ရလဒ်ကောင်းလိမ့်မယ်လို့ ထင်မိပါတယ်။
Photo Credit : Getty Images
ခရစ္စတယ်ပဲလေ့စ် နဲ့ ရှက်ဖီးယူနိုက်တက် (ည၉နာရီခွဲ)
ပဲလေ့စ်က ဒီနောက်ပိုင်းမှာ ရလဒ်တွေ ဆိုးရွှားလျက်ရှိနေပြီး နိုင်ပွဲလည်းမရှိသေးပါဘူး။ ရှက်ဖီးကလည်း နောက်ပိုင်း၅ပွဲမှာ ၁ပွဲပဲ နိုင်ထားခဲ့တယ်ဆိုပေမယ့်လည်း ဆောင်းစျေးကွက်မှာ ကစားသမားအားဖြည့်များစွာ လုပ်ဆောင်ထားလို့ စောင့်ကြည့်ရမယ့် အနေအထားမှာရှိနေသလို အသင်းကလည်း ဟန်ချက်ညီနေသေးတာကြောင့် ဒီပွဲမှာလည်း ဧည့်သည်အသင်းကိုသာ သဘောကျမိပါတယ်။
Photo Credit : Getty Images
လီဗာပူးလ် နဲ့ ဆောက်သမ်တန် (ည၉နာရီခွဲ)
လီဗာပူးလ်အတွက် အကောင်းဆုံးထုတ်ကုန်တွေကို ပံ့ပိုးပေးခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ တွေ့ဆုံရမယ့်ပွဲက လီဗာပူးလ်အတွက် ခက်ခဲဖွယ်တော့ မရှိနိုင်ပါဘူး။ ဒါပေမယ့်လည်း ကြားရက်မှာ ဝက်စ်ဟမ်းနဲဲ့ ကစားထားသလို ရမှတ်ကွာဟချက်တွေကလည်း ကြီးမားနေတာကြောင့် ဆောက်သမ်တန်ကို ဂိုးပြတ်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါ။ ၃ဂိုးပြည့်မှ ရာနှုန်းပြည့်အနိုင်ရမှာဖြစ်လို့ ဆောက်သမ်တန်ကိုပဲ အရဲစွံရွေးချယ်စေချင်ပါတယ်။
Photo Credit : Getty Images
နယူးကာဆဲလ် နဲ့ နော်ဝစ်ချ် (ည၉နာရီခွဲ)
နှစ်သင်းလုံးက လူခေါ်ယူမှု အသီးသီးလုပ်ဆောင်ခဲ့ပေမယ့်လည်း နယူးကာဆဲလ်ရဲ့လူခေါ်ယူမှုက ပိုအားရစရာကောင်းပါတယ်။ လက်ရှိ နယူးကာဆဲလ်မှာ ဒဏ်ရာရ ကစားသမားအရေအတွက်က အရမ်းများနေတယ်ဆိုပေမယ့်လည်း ဒီရာသီ အဝေးကွင်း အညံဖျင်းဆုံးအသင်းဖြစ်တဲ့ နော်ဝစ်ချ်ကိုတော့ အနိုင်ယူဖို့ မခက်ခဲနိုင်ပါဘူး။ နယူးကာဆဲလ်အနိုင်ပါ။
Photo Credit : Getty Images
ဝက်ဖိုဒ့် နဲ့ အဲဗာတန် (ည၉နာရီခွဲ)
အဲဗာတန်က အန်စလော့တီရှိတယ် ကစားသမားကောင်းတွေ ရှိတယ်ဆိုပေမယ့်လည်း အသင်းရဲ့ယုံကြည်ချက်တွေကတော့ သိပ်မြင့်တတ်မလာသေးဘူးလို့ပဲ ခံစားမိတယ်။ ဒီအချိန်မှာ ခြေစွမ်းကောင်းတွေ ပြန်လည်ပြသထားနိုင်တဲဲ့ ဝက်ဖိုဒ့်နဲ့ ဆုံရမှာဖြစ်လို့ အဲဗာတန်အတွက် ပိုခက်ခဲနိုင်ပါတယ်။ ဒါပေမယ့်လည်း အဲဗာတန်ရဲ့တုန့်ပြန်ကစားအားကြောင့် သရေကျနိုင်ပြီး သွင်းဂိုးလည်းနည်းနိုင်ပါတယ်။
Photo Credit : Getty Images
ဝက်စ်ဟမ်း နဲ့ ဘရိုက်တန် (ည၉နာရီခွဲ)
ကြားရက်မှာ လီဗာပူးလ်နဲ့ ကစားထားရပေမယ့်လည်း ၂ပွဲဆက်ကို အိမ်ကွင်းမှာပဲ ကစားရမှာဖြစ်သလို ဖာဘီယန်စကီး ပြန်လည်သက်သာလာပြီဖြစ်လို့ အိမ်ရှင်တို့ နိုင်ပွွဲဲပျောက်နေမှုကနေ လွတ်မြောက်နိုင်ခြေရှိပါတယ်။ ဘရိုက်တန်ကတော့ အဝေးကွင်းမှာ ခြေစွမ်းပိုင်း အားနည်းလွန်းတာကြောင့် ဒီလိုပွဲမျိုးမှာတော့ ဝက်စ်ဟမ်းတို့ နိုင်ပွဲရယူပြီး တန်းဆင်းဇုန်နဲ့ လွတ်ရာကို ရုန်းထွက်ပါလိမ့်မယ်။
Photo Credit : Getty Images
ယူနိုက်တက် နဲ့ ဝုလ်ဗ် (၁၂နာရီ)
ဆောင်းစျေးကွက် Deadline Day မတိုင်ခင်ကတော့ ဒီပွဲမှာ ယူနိုက်တက်တို့ ရလဒ်တိမ်းစောင်းနိုင်တယ်လို့ ယူဆမိပေမယ့်လည်း ဖာနန်ဒက်ဇ်လို ကစားသမားကို ခေါ်ယူနိုင်ခဲ့ပြီး ဒီပွဲမှာလည်း ပါဝင်ကစားဖို့ရှိနေတာကြောင့် ဒီကစားသမား ဘယ်လောက်ထိ ခြေစွမ်းပြနိုင်မလဲဆိုတာကို လေ့လာရတော့မှာဖြစ်ကာ ရလဒ်ပိုင်းကိုလည်း ခန့်မှန်းရခက်စေပါတယ်။ အီဂါလိုကတော့ ဒီပွဲကို သေချာပေါက်လွဲချော်မှာပါ။ ဒါပေမယ့် အိမ်ရှင်ဖြစ်တဲ့ ယူနိုက်တက်တို့ မရှံးနိုင်ပဲနဲ့ ၁ဂိုးအသာလောက်နဲ့ အနိုင်ရဖွယ်ရှိပါတယ်။