ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ အနားယူခြင်းမရှိတဲ့အပြင် အခုလည်း ပွဲစဉ်(၂၄)ကို ကြားရက်တွေမှာ ဆက်လက်ကျင်းပသွားဦးမှာဖြစ်ပါတယ်။ အခုအချိန်မှာ အသင်းတွေက ပွဲပန်းမှုတွေကြောင့် ရလဒ်တွေ ကမောက်မကဖြစ်နေရပြီး ပြီးခဲ့တဲ့ ပွဲစဉ်(၂၃)မှာလည်း လီဗာပူးလ်ကလွဲပြီး မန်စီးတီး လက်စတာ ချယ်လ်ဆီး မန်ချက်စတာယူနိုက် စပါးနဲ့ အာဆင်နယ်အသင်းတွေက အကုန်လုံးခြေချော်ခဲ့ရပါတယ်။ ဒီကြားရက်မှာ ကစားရမယ့် ပွဲစဉ်တွေမှာရော ဘယ်အသင်းတွေ ရလဒ်ကောင်းပြီး ဘယ်အသင်းတွေ ဆက်လက်ခြေချော်ဦးမလဲဆိုတာ ခန့်မှန်းသုံးသပ်ကြည့်ချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Images

အက်စတွန်ဗီလာ နဲ့ ဝက်ဖိုဒ့် (မနက်၂နာရီ)

ဗီလာက ခြေစွမ်းပိုင်းသိပ်မဆိုးပေမယ့်လည်း ရလဒ်တွေကတော့ ဆိုးမြဲဆိုးနေရပြီး ၄ပွဲဆက်တိုက် နိုင်ပွဲပျောက်နေရပါတယ်။ ဝက်ဖိုဒ့်ကတော့ ဗီလာနဲ့ပြောင်းပြန်ဖြစ်နေပြီး ၆ပွဲဆက်တိုက်ကို ရှုံးပွဲမရှိခဲဲ့ပဲ တန်းဆင်းဇုန်အထက်တောင် ရောက်နေရပါတယ်။ ဒီနှစ်သင်းက မကြာသေးခင်ကမှ တွေ့ရှိထားခဲ့ပြီး ဝက်ဖိုဒ့်က ၃ဂိုးပြတ်အနိုင်ရထားကာ ဒီပွဲမှာလည်း ဝက်ဖိုဒ့်ပဲ ရလဒ်ကောင်းနိုင်မယ်လို့ ထင်ပါတယ်။ ဝက်ဖိုဒ့်အနိမ့်ဆုံး သရေပါ။

Photo Credit : Getty Images

ဘုန်းမောက် နဲ့ ဘရိုက်တန် (မနက်၂နာရီ)

ဘုန်းမောက်ကတော့ ဒဏ်ရာရကစားသမား များပြားလွန်းနေမှုကြောင့် ရလဒ်ဆိုးတွေကနေ လွတ်အောင်မရုန်းနိုင်သေးပဲ အက်ဒီဟောင်းတောင် ထိုင်ခုံလှုပ်နေရပါတယ်။ ဘရိုက်တန်ကလည်း နောက်ပိုင်း၄ပွဲဲဆက်တိုက် နိုင်ပွဲပျောက်ထားခဲ့ပြီး အဝေးကွင်းစွမ်းဆောင်ရည်လည်း ညံဖျင်းလွန်းပါတယ်။ သရေကိုပဲ ဦးတည့်နိုင်တဲဲ့ ဒီပွဲမှာ ဂိုးအောက်ကိုပဲ သဘောကျမိပါတယ်။

Photo Credit : Getty Images

ခရစ္စတယ်ပဲလေ့စ် နဲ့ ဆောက်သမ်တန် (မနက်၂နာရီ)

ပဲလေ့စ်က နောက်ဆုံး၅ပွဲမှာ ၄ပွဲဲအထိတောင် သရေပွဲတွေချည်းပဲ ရယူထားခဲ့ပါတယ်။ ဆောက်သမ်တန်ကလည်း တောက်လျှောက်ခြေမှန် ရလဒ်ကောင်းနေပြီး ဝုလ်ဗ်ကို ရှံးခဲ့ပေမယ့်လည်း ဒီပွဲဲမှာလည်း သူတို့ခြေမညံခဲဲ့ပါဘူး။ ဆိုတော့ ဒီပွဲက စိတ်ဝင်စားစရာကောင်းမှာ သေချာနေပါတယ်။ ဒီပွဲကလည်း အပေါ်က ပွဲဲတွေလို ကိုယ်စိတ်ကြိုက်အသင်းကို ရွေးချယ်နိုင်တာဖြစ်လို့ အိမ်ရှင်ကိုပဲ ရွေးချယ်ထားချင်ပါတယ်။

