မနေ့ာကတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၄)ရဲ့ ကြားရက်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားခဲ့ရာ ရှက်ဖီးနဲ့မန်စီးတီးအသင်းတို့ပွဲကလွဲပြီး ပွဲအများစုက ဂိုးပေါ်ခဲဲ့ကြကာ ချယ်လ်ဆီးနဲ့အာဆင်နယ်တို့ရဲ့လန်ဒန်ဒါဘီပွဲကတော့ တစ်ဖက်ကို ၂ဂိုးစီသရေကျခဲ့ပါတယ်။ ဒီနေ့နဲ့မနက်ဖြန်တွေမှာတော့ ပွဲစဉ်(၂၄)ရဲဲ့လက်ကျန်၄ပွဲကို ဆက်လက်ယှဉ်ပြိုင်ကစားဦးမှာဖြစ်လို့ ဒီပွဲတွေ ဖြစ်နိုင်ဖွယ်ရလဒ်အနေအထားတွေကို သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Images

လက်စတာ နဲ့ ဝက်စ်ဟမ်း (မနက်၂နာရီ)

ဒီရာသီရဲ့အခက်ခဲဆုံးအချိန်ကို လက်စတာဖြတ်သန်းနေရပါပြီ။ နောက်ဆုံး၂ပွဲဆက် ရှံးနိမ့်မှုကနေတစ်ဆင့် သူတို့ရဲ့အကျဘက်ကို ရောက်နေချိန်မှာ ဝက်စ်ဟမ်းနဲ့ အစမ်းသပ်ခံရပါဦးမယ်။ ဝက်စ်ဟမ်းကလည်း မိုရက်စ်နဲဲ့ ပြန်လည်လက်တွဲပြီးနောက်မှာ ရလဒ်တွေကတော့ ပြန်မငြိမ်နိုင်သေးပါဘူး။ ဒီပွဲမှာတော့ လက်စတာက သူတို့ရဲ့ form အောက်နေမှုကနေ လွတ်မြောက်အောင် ရုန်းပါလိမ့်မယ်။ ဒါပေမယ့် ၂ဂိုးပြတ်နိုင်ဖို့ ခက်ခဲနိုင်ပြီး ဂိုးလည်းပြန်ပေးရနိုင်တာကြောင့် ဧည့်သည်နဲ့စွန့်စားကြည့်ချင်ပါတယ်။

Photo Credit : Getty Images

စပါး နဲ့ နော်ဝစ်ချ် (မနက်၂နာရီ)

ဒီပွဲမှာတော့ စပါးတို့ အနိုင်ရသင့်ပါပြီ။ လီဗာပူးလ်ကို ရှံးခဲ့တဲ့ပွဲတုန်းက ပြသခဲ့တဲ့ ခြေစွမ်းမျိုးတွေကို ပြန်လည်ပြသနိုင်ဖို့ လိုအပ်ပါတယ်။ ပိုချက်တီနိုတုန်းကလည်း ကိန်းမပါတဲ့ပွဲတွေမှာ စပါးတိုက်စစ်ကို ဘယ်လိုပုံစံသွားခဲ့သလဲဆိုတာကိုလည်း မော်ရင်ဟို ပြန်လည်လေ့လာသင့်ပါတယ်။ နော်ဝစ်ချ်ကလည်း အဝေးကွင်းမှာဆို ဘာဆိုဘာမှ မလုပ်နိုင်တဲဲ့အသင်းမို့ စပါးအနိုင်သေချာပါတယ်။ ဒါပေမယ့် နော်ဝစ်ချ်ရဲ့ တန်းဆင်းဇုန်ရုန်းအားကို အထင်သေးလို့မရတာကြောင့် စပါးဂိုးပြတ်ဖို့ခက်ပါမယ်။

Photo Credit : Getty Images

ယူနိုက်တက် နဲ့ ဘန်လေ (မနက်၂နာရီ၄၅မိနစ်)

နိုင်ပွဲပြန်ရှာတွေ့ခဲ့ပေမယ့် ဘန်လေခြေစွမ်းကတော့ အရင်အတိုင်းပါပဲ။ အဝေးကွင်းလည်း အားနည်းနေဆဲပါ။ ဒါကို ယူနိုက်တက်တို့ အခွင့်ကောင်းယူနိုင်သင့်ပါတယ်။ လီဗာပူးလ်ကို ဂိုးပြတ်ရှံးခဲ့ပေမယ့် မနေ့ညက ချယ်လ်ဆီးက သရေကျခဲ့လို့ ဒီပွဲမှာသာ အနိုင်ရလိုက်မယ်ဆိုရင် အမှတ်ကွာဟချက်က ၃မှတ်ပဲရှိတော့တာဖြစ်မှာမို့ ယူနိုက်တက် နိုင်ကိုနိုင်ဖို့ လိုပါမယ်။ ရပ်ဖိုဒ့်မပါနိုင်သေးပဲ ရှိတဲ့လူအင်အားနဲဲ့ ဘန်လေကို ၂ဂိုးပြတ်လောက်နဲဲ့ အနိုင်ရနိုင်ပါတယ်။

