ေဘာလုံးခ်စ္ပရိသတ္ေတြရဲဲ႕အားေပးမႈအျပည့္အဝရရွိထားတဲ႔ ပရီးမီးယားလိဂ္ေဘာလုံးၿပိဳင္ပြဲကေတာ့ ဒီကာလအတြင္းမွာ အျခားလိဂ္ေတြလုိ အားလပ္ရက္မယူပဲနဲ႔ ပြဲစဥ္ေတြကုိေတာင္ ခပ္စိတ္စိတ္ေလး က်င္းပေနခဲ့တာေၾကာင့္ အသင္းတိုင္းက တစ္ပတ္မွာ ပြဲစဥ္၂ပြဲကုိေလာက္ ယွဥ္ၿပိဳင္ေနရပါတယ္။ အခု ၂၀၂၀ႏွစ္သစ္အဖြင့္ပြဲမွာလည္း ပရီးမီးယားလိဂ္ရဲ႕ပြဲစဥ္(၂၁)ကုိ ဗုဒၶဟူးေန႔နဲ႔ ၾကာသပေတးေန႔ ၂ရက္ခြဲက်င္းပသြားဦးမွာျဖစ္လုိ႔ ဒီပြဲဲေတြအေၾကာင္းကုိ ပြဲႀကိဳသုံးသပ္ခ်က္အျဖစ္ တင္ဆက္ေပးသြားခ်င္ပါတယ္ခင္ဗ်ာ။

Photo Credit : Getty Images

ဘရုိက္တန္ နဲ႔ ခ်ယ္လ္ဆီး (ည၇နာရီ)

လန္ဒန္ဒါဘီပြဲ၂ပြဲမွာ ႏုိင္ပြဲေတြရယူႏုိင္ခဲ႔ေပမယ့္ ခ်ယ္လ္ဆီးက အသင္းငယ္ေတြနဲ႔ ကစားခဲ႔ရတဲ႔ပြဲေတြမွာ ဆက္တုိက္ရလဒ္ေတြ ဆုိးေနတာေတာ့ သတိထားရပါတယ္။ ဒါေပမယ့္ ခ်ယ္လ္ဆီးက အိမ္ကြင္းမွာထက္ အေဝးကြင္းမွာဆုိ ရလဒ္ေကာင္းမြန္တတ္တာလည္း ေမ့မထားသင့္ပါဘူး။ ဒီပြဲမွာ ဘရုိက္တန္ရဲ႕ကစားအားေၾကာင့္ ခ်ယ္လ္ဆီးတုိ႔အတြက္ ခက္ခဲႏုိင္ပါတယ္။ ဒါေပမယ့္လည္း ဒီပြဲမွာေတာ့ ခက္ခက္ခဲခဲနဲ႔ပဲ ခ်ယ္လ္ဆီးတုိ႔ ႏုိင္ပြဲရယူလိမ့္မယ္လုိ႔ ယူဆမိပါတယ္။

Photo Credit : Getty Images

ေဆာက္သမ္တန္ နဲ႔ စပါး (ည၉နာရီခြဲ)

ေဆာက္သမ္တန္ကေတာ့ ရွုံးပြဲမရွိခဲ႔တာ ၃ပြဲရွိခဲ႔ပါၿပီ။ အခု စပါးနဲ႔မကစားခင္ လန္ဒန္အသင္းေတြျဖစ္တဲ႔ ခ်ယ္လ္ဆီးနဲဲ႔ပဲေလ့စ္တုိ႔ဆီကေန ရမွတ္ေတြရယူထားႏုိင္တာေၾကာင့္ ဒီပြဲက ဧည့္သည္စပါးအတြက္ ခက္ခဲႏုိင္ပါတယ္။ ဒီပြဲမွာ စပါးဘက္က ဆြန္ေဟာင္မင္ မပါႏုိင္ေသးလုိ႔ တုိက္စစ္အားနည္းမႈက ရွိေနဦးမွာျဖစ္သလုိ ခံစစ္ကလည္း လုံးဝအားရစရာမရွိေသးလုိ႔ ဒီပြဲမွာလည္း စပါးတုိ႔ ရမွတ္ဆုံးရွုံးႏုိင္ေျခရွိေနပါတယ္။