Photo Credit : Getty Images

အဲဗာတန် နဲ့ နယူးကာဆဲလ် (မနက်၂နာရီ)

အန်စလော့တီ ကိုင်တွယ်ပြီးနောက်ပိုင်းကတည်းက အဲဗာတန်က ပွဲတိုင်းနီးပါးကို ပုံမှန်ခြေစွမ်းလေးနဲ့ပဲ တောက်လျှောက်ဖြတ်သန်းနေပြီး ပုံစံကောင်း ပြသထားကာ နယူးကာဆဲလ်ကတော့ နောက်ဆုံး၂ပွဲမှာ အံ့အားသင့်စရာ ရလဒ်တွေ ဖော်ဆောင်ထားခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ အဲဗာတန်တို့ပဲ ရလဒ်ကောင်းဖို့ များပါတယ်။ အဝေးကွင်းရလဒ်ဆိုးရွှားလွန်းတဲ့ နယူးကာဆဲဲလ်ကို အဲဗာတန် အနိုင်ယူမှာ သေချာပါတယ်။ ဒါပေမယ့် အဲဗာတန်ထက် ဂိုးအောက်ကိုပဲ ပိုသဘောကျမိပါတယ်။

Photo Credit : Getty Images

ရှက်ဖီး နဲ့ မန်စီးတီး (မနက်၂နာရီ)

ရှက်ဖီးရဲဲ့အိမ်ကွင်းကစားပုံက မန်စီးတီးအတွက် သတိထားစရာပါ။ အဓိကတော့ တစ်ချက်တစ်ချက် ထထဖောက်ထားတဲဲ့ မန်စီးတီးခံစစ်ကို ကောင်တာတိုက်စစ်တွေ အသင်းလိုက်စုစည်းမှုကောင်းတဲ့ ရှက်ဖီးရဲ့ထိုးဖောက်မှုကနေ သွင်းဂိုးတွေ ခွင့်ပြုလာရနိုင်ပါတယ်။ မန်စီးတီးက ပထမအကျော့မှာလည်း ရှက်ဖီးကို ခက်ခက်ခဲဲခဲ အနိုင်ယူခဲ့ရတာဖြစ်လို့ ဒီပွဲဲမှာလည်း ရုန်းကန်ရနိုင်ပါတယ်။ ဒါပေမယ့် မန်စီးတီးအနိုင်ရဖို့ကတော့ သေချာနေလို့ မန်စီးတီးနဲ့ပဲ ဆက်လက်စွန့်စားချင်ပါတယ်။

Photo Credit : Getty Images

ချယ်လ်ဆီး နဲ့ အာဆင်နယ် (မနက်၂နာရီ၄၅မိနစ်)

ဒီတစ်ပတ်ရဲ့ ပွဲစဉ်(၂၄)ရဲ့ အကောင်းဆုံးသောပွဲဖြစ်ပြီး အိပ်ရေးပျက်ခံကာ မဖြစ်မနေ ထကြည့်ရမယ့်ပွဲပါ။ နှစ်သင်းလုံးကတော့ လက်ရှိမှာ  ရလဒ်တွေရော  ခြေစွမ်းတွေရော မငြိမ်ပါဘူး။ ဒါပေမယ့် ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ဒီအသင်းနှစ်သင်း ထိပ်တိုက်တွေ့ပြီဆိုတာနဲ့ စိတ်ဝင်စားစရာ ပွဲကောင်းဖြစ်သွားတတ်ပါတယ်။ ပထမအကျော့မှာတော့ ချယ်လ်ဆီးက အဝေးကွင်းမှာ အနိုင်ရယူထားခဲ့ပါတယ်။ လက်ရှိခြေစွမ်းအရလည်း အဝေးကွင်းစွမ်းရည် ညံလွန်းလှတဲ့ အာဆင်နယ်တို့ သရေရလဒ်သာ အမြင့်ဆုံးမျှော်မှန်းနိုင်မှာပါ။ ချယ်လ်ဆီးကိုပဲ သဘောကျမိပါတယ်။

(Zawgyi)

ပရီးမီးယားလိဂ္ ပြဲစဥ္(၂၄)ရဲ႕ အဂၤါေန႔ညပြဲမ်ားကုိ ပြဲႀကိဳေလ့လာသုံးျခင္း

ပရီးမီးယားလိဂ္ၿပိဳင္ပြဲကေတာ့ အနားယူျခင္းမရွိတဲ႔အျပင္ အခုလည္း ပြဲစဥ္(၂၄)ကုိ ၾကားရက္ေတြမွာ ဆက္လက္က်င္းပသြားဦးမွာျဖစ္ပါတယ္။ အခုအခ်ိန္မွာ အသင္းေတြက ပြဲပန္းမႈေတြေၾကာင့္ ရလဒ္ေတြ ကေမာက္မကျဖစ္ေနရၿပီး ၿပီးခဲ႔တဲ႔ ပြဲစဥ္(၂၃)မွာလည္း လီဗာပူးလ္ကလြဲၿပီး မန္စီးတီး လက္စတာ ခ်ယ္လ္ဆီး မန္ခ်က္စတာယူႏုိက္ စပါးနဲ႔ အာဆင္နယ္အသင္းေတြက အကုန္လုံးေျခေခ်ာ္ခဲ႔ရပါတယ္။ ဒီၾကားရက္မွာ ကစားရမယ့္ ပြဲစဥ္ေတြမွာေရာ ဘယ္အသင္းေတြ ရလဒ္ေကာင္းၿပီး ဘယ္အသင္းေတြ ဆက္လက္ေျခေခ်ာ္ဦးမလဲဆုိတာ ခန္႔မွန္းသုံးသပ္ၾကည့္ခ်င္ပါတယ္ခင္ဗ်ာ။

Photo Credit : Getty Images

အက္စတြန္ဗီလာ နဲဲ႔ ဝက္ဖုိဒ့္ (မနက္၂နာရီ)

ဗီလာက ေျခစြမ္းပုိင္းသိပ္မဆုိးေပမယ့္လည္း ရလဒ္ေတြကေတာ့ ဆုိးၿမဲဆုိးေနရၿပီး ၄ပြဲဆက္တုိက္ ႏုိင္ပြဲေပ်ာက္ေနရပါတယ္။ ဝက္ဖုိဒ့္ကေတာ့ ဗီလာနဲ႔ေျပာင္းျပန္ျဖစ္ေနၿပီး ၆ပြဲဆက္တုိက္ကုိ ရွုံးပြဲမရွိခဲဲ႔ပဲ တန္းဆင္းဇုန္အထက္ေတာင္ ေရာက္ေနရပါတယ္။ ဒီႏွစ္သင္းက မၾကာေသးခင္ကမွ ေတြ႕ရွိထားခဲ႔ၿပီး ဝက္ဖုိဒ့္က ၃ဂုိးျပတ္အႏုိင္ရထားကာ ဒီပြဲမွာလည္း ဝက္ဖုိဒ့္ပဲ ရလဒ္ေကာင္းႏုိင္မယ္လုိ႔ ထင္ပါတယ္။ ဝက္ဖိုဒ့္အနိမ့္ဆုံး သေရပါ။

Photo Credit : Getty Images

ဘုန္းေမာက္ နဲ႔ ဘရုိက္တန္ (မနက္၂နာရီ)

ဘုန္းေမာက္ကေတာ့ ဒဏ္ရာရကစားသမား မ်ားျပားလြန္းေနမႈေၾကာင့္ ရလဒ္ဆုိးေတြကေန လြတ္ေအာင္မရုန္းႏုိင္ေသးပဲ အက္ဒီေဟာင္းေတာင္ ထုိင္ခုံလႈပ္ေနရပါတယ္။ ဘရုိက္တန္ကလည္း ေနာက္ပုိင္း၄ပြဲဲဆက္တုိက္ ႏုိင္ပြဲေပ်ာက္ထားခဲ႔ၿပီး အေဝးကြင္းစြမ္းေဆာင္ရည္လည္း ညံဖ်င္းလြန္းပါတယ္။ သေရကုိပဲ ဦးတည့္ႏုိင္တဲဲ႔ ဒီပြဲမွာ ဂုိးေအာက္ကုိပဲ သေဘာက်မိပါတယ္။

 

Photo Credit : Getty Images

ခရစၥတယ္ပဲေလ့စ္ နဲ႔ ေဆာက္သမ္တန္ (မနက္၂နာရီ)

ပဲေလ့စ္က ေနာက္ဆုံး၅ပြဲမွာ ၄ပြဲဲအထိေတာင္ သေရပြဲေတြခ်ည္းပဲ ရယူထားခဲ႔ပါတယ္။ ေဆာက္သမ္တန္ကလည္း ေတာက္ေလွ်ာက္ေျခမွန္ ရလဒ္ေကာင္းေနၿပီး ဝုလ္ဗ္ကုိ ရွံးခဲ႔ေပမယ့္လည္း ဒီပြဲဲမွာလည္း သူတုိ႔ေျခမညံခဲဲ႔ပါဘူး။ ဆုိေတာ့ ဒီပြဲက စိတ္ဝင္စားစရာေကာင္းမွာ ေသခ်ာေနပါတယ္။ ဒီပြဲကလည္း အေပၚက ပြဲဲေတြလုိ ကုိယ္စိတ္ႀကိဳက္အသင္းကုိ ေရြးခ်ယ္ႏုိင္တာျဖစ္လုိ႔ အိမ္ရွင္ကုိပဲ ေရြးခ်ယ္ထားခ်င္ပါတယ္။

Photo Credit : Getty Images

အဲဗာတန္ နဲ႔ နယူးကာဆဲလ္ (မနက္၂နာရီ)

အန္စေလာ့တီ ကုိင္တြယ္ၿပီးေနာက္ပုိင္းကတည္းက အဲဗာတန္က ပြဲတုိင္းနီးပါးကုိ ပုံမွန္ေျခစြမ္းေလးနဲ႔ပဲ ေတာက္ေလွ်ာက္ျဖတ္သန္းေနၿပီး ပုံစံေကာင္း ျပသထားကာ နယူးကာဆဲလ္ကေတာ့ ေနာက္ဆုံး၂ပြဲမွာ အံ့အားသင့္စရာ ရလဒ္ေတြ ေဖာ္ေဆာင္ထားခဲ႔ပါတယ္။ ဒါေပမယ့္ ဒီပြဲမွာေတာ့ အဲဗာတန္တုိ႔ပဲ ရလဒ္ေကာင္းဖုိ႔ မ်ားပါတယ္။ အေဝးကြင္းရလဒ္ဆုိးရႊားလြန္းတဲ႔ နယူးကာဆဲဲလ္ကုိ အဲဗာတန္ အႏုိင္ယူမွာ ေသခ်ာပါတယ္။ ဒါေပမယ့္ အဲဗာတန္ထက္ ဂုိးေအာက္ကုိပဲ ပုိသေဘာက်မိပါတယ္။

Photo Credit : Getty Images

ရွက္ဖီး နဲ႔ မန္စီးတီး (မနက္၂နာရီ)

ရွက္ဖီးရဲဲ႕အိမ္ကြင္းကစားပုံက မန္စီးတီးအတြက္ သတိထားစရာပါ။ အဓိကေတာ့ တစ္ခ်က္တစ္ခ်က္ ထထေဖာက္ထားတဲဲ႔ မန္စီးတီးခံစစ္ကုိ ေကာင္တာတုိက္စစ္ေတြ အသင္းလုိက္စုစည္းမႈေကာင္းတဲ႔ ရွက္ဖီးရဲ႕ထုိးေဖာက္မႈကေန သြင္းဂုိးေတြ ခြင့္ျပဳလာရႏုိင္ပါတယ္။ မန္စီးတီးက ပထမအေက်ာ့မွာလည္း ရွက္ဖီးကုိ ခက္ခက္ခဲဲခဲ အႏုိင္ယူခဲ႔ရတာျဖစ္လုိ႔ ဒီပြဲဲမွာလည္း ရုန္းကန္ရႏုိင္ပါတယ္။ ဒါေပမယ့္ မန္စီးတီးအႏုိင္ရဖုိ႔ကေတာ့ ေသခ်ာေနလုိ႔ မန္စီးတီးနဲ႔ပဲ ဆက္လက္စြန္႔စားခ်င္ပါတယ္။

Photo Credit : Getty Images

ခ်ယ္လ္ဆီး နဲ႔ အာဆင္နယ္ (မနက္၂နာရီ၄၅မိနစ္)

ဒီတစ္ပတ္ရဲ႕ ပြဲစဥ္(၂၄)ရဲ႕ အေကာင္းဆုံးေသာပြဲျဖစ္ၿပီး အိပ္ေရးပ်က္ခံကာ မျဖစ္မေန ထၾကည့္ရမယ့္ပြဲပါ။ ႏွစ္သင္းလုံးကေတာ့ လက္ရွိမွာ  ရလဒ္ေတြေရာ  ေျခစြမ္းေတြေရာ မၿငိမ္ပါဘူး။ ဒါေပမယ့္ ဘယ္လုိအေျခအေနမွာျဖစ္ျဖစ္ ဒီအသင္းႏွစ္သင္း ထိပ္တုိက္ေတြ႕ၿပီဆုိတာနဲ႔ စိတ္ဝင္စားစရာ ပြဲေကာင္းျဖစ္သြားတတ္ပါတယ္။ ပထမအေက်ာ့မွာေတာ့ ခ်ယ္လ္ဆီးက အေဝးကြင္းမွာ အႏုိင္ရယူထားခဲ႔ပါတယ္။ လက္ရွိေျခစြမ္းအရလည္း အေဝးကြင္းစြမ္းရည္ ညံလြန္းလွတဲ႔ အာဆင္နယ္တိ႔ု သေရရလဒ္သာ အျမင့္ဆုံးေမွ်ာ္မွန္းႏုိင္မွာပါ။ ခ်ယ္လ္ဆီးကုိပဲ သေဘာက်မိပါတယ္။