Photo Credit : Getty Images

ဝုလ်ဗ် နဲ့ လီဗာပူးလ် (မနက်ဖြန်မနက်၂နာရီခွဲ)

ပြိုင်ပွဲစုံ၅ပွဲဆက်တိုက် နိုင်ပွဲဲပျောက်ဆုံးမှုကနေ နောက်ဆုံးမှာတော့ ဆောက်သမ်တန်နဲ့ပွဲမှာ ဝုလ်ဗ်တို့ နိုင်ပွဲရခဲ့ပါတယ်။ အခုတော့ ပရီးမီးယားလိဂ်မှာ ဘယ်လိုမှ တားမရဆီးမရအောင် အရမ်းကောင်းလွန်းနေတဲ့ လီဗာပူးလ်ကို ဧည့်ခံကစားရမှာဖြစ်ပြီး သူတို့ရော ဟန့်တားနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာပါ။ ဒါပေမယ့် ရလဒ်တွေလည်းကောင်း ဒဏ်ရာပွဲပယ်ပြသာနာလည်း ကင်းစင်နေတာကြောင့် Molineux ကွင်းမှာလည်း လီဗာပူးလ်ပဲ အောင်ပွဲခံဦးမှာပါ။

(Zawgyi)

ပရီးမီးယားလိဂ္ ပြဲစဥ္(၂၄)ရဲ႕ လက္က်န္ပြဲမ်ားအေပၚ ပြဲႀကိဳေလ့လာသုံးသပ္ခ်က္

မေန႔ာကေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္(၂၄)ရဲ႕ ၾကားရက္ပြဲစဥ္ေတြကုိ ယွဥ္ၿပိဳင္ကစားခဲ႔ရာ ရွက္ဖီးနဲ႔မန္စီးတီးအသင္းတုိ႔ပြဲကလြဲၿပီး ပြဲအမ်ားစုက ဂုိးေပၚခဲဲ႔ၾကကာ ခ်ယ္လ္ဆီးနဲ႔အာဆင္နယ္တုိ႔ရဲ႕လန္ဒန္ဒါဘီပြဲကေတာ့ တစ္ဖက္ကုိ ၂ဂုိးစီသေရက်ခဲ႔ပါတယ္။ ဒီေန႔နဲ႔မနက္ျဖန္ေတြမွာေတာ့ ပြဲစဥ္(၂၄)ရဲဲ႕လက္က်န္၄ပြဲကုိ ဆက္လက္ယွဥ္ၿပိဳင္ကစားဦးမွာျဖစ္လုိ႔ ဒီပြဲေတြ ျဖစ္ႏုိင္ဖြယ္ရလဒ္အေနအထားေတြကုိ သုံးသပ္တင္ဆက္ေပးသြားခ်င္ပါတယ္ခင္ဗ်ာ။

Photo Credit : Getty Images

လက္စတာ နဲ႔ ဝက္စ္ဟမ္း (မနက္၂နာရီ)

ဒီရာသီရဲ႕အခက္ခဲဆုံးအခ်ိန္ကုိ လက္စတာျဖတ္သန္းေနရပါၿပီ။ ေနာက္ဆုံး၂ပြဲဆက္ ရွံးနိမ့္မႈကေနတစ္ဆင့္ သူတုိ႔ရဲ႕အက်ဘက္ကုိ ေရာက္ေနခ်ိန္မွာ ဝက္စ္ဟမ္းနဲ႔ အစမ္းသပ္ခံရပါဦးမယ္။ ဝက္စ္ဟမ္းကလည္း မုိရက္စ္နဲဲ႔ ျပန္လည္လက္တြဲၿပီးေနာက္မွာ ရလဒ္ေတြကေတာ့ ျပန္မၿငိမ္ႏုိင္ေသးပါဘူး။ ဒီပြဲမွာေတာ့ လက္စတာက သူတုိ႔ရဲ႕ form ေအာက္ေနမႈကေန လြတ္ေျမာက္ေအာင္ ရုန္းပါလိမ့္မယ္။ ဒါေပမယ့္ ၂ဂုိးျပတ္ႏုိင္ဖုိ႔ ခက္ခဲႏိုင္ၿပီး ဂုိးလည္းျပန္ေပးရႏုိင္တာေၾကာင့္ ဧည့္သည္နဲ႔စြန္႔စားၾကည့္ခ်င္ပါတယ္။