Photo Credit : Getty Images

မန္စီးတီး နဲ႔ အဲဗာတန္ (ည၁၂နာရီ)

မန္စီးတီးကေတာ့ အာဆင္နယ္ လက္စတာတုိ႔ကုိ ေက်ာ္ျဖတ္ၿပီးေတာ့မွ ဝုလ္ဗ္ကုိ ရွုံးခဲ႔ရလုိ႔ အရွိန္တန္႔သြားခဲ႔ရေပမယ့္ ေနာက္ဆုံးပြဲမွာ ရွက္ဖီးကုိ ျပန္ႏုိင္ခဲ႔ပါတယ္။ အဲဗာတန္ကေတာ့ အန္စေလာ့တီလက္ေအာက္မွာ ရလဒ္ေတြ ျပန္ေကာင္းေနတယ္ဆုိေပမယ့္ အသင္းရဲ႕ကစားပုံက အရမ္းမေကာင္းႏုိင္ေသးပါဘူး။ ဒီပြဲက ဂြာဒီယုိလာနဲ႔ အန္စေလာ့တီလုိ ကမာၻေက်ာ္နည္းျပႏွစ္ေယာက္ရဲ႕အားၿပိဳင္ပြဲဆုိေပမယ့္ အယ္တီဟတ္မွာေတာ့ မန္စီးတီးပဲ ရမွတ္အျပည့္ရပါလိမ့္မယ္။

Photo Credit : Getty Images

အာဆင္နယ္ နဲ႔ ယူႏုိက္တက္ (မနက္၂နာရီခြဲ)

ဒီပြဲကေတာ့ ဒီတစ္ပတ္အတြက္ အေကာင္းဆုံးပြဲစဥ္ျဖစ္မွာပါ။ လမ္းပတ္ကုိ အေရးနိမ့္ခဲ႔ရတဲ႔ အာတီတာအတြက္ ေနာက္ထပ္ အစမ္းသပ္ခံမယ့္ပြဲမွာေတာ့ ဆုိးလ္ရွားနဲ႔ စီးခ်င္းထိုးရမွာပါ။ အာတီတာလက္ေအာက္မွာ အာဆင္နယ္ကစားပုံက သိသာေကာင္းမြန္လာတယ္ဆုိေပမယ့္ အားနည္းခ်က္တခ်ိဳ႕ကလည္း ရွိေနဆဲပါပဲ။ ယူႏုိက္တက္ကေတာ့ ေနာက္ပုိင္းပြဲေတြမွာ ရလဒ္ေတြ ျပန္ေကာင္းေနသလုိ အသင္းႀကီးေတြနဲ႔ ရင္ဆုိင္ရၿပီဆုိရင္လည္း ရလဒ္အၿမဲေကာင္းတတ္လုိ႔ အာတီတာအတြက္ ဒုတိယေျမာက္ အိမ္ကြင္းပြဲစဥ္က အမွတ္ျပည့္ယူႏုိင္ဖုိ႔ဆုိတာ မလြယ္ပါဘူး။ သေရက်ဖုိ႔ပဲမ်ားပါမယ္။

Photo Credit : Getty Images

လီဗာပူးလ္ နဲ႔ ရွက္ဖီးယူႏုိက္တက္ (မနက္ျဖန္မနက္၂နာရီခြဲ)

လီဗာပူးလ္ကေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကုိ သိမ္းပုိက္ရယူႏုိင္ဖုိ႔ အေျခအေနအေကာင္းဆုံးျဖစ္လုိ႔ေနၿပီး ေနာက္ပုိင္းပြဲေတြမွာလည္း သြင္းဂုိးေတြမ်ားႀကီးရယူဖုိ႔ထက္ ရလဒ္ပုိင္းကုိပဲ အာရုံစုိက္လာခဲ႔ပါတယ္။ ရွက္ဖီးအတြက္ကလည္း မန္စီးတီးအၿပီး လီဗာပူးလ္နဲ႔ ထပ္ရင္ဆုိင္ရမွာဆုိေတာ့ အေဝးကြင္း၂ပြဲဆက္ ရွုံးနိမ့္ရဖုိ႔က ေသခ်ာသေလာက္ ျဖစ္ေနရပါၿပီ။ ဒါေပမယ့္ ရွက္ဖီးရဲ႕ခံစစ္က်စ္လစ္မႈနဲ႔ လီဗာပူးလ္တုိက္စစ္ရဲ႕ကစားအားထိန္းမႈေတြေၾကာင့္ လီဗာပူးလ္အေနနဲ႔ ၂ဂုိးေလာက္ပဲ အမ်ားဆုံးသြင္းယူႏုိင္လိမ့္မယ္လုိ႔ ထင္မိပါတယ္။

(Unicode)

ပရီးမီးယားလိဂ် ပွဲဲစဉ်(၂၁) ကြားရက်ပွဲစဉ်များအပေါ် ပွဲကြိုလေ့လာသုံးသပ်ခြင်း

ဘောလုံးချစ်ပရိသတ်တွေရဲဲ့အားပေးမှုအပြည့်အဝရရှိထားတဲ့ ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲကတော့ ဒီကာလအတွင်းမှာ အခြားလိဂ်တွေလို အားလပ်ရက်မယူပဲနဲ့ ပွဲစဉ်တွေကိုတောင် ခပ်စိတ်စိတ်လေး ကျင်းပနေခဲ့တာကြောင့် အသင်းတိုင်းက တစ်ပတ်မှာ ပွဲစဉ်၂ပွဲကိုလောက် ယှဉ်ပြိုင်နေရပါတယ်။ အခု ၂၀၂၀နှစ်သစ်အဖွင့်ပွဲမှာလည်း ပရီးမီးယားလိဂ်ရဲ့ပွဲစဉ်(၂၁)ကို ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ ၂ရက်ခွဲကျင်းပသွားဦးမှာဖြစ်လို့ ဒီပွဲဲတွေအကြောင်းကို ပွဲကြိုသုံးသပ်ချက်အဖြစ် တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Images

ဘရိုက်တန် နဲ့ ချယ်လ်ဆီး (ညရနာရီ)

လန်ဒန်ဒါဘီပွဲ၂ပွဲမှာ နိုင်ပွဲတွေရယူနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးက အသင်းငယ်တွေနဲ့ ကစားခဲ့ရတဲ့ပွဲတွေမှာ ဆက်တိုက်ရလဒ်တွေ ဆိုးနေတာတော့ သတိထားရပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးက အိမ်ကွင်းမှာထက် အဝေးကွင်းမှာဆို ရလဒ်ကောင်းမွန်တတ်တာလည်း မေ့မထားသင့်ပါဘူး။ ဒီပွဲမှာ ဘရိုက်တန်ရဲ့ကစားအားကြောင့် ချယ်လ်ဆီးတို့အတွက် ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီပွဲမှာတော့ ခက်ခက်ခဲခဲနဲ့ပဲ ချယ်လ်ဆီးတို့ နိုင်ပွဲရယူလိမ့်မယ်လို့ ယူဆမိပါတယ်။

Photo Credit : Getty Images

ဆောက်သမ်တန် နဲ့ စပါး (ည၉နာရီခွဲ)

ဆောက်သမ်တန်ကတော့ ရှုံးပွဲမရှိခဲ့တာ ၃ပွဲရှိခဲ့ပါပြီ။ အခု စပါးနဲ့မကစားခင် လန်ဒန်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီးနဲဲ့ပဲလေ့စ်တို့ဆီကနေ ရမှတ်တွေရယူထားနိုင်တာကြောင့် ဒီပွဲက ဧည့်သည်စပါးအတွက် ခက်ခဲနိုင်ပါတယ်။ ဒီပွဲမှာ စပါးဘက်က ဆွန်ဟောင်မင် မပါနိုင်သေးလို့ တိုက်စစ်အားနည်းမှုက ရှိနေဦးမှာဖြစ်သလို ခံစစ်ကလည်း လုံးဝအားရစရာမရှိသေးလို့ ဒီပွဲမှာလည်း စပါးတို့ ရမှတ်ဆုံးရှုံးနိုင်ခြေရှိနေပါတယ်။

Photo Credit : Getty Images

မန်စီးတီး နဲ့ အဲဗာတန် (ည၁၂နာရီ)

မန်စီးတီးကတော့ အာဆင်နယ် လက်စတာတို့ကို ကျော်ဖြတ်ပြီးတော့မှ ဝုလ်ဗ်ကို ရှုံးခဲ့ရလို့ အရှိန်တန့်သွားခဲ့ရပေမယ့် နောက်ဆုံးပွဲမှာ ရှက်ဖီးကို ပြန်နိုင်ခဲ့ပါတယ်။ အဲဗာတန်ကတော့ အန်စလော့တီလက်အောက်မှာ ရလဒ်တွေ ပြန်ကောင်းနေတယ်ဆိုပေမယ့် အသင်းရဲ့ကစားပုံက အရမ်းမကောင်းနိုင်သေးပါဘူး။ ဒီပွဲက ဂွာဒီယိုလာနဲ့ အန်စလော့တီလို ကမ္ဘာကျော်နည်းပြနှစ်ယောက်ရဲ့အားပြိုင်ပွဲဆိုပေမယ့် အယ်တီဟတ်မှာတော့ မန်စီးတီးပဲ ရမှတ်အပြည့်ရပါလိမ့်မယ်။

Photo Credit : Getty Images

အာဆင်နယ် နဲ့ ယူနိုက်တက် (မနက်၂နာရီခွဲ)

ဒီပွဲကတော့ ဒီတစ်ပတ်အတွက် အကောင်းဆုံးပွဲစဉ်ဖြစ်မှာပါ။ လမ်းပတ်ကို အရေးနိမ့်ခဲ့ရတဲ့ အာတီတာအတွက် နောက်ထပ် အစမ်းသပ်ခံမယ့်ပွဲမှာတော့ ဆိုးလ်ရှားနဲ့ စီးချင်းထိုးရမှာပါ။ အာတီတာလက်အောက်မှာ အာဆင်နယ်ကစားပုံက သိသာကောင်းမွန်လာတယ်ဆိုပေမယ့် အားနည်းချက်တချို့ကလည်း ရှိနေဆဲပါပဲ။ ယူနိုက်တက်ကတော့ နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ပြန်ကောင်းနေသလို အသင်းကြီးတွေနဲ့ ရင်ဆိုင်ရပြီဆိုရင်လည်း ရလဒ်အမြဲကောင်းတတ်လို့ အာတီတာအတွက် ဒုတိယမြောက် အိမ်ကွင်းပွဲစဉ်က အမှတ်ပြည့်ယူနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ သရေကျဖို့ပဲများပါမယ်။

Photo Credit : Getty Images

လီဗာပူးလ် နဲ့ ရှက်ဖီးယူနိုက်တက် (မနက်ဖြန်မနက်၂နာရီခွဲ)

လီဗာပူးလ်ကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို သိမ်းပိုက်ရယူနိုင်ဖို့ အခြေအနေအကောင်းဆုံးဖြစ်လို့နေပြီး နောက်ပိုင်းပွဲတွေမှာလည်း သွင်းဂိုးတွေများကြီးရယူဖို့ထက် ရလဒ်ပိုင်းကိုပဲ အာရုံစိုက်လာခဲ့ပါတယ်။ ရှက်ဖီးအတွက်ကလည်း မန်စီးတီးအပြီး လီဗာပူးလ်နဲ့ ထပ်ရင်ဆိုင်ရမှာဆိုတော့ အဝေးကွင်း၂ပွဲဆက် ရှုံးနိမ့်ရဖို့က သေချာသလောက် ဖြစ်နေရပါပြီ။ ဒါပေမယ့် ရှက်ဖီးရဲ့ခံစစ်ကျစ်လစ်