လိဂ္ဖလားၿပိဳင္ပြဲ ဆီမီးဖုိင္နယ္ အက္ေအဖလား တတိယအဆင့္ပြဲစဥ္ေတြ က်င္းပၿပီးတဲ႔ေနာက္မွာေတာ့ တစ္ပတ္တာ ရပ္နားထားခဲ႔ရတဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲေတြကုိ ဒီတစ္ပတ္စေနေန႔မွာ ျပန္လည္က်င္းပေတာ့မွာျဖစ္ပါတယ္။ ဒီတစ္ပတ္မွာ ပြဲစဥ္(၂၂)အျဖစ္ က်င္းပသြားေတာ့မယ့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕စေနေန႔ညမွာေတာ့ လီဗာပူးလ္ ခ်ယ္လ္ဆီး စပါး အာဆင္နယ္ မန္ခ်က္စတာယူႏုိက္တက္နဲ႔ လက္စတာအသင္းေတြ ပါဝင္ေနတာေၾကာင့္ ဒီပြဲစဥ္ေတြအေၾကာင္း သုံးသပ္တင္ဆက္ေပးသြားခ်င္ပါတယ္ခင္ဗ်ာ။

Photo Credit : Getty Images

ခရစၥတယ္ပဲေလ့စ္ နဲ႔ အာဆင္နယ္ (ညေန၇နာရီ)

အာတီတာကေတာ့ ပထမဆုံး ပရီးမီးယားလိဂ္ႏုိင္ပြဲကုိ ပုိင္ဆုိင္ႏုိင္ၿပီးတဲ႔ေနာက္မွာ ဆက္လက္ၿပီး ပဲေလ့စ္အသင္းနဲ႔ ပြဲက်ပ္ရင္ဆုိင္ရဦးမွာျဖစ္ပါတယ္။ ပဲေလ့စ္ကလည္း ေနာက္ဆုံးၿပိဳင္ပြဲစုံ၅ပြဲမွာ ၁ပြဲပဲ ႏုိင္ထားခဲ႔ေပမယ့္ အာဆင္နယ္နဲ႔ကစားရတဲဲ႔ လန္ဒန္ဒါဘီပြဲေတြမွာ အာဆင္နယ္ကုိ အၿမဲဒုကၡေပးတတ္တာျဖစ္လုိ႔ ဒီပြဲမွာလည္း ရမွတ္ခြဲယူဖြယ္ရွိေနပါတယ္။ ဒါေပမယ့္ အႏုိင္ရရုံနဲ႔တင္ အျပည့္နီးပါး ေအာင္ပြဲခံႏုိင္မယ့္ အာဆင္နယ္ကုိပဲ ပုိသေဘာက်မိပါတယ္။

Photo Credit : Getty Images

ခ်ယ္လ္ဆီး နဲ႔ ဘန္ေလ (ည၉နာရီခြဲ)

ဘန္ေလကေတာ့ ဒီေနာက္ပုိင္းပြဲေတြမွာ ရလဒ္ေတြ အရမ္းဆုိးရႊားေနရၿပီး တစ္ပြဲေလာက္ျပန္အႏုိင္ရၿပီးတာနဲ႔ ပြဲဆက္မ်ားစြာ ျပန္လည္ရွုံးနိမ့္ရတတ္ပါတယ္။ ပုိဆုိးတာက အခုအခ်ိန္မွာ တုိက္စစ္ပုိင္းက အက္ရွ္ေလဘန္းစ္နဲ႔ ခရစ္ဝုဒ္တုိ႔ ဒဏ္ရာရေနတာမုိ႔ အခု ခ်ယ္လ္ဆီးနဲ႔ပြဲမွာလည္း ရုန္းကန္ရႏုိင္ပါတယ္။ ခ်ယ္လ္ဆီးကလည္း အိမ္ကြင္းမွာ အသင္းငယ္ေတြနဲ႔ ကစားတဲ႔ပြဲဲတုိင္း ရလဒ္တိမ္းေစာင္းမႈေတြ ရွိေနတတ္ေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အမွားခံလုိ႔မရေတာ့တာေၾကာင့္ အိမ္ရွင္ပဲ ၂ဂုိးျပတ္ေလာက္နဲ႔ အႏုိင္ရပါလိမ့္မယ္။

Photo Credit : Getty Images

ယူႏုိက္တက္ နဲ႔ ေနာဝစ္ခ်္ (ည၉နာရီခြဲ)

ယူႏုိက္တက္အတြက္ ဒီပြဲက မျဖစ္မေန အႏုိင္ရသင့္တဲ့ပြဲပါ။ ခက္တာကေတာ့ ကြင္းလယ္နဲ႔ခံစစ္ပုိင္းမွာ ဒဏ္ရာျပသာနာေတြနဲဲ႔ ရင္ဆုိင္ေနရတဲ႔အျပင္ အက္ေအဖလား လိဂ္ဖလားပြဲေတြကုိ ဆက္တုိက္ကစားေနရလုိ႔  ပြဲဲပန္းမႈေတြရွိေနတဲ႔အတြက္ ဒီပြဲမွာလည္း ရလဒ္တိမ္းေစာင္းမႈေတြ ျဖစ္လာႏုိင္တာကုိ သတိထားရပါမယ္။ ဒါေပမယ့္ ေနာဝစ္ခ်္ကလည္း အေဝးကြင္းစြမ္းရည္ ေတာ္ေတာ္ဆုိးလြန္းတဲ႔အျပင္ အမွတ္ေပးဇယားေအာက္မွာ ရုန္းကန္ေနရတာျဖစ္လုိ႔ ဒီပြဲေတာ့ အိမ္ရွင္တုိ႔ ၂ဂုိးျပတ္ႏုိင္ပါမယ္။

Photo Credit : Getty Images

လက္စတာ နဲ႔ ေဆာက္သမ္တန္ (ည၉နာရီခြဲ)

လက္စတာကေတာ့ ေဆာက္သမ္တန္နဲ႔ ပထမအေက်ာ့ ေတြ႕ဆုံခဲ႔စဥ္တုန္းက ၉ဂုိးျပတ္နဲ႔ကုိ ဂုိးျပတ္အႏုိင္ရခဲ႔တယ္ဆုိေပမယ့္ အဲ႔ဒီတုန္းက ေဆာက္သမ္တန္က တစ္ေယာက္ထုတ္ခံရတဲ႔အျပင္ ေျခစြမ္းပုိင္းကလည္း အားနည္းေနတာျဖစ္လုိ႔ ဒီေလာက္ဂုိးျပတ္ခဲ႔ရတာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ ေဆာက္သမ္တန္က ရလဒ္ေတြ အေတာ္ေလးေကာင္းမြန္ေနလုိ႔ လက္စတာတုိ႔အတြက္ ခက္ခဲႏုိင္ပါတယ္။ ဒါေၾကာင့္လည္း ေၾကးအရ ပါးပါးေလးျဖစ္ေနရၿပီး ဧည့္သည္ေဆာက္သမ္တန္ သေရေလာက္ရေအာင္ ကစားႏုိင္မယ္လုိ႔ ထင္မိပါတယ္။

Photo Credit : Getty Images

စပါး နဲ႔ လီဗာပူးလ္ (ည၁၂နာရီ)

စပါးက ရလဒ္ေတြဆုိးရႊားေနတဲ႔အျပင္ အသင္းရဲ႕အဓိကတုိက္စစ္ကစားသမား ဟယ္ရီကိန္းပါ ဒဏ္ရာရသြားလုိ႔ ထိုးႏွက္ခ်က္ျဖစ္ခဲ႔ရပါတယ္။ ဒီအခ်ိန္မွာ လီဗာပူးလ္လုိ ရပ္တန္႔မရတဲ႔အသင္းနဲ႔ ဆုံေတြ႕ေနရတာကလည္း ခက္ခဲမႈ ျဖစ္လာႏုိင္ပါတယ္။ လီဗာပူးလ္က မႏွစ္က ေဘာလုံးရာသီမွာ စပါးနဲ႔ေတြ႕ဆုံတဲ႔ ၃ပြဲလုံးမွာ ႏုိင္ပြဲေတြရယူထားခဲ႔ၿပီး အခုလည္း Form တအားလည္းေကာင္းေနတာေၾကာင့္ စပါးကြင္းဆုိေပမယ့္ လီဗာပူးလ္ႏုိင္ပါမယ္။ ဒါေပမယ့္ ဂုိးေတာ့ျပတ္ထြက္သြားဖြယ္ မရွိႏုိင္ပါဘူး။

(Unicode)

ပရီးမီးယားလိဂ် ပွဲစဉ်(၂၂) စနေနေ့ညရဲ့စိတ်ဝင်စားဖွယ်ပွဲများအပေါ် ပွဲကြိုသုံးသပ်ချက်

လိဂ်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် အက်အေဖလား တတိယအဆင့်ပွဲစဉ်တွေ ကျင်းပပြီးတဲ့နောက်မှာတော့ တစ်ပတ်တာ ရပ်နားထားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေကို ဒီတစ်ပတ်စနေနေ့မှာ ပြန်လည်ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ ပွဲစဉ်(၂၂)အဖြစ် ကျင်းပသွားတော့မယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့စနေနေ့ညမှာတော့ လီဗာပူးလ် ချယ်လ်ဆီး စပါး အာဆင်နယ် မန်ချက်စတာယူနိုက်တက်နဲ့ လက်စတာအသင်းတွေ ပါဝင်နေတာကြောင့် ဒီပွဲစဉ်တွေအကြောင်း သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Images

ခရစ္စတယ်ပဲလေ့စ် နဲ့ အာဆင်နယ် (ညနေရနာရီ)

အာတီတာကတော့ ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲကို ပိုင်ဆိုင်နိုင်ပြီးတဲ့နောက်မှာ ဆက်လက်ပြီး ပဲလေ့စ်အသင်းနဲ့ ပွဲကျပ်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ ပဲလေ့စ်ကလည်း နောက်ဆုံးပြိုင်ပွဲစုံ၅ပွဲမှာ ၁ပွဲပဲ နိုင်ထားခဲ့ပေမယ့် အာဆင်နယ်နဲ့ကစားရတဲဲ့ လန်ဒန်ဒါဘီပွဲတွေမှာ အာဆင်နယ်ကို အမြဲဒုက္ခပေးတတ်တာဖြစ်လို့ ဒီပွဲမှာလည်း ရမှတ်ခွဲယူဖွယ်ရှိနေပါတယ်။ ဒါပေမယ့် အနိုင်ရရုံနဲ့တင် အပြည့်နီးပါး အောင်ပွဲခံနိုင်မယ့် အာဆင်နယ်ကိုပဲ ပိုသဘောကျမိပါတယ်။

Photo Credit : Getty Images

ချယ်လ်ဆီး နဲ့ ဘန်လေ (ည၉နာရီခွဲ)

ဘန်လေကတော့ ဒီနောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ အရမ်းဆိုးရွှားနေရပြီး တစ်ပွဲလောက်ပြန်အနိုင်ရပြီးတာနဲ့ ပွဲဆက်များစွာ ပြန်လည်ရှုံးနိမ့်ရတတ်ပါတယ်။ ပိုဆိုးတာက အခုအချိန်မှာ တိုက်စစ်ပိုင်းက အက်ရှ်လေဘန်းစ်နဲ့ ခရစ်ဝုဒ်တို့ ဒဏ်ရာရနေတာမို့ အခု ချယ်လ်ဆီးနဲ့ပွဲမှာလည်း ရုန်းကန်ရနိုင်ပါတယ်။ ချယ်လ်ဆီးကလည်း အိမ်ကွင်းမှာ အသင်းငယ်တွေနဲ့ ကစားတဲ့ပွဲဲတိုင်း ရလဒ်တိမ်းစောင်းမှုတွေ ရှိနေတတ်ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားခံလို့မရတော့တာကြောင့် အိမ်ရှင်ပဲ ၂ဂိုးပြတ်လောက်နဲ့ အနိုင်ရပါလိမ့်မယ်။

Photo Credit : Getty Images

ယူနိုက်တက် နဲ့ နောဝစ်ချ် (ည၉နာရီခွဲ)

ယူနိုက်တက်အတွက် ဒီပွဲက မဖြစ်မနေ အနိုင်ရသင့်တဲ့ပွဲပါ။ ခက်တာကတော့ ကွင်းလယ်နဲ့ခံစစ်ပိုင်းမှာ ဒဏ်ရာပြသာနာတွေနဲဲ့ ရင်ဆိုင်နေရတဲ့အပြင် အက်အေဖလား လိဂ်ဖလားပွဲတွေကို ဆက်တိုက်ကစားနေရလို့  ပွဲဲပန်းမှုတွေရှိနေတဲ့အတွက် ဒီပွဲမှာလည်း ရလဒ်တိမ်းစောင်းမှုတွေ ဖြစ်လာနိုင်တာကို သတိထားရပါမယ်။ ဒါပေမယ့် နောဝစ်ချ်ကလည်း အဝေးကွင်းစွမ်းရည် တော်တော်ဆိုးလွန်းတဲ့အပြင် အမှတ်ပေးဇယားအောက်မှာ ရုန်းကန်နေရတာဖြစ်လို့ ဒီပွဲတော့ အိမ်ရှင်တို့ ၂ဂိုးပြတ်နိုင်ပါမယ်။

Photo Credit : Getty Images

လက်စတာ နဲ့ ဆောက်သမ်တန် (ည၉နာရီခွဲ)

လက်စတာကတော့ ဆောက်သမ်တန်နဲ့ ပထမအကျော့ တွေ့ဆုံခဲ့စဉ်တုန်းက ၉ဂိုးပြတ်နဲ့ကို ဂိုးပြတ်အနိုင်ရခဲ့တယ်ဆိုပေမယ့် အဲ့ဒီတုန်းက ဆောက်သမ်တန်က တစ်ယောက်ထုတ်ခံရတဲ့အပြင် ခြေစွမ်းပိုင်းကလည်း အားနည်းနေတာဖြစ်လို့ ဒီလောက်ဂိုးပြတ်ခဲ့ရတာဖြစ်ပြီး အခုအချိန်မှာတော့ ဆောက်သမ်တန်က ရလဒ်တွေ အတော်လေးကောင်းမွန်နေလို့ လက်စတာတို့အတွက် ခက်ခဲနိုင်ပါတယ်။ ဒါကြောင့်လည်း ကြေးအရ ပါးပါးလေးဖြစ်နေရပြီး ဧည့်သည်ဆောက်သမ်တန် သရေလောက်ရအောင် ကစားနိုင်မယ်လို့ ထင်မိပါတယ်။

Photo Credit : Getty Images

စပါး နဲ့ လီဗာပူးလ် (ည၁၂နာရီ)

စပါးက ရလဒ်တွေဆိုးရွှားနေတဲ့အပြင် အသင်းရဲ့အဓိကတိုက်စစ်ကစားသမား ဟယ်ရီကိန်းပါ ဒဏ်ရာရသွားလို့ ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။ ဒီအချိန်မှာ လီဗာပူးလ်လို ရပ်တန့်မရတဲ့အသင်းနဲ့ ဆုံတွေ့နေရတာကလည်း ခက်ခဲမှု ဖြစ်လာနိုင်ပါတယ်။ လီဗာပူးလ်က မနှစ်က ဘောလုံးရာသီမှာ စပါးနဲ့တွေ့ဆုံတဲ့ ၃ပွဲလုံးမှာ နိုင်ပွဲတွေရယူထားခဲ့ပြီး အခုလည်း Form တအားလည်းကောင်းနေတာကြောင့် စပါးကွင်းဆိုပေမယ့် လီဗာပူးလ်နိုင်ပါမယ်။ ဒါပေမယ့် ဂိုးတော့ပြတ်ထွက်သွားဖွယ် မရှိနိုင်ပါဘူး။