Photo Credit : Getty Images

စပါး နဲ႔ ေနာ္ဝစ္ခ်္ (မနက္၂နာရီ)

ဒီပြဲမွာေတာ့ စပါးတုိ႔ အႏုိင္ရသင့္ပါၿပီ။ လီဗာပူးလ္ကုိ ရွံးခဲ႔တဲ႔ပြဲတုန္းက ျပသခဲ႔တဲ႔ ေျခစြမ္းမ်ိဳးေတြကုိ ျပန္လည္ျပသႏုိင္ဖုိ႔ လုိအပ္ပါတယ္။ ပုိခ်က္တီႏုိတုန္းကလည္း ကိန္းမပါတဲ႔ပြဲေတြမွာ စပါးတုိက္စစ္ကုိ ဘယ္လုိပုံစံသြားခဲ႔သလဲဆုိတာကုိလည္း ေမာ္ရင္ဟုိ ျပန္လည္ေလ့လာသင့္ပါတယ္။ ေနာ္ဝစ္ခ်္ကလည္း အေဝးကြင္းမွာဆုိ ဘာဆုိဘာမွ မလုပ္ႏုိင္တဲဲ႔အသင္းမုိ႔ စပါးအႏုိင္ေသခ်ာပါတယ္။ ဒါေပမယ့္ ေနာ္ဝစ္ခ်္ရဲ႕ တန္းဆင္းဇုန္ရုန္းအားကုိ အထင္ေသးလုိ႔မရတာေၾကာင့္ စပါးဂုိးျပတ္ဖုိ႔ခက္ပါမယ္။

Photo Credit : Getty Images

ယူႏုိက္တက္ နဲ႔ ဘန္ေလ (မနက္၂နာရီ၄၅မိနစ္)

ႏုိင္ပြဲျပန္ရွာေတြ႕ခဲ႔ေပမယ့္ ဘန္ေလေျခစြမ္းကေတာ့ အရင္အတုိင္းပါပဲ။ အေဝးကြင္းလည္း အားနည္းေနဆဲပါ။ ဒါကုိ ယူႏုိက္တက္တုိ႔ အခြင့္ေကာင္းယူႏုိင္သင့္ပါတယ္။ လီဗာပူးလ္ကုိ ဂုိးျပတ္ရွံးခဲ႔ေပမယ့္ မေန႔ညက ခ်ယ္လ္ဆီးက သေရက်ခဲ႔လုိ႔ ဒီပြဲမွာသာ အႏုိင္ရလုိက္မယ္ဆုိရင္ အမွတ္ကြာဟခ်က္က ၃မွတ္ပဲရွိေတာ့တာျဖစ္မွာမုိ႔ ယူႏုိက္တက္ ႏုိင္ကုိႏုိင္ဖုိ႔ လုိပါမယ္။ ရပ္ဖုိဒ့္မပါႏုိင္ေသးပဲ ရွိတဲ႔လူအင္အားနဲဲ႔ ဘန္ေလကုိ ၂ဂုိးျပတ္ေလာက္နဲဲ႔ အႏုိင္ရႏုိင္ပါတယ္။

Photo Credit : Getty Images

ဝုလ္ဗ္ နဲ႔ လီဗာပူးလ္ (မနက္ျဖန္မနက္၂နာရီခြဲ)

ၿပိဳင္ပြဲစုံ၅ပြဲဆက္တုိက္ ႏုိင္ပြဲဲေပ်ာက္ဆုံးမႈကေန ေနာက္ဆုံးမွာေတာ့ ေဆာက္သမ္တန္နဲ႔ပြဲမွာ ဝုလ္ဗ္တုိ႔ ႏုိင္ပြဲရခဲ႔ပါတယ္။ အခုေတာ့ ပရီးမီးယားလိဂ္မွာ ဘယ္လုိမွ တားမရဆီးမရေအာင္ အရမ္းေကာင္းလြန္းေနတဲ႔ လီဗာပူးလ္ကုိ ဧည့္ခံကစားရမွာျဖစ္ၿပီး သူတုိ႔ေရာ ဟန္႔တားႏုိင္ပါ့မလားဆုိတာ စိတ္ဝင္စားစရာပါ။ ဒါေပမယ့္ ရလဒ္ေတြလည္းေကာင္း ဒဏ္ရာပြဲပယ္ျပသာနာလည္း ကင္းစင္ေနတာေၾကာင့္ Molineux ကြင္းမွာလည္း လီဗာပူးလ္ပဲ ေအာင္ပြဲခံဦးမွာပါ။