မေန႔က စေနေန႔ညမွာ ကစားသြားခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္(၂၃)မွာေတာ့ အာဆင္နယ္ စပါး မန္စီးတီး ခ်ယ္လ္ဆီးအသင္းတုိ႔လုိ ထိပ္သီးအသင္းေတြ ရလဒ္ေကာင္းမြန္ျခင္းမရွိပဲ အာဆင္နယ္ စပါး မန္စီးတီးတုိ႔က သေရက်ခဲ့သလုိ ခ်ယ္လ္ဆီးဆုိရင္လည္း ေနာက္ဆုံးမိနစ္မွာ ခြင့္ျပဳလုိက္ရပါတယ္။ ဒီေန႔ညမွာေတာ့ ပရီးမီးယားလိဂ္ပြဲဲကုိ ၂ပြဲပဲ ကစားရမွာျဖစ္ေပမယ့္ လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းတုိ႔ ထိပ္တုိက္ေတြ႕ရမယ့္ ပြဲႀကီးပြဲေကာင္းတစ္ပြဲ ပါဝင္ေနတာျဖစ္လုိ႔ ဒီပြဲေတြအေၾကာင္းကုိ တင္ဆက္ေပးသြားခ်င္ပါတယ္ခင္ဗ်ာ။

Photo Credit : Getty Images

ဘန္ေလ နဲ႔ လက္စတာ (ည၉နာရီခြဲ)

မန္စီးတီးနဲ႔ လီဗာပူးလ္ကုိ အေရးနိမ့္ခဲ႔ၿပီးေနာက္ ၂ပြဲျပန္ႏုိင္ခဲ႔တဲ႔ လက္စတာက မေမွ်ာ္လင့္ပဲ ေဆာက္သမ္တန္ကုိ ရွံးခဲ႔ရၿပီး အဆင့္၃ေနရာကုိပါ ျပန္ဆင္းေပးလုိက္ရပါတယ္။ ဒါေပမယ့္ သူတုိ႔ရင္ဆုိင္ရမယ့္  ဘန္ေလကလည္း ေနာက္ပုိင္းပြဲေတြမွာ ရလဒ္ေတြ ေတာက္ေလွ်ာက္ဆုိးရႊားေနၿပီး ေတာ္ေတာ္ေလးကုိ ရုန္းကန္လုိ႔ေနရပါတယ္။ သုိ႔ေပမယ့္လည္း ဘန္ေလက အိမ္ကြင္းမွာဆုိ ပုံစံသိပ္မဆုိးလွပဲ အဆင့္၁၀ေအာက္ အသင္းေတြထဲမွာေတာ့ အဲဗာတန္ၿပီးရင္ ဒုတိယႏုိင္ပြဲအမ်ားဆုံး ျဖစ္ေနပါတယ္။ ဒါကုိေတာ့ လက္စတာတုိ႔ သတိထားရပါမယ္။ ဒါေပမယ့္ လက္စတာတုိ႔ ဒီပြဲႏုိင္လုိက္တာနဲ႔ မန္စီးတီးနဲ႔ အမွတ္ျပန္ကပ္မွာ ျဖစ္တဲ႔အျပင္ ဘယ္လုိလုိႏုိင္ႏုိင္ အႏုိင္ရတာနဲ႔ အျပည့္ေပ်ာ္ရမွာျဖစ္တဲ႔ လက္စတာကုိပဲ ယုံၾကည္ထားခ်င္ပါတယ္။

Photo Credit : Getty Images

လီဗာပူးလ္ နဲ႔ မန္ခ်က္စတာယူႏုိက္တက္ (ည၁၁နာရီ)

ဒီတစ္ပတ္ရဲဲ႕အေကာင္းဆုံးေသာ ပရီးမီးယားလိဂ္ပြဲေကာင္းပဲျဖစ္ပါတယ္။ ဒီပြဲမွာ အိမ္ရွင္ဘက္က မာတစ္ ဖာဘင္ဟုိတုိ႔ေတာင္ ျပန္လည္ပါဝင္ဖြယ္ရွိေနေပမယ့္လည္း ယူႏုိက္တက္ဘက္မွာေတာ့ ဒီရာသီ အသင္းအတြက္ ဂုိးအမ်ားဆုံးသြင္းယူထားတဲဲ႔ ရပ္ဖုိဒ့္ မပါဖုိ႔မ်ားေနတာေၾကာင့္ ဧည့္သည္အသင္းအတြက္ ထုိးႏွက္ခ်က္ျဖစ္လာႏုိင္ပါတယ္။ ေနာက္ၿပီး ယူႏုိက္တက္အသင္းရဲ႕အေဝးကြင္းေျခစြမ္းနဲ႔ ဝုလ္ဗ္နဲ႔ ၾကားရက္မွာ အက္ေအဖလား ကန္ထားရတဲဲ႔ အရွိန္ေတြေၾကာင့္ လီဗာပူးလ္ကုိ ခံကစားဖုိ႔ဆုိတာက ျဖစ္ႏုိင္ေျခနည္းပါးလုိ႔ေနပါတယ္။ လီဗာပူးလ္ရဲ႕တုိက္စစ္ကစားဟန္ကုိ ထိန္းသိမ္းဖုိ႔ဆုိတာကလည္း လြယ္မွာမဟုတ္လုိ႔ လီဗာပူးလ္တုိ႔ ၂ဂုိးျပတ္ေလာက္နဲ႔ အႏုိင္ရဖြယ္ ရွိေနပါတယ္။

(Unicode)

ပရီးမီးယားလိဂ် ပွဲစဉ်(၂၃) Super Sunday ည ပွဲများအပေါ် ပွဲကြိုလေ့လာသုံးသပ်ချက်များ

မနေ့က စနေနေ့ညမှာ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၃)မှာတော့ အာဆင်နယ် စပါး မန်စီးတီး ချယ်လ်ဆီးအသင်းတို့လို ထိပ်သီးအသင်းတွေ ရလဒ်ကောင်းမွန်ခြင်းမရှိပဲ အာဆင်နယ် စပါး မန်စီးတီးတို့က သရေကျခဲ့သလို ချယ်လ်ဆီးဆိုရင်လည်း နောက်ဆုံးမိနစ်မှာ ခွင့်ပြုလိုက်ရပါတယ်။ ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ်ပွဲဲကို ၂ပွဲပဲ ကစားရမှာဖြစ်ပေမယ့် လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ထိပ်တိုက်တွေ့ရမယ့် ပွဲကြီးပွဲကောင်းတစ်ပွဲ ပါဝင်နေတာဖြစ်လို့ ဒီပွဲတွေအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Images

ဘန်လေ နဲ့ လက်စတာ (ည၉နာရီခွဲ)

မန်စီးတီးနဲ့ လီဗာပူးလ်ကို အရေးနိမ့်ခဲ့ပြီးနောက် ၂ပွဲပြန်နိုင်ခဲ့တဲ့ လက်စတာက မမျှော်လင့်ပဲ ဆောက်သမ်တန်ကို ရှံးခဲ့ရပြီး အဆင့်၃နေရာကိုပါ ပြန်ဆင်းပေးလိုက်ရပါတယ်။ ဒါပေမယ့် သူတို့ရင်ဆိုင်ရမယ့်  ဘန်လေကလည်း နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ တောက်လျှောက်ဆိုးရွှားနေပြီး တော်တော်လေးကို ရုန်းကန်လို့နေရပါတယ်။ သို့ပေမယ့်လည်း ဘန်လေက အိမ်ကွင်းမှာဆို ပုံစံသိပ်မဆိုးလှပဲ အဆင့်၁၀အောက် အသင်းတွေထဲမှာတော့ အဲဗာတန်ပြီးရင် ဒုတိယနိုင်ပွဲအများဆုံး ဖြစ်နေပါတယ်။ ဒါကိုတော့ လက်စတာတို့ သတိထားရပါမယ်။ ဒါပေမယ့် လက်စတာတို့ ဒီပွဲနိုင်လိုက်တာနဲ့ မန်စီးတီးနဲ့ အမှတ်ပြန်ကပ်မှာ ဖြစ်တဲ့အပြင် ဘယ်လိုလိုနိုင်နိုင် အနိုင်ရတာနဲ့ အပြည့်ပျော်ရမှာဖြစ်တဲ့ လက်စတာကိုပဲ ယုံကြည်ထားချင်ပါတယ်။

Photo Credit : Getty Images

လီဗာပူးလ် နဲ့ မန်ချက်စတာယူနိုက်တက် (ည၁၁နာရီ)

ဒီတစ်ပတ်ရဲဲ့အကောင်းဆုံးသော ပရီးမီးယားလိဂ်ပွဲကောင်းပဲဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘက်က မာတစ် ဖာဘင်ဟိုတို့တောင် ပြန်လည်ပါဝင်ဖွယ်ရှိနေပေမယ့်လည်း ယူနိုက်တက်ဘက်မှာတော့ ဒီရာသီ အသင်းအတွက် ဂိုးအများဆုံးသွင်းယူထားတဲဲ့ ရပ်ဖိုဒ့် မပါဖို့များနေတာကြောင့် ဧည့်သည်အသင်းအတွက် ထိုးနှက်ချက်ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ယူနိုက်တက်အသင်းရဲ့အဝေးကွင်းခြေစွမ်းနဲ့ ဝုလ်ဗ်နဲ့ ကြားရက်မှာ အက်အေဖလား ကန်ထားရတဲဲ့ အရှိန်တွေကြောင့် လီဗာပူးလ်ကို ခံကစားဖို့ဆိုတာက ဖြစ်နိုင်ခြေနည်းပါးလို့နေပါတယ်။ လီဗာပူးလ်ရဲ့တိုက်စစ်ကစားဟန်ကို ထိန်းသိမ်းဖို့ဆိုတာကလည်း လွယ်မှာမဟုတ်လို့ လီဗာပူးလ်တို့ ၂ဂိုးပြတ်လောက်နဲ့ အနိုင်ရဖွယ် ရှိနေပါတယ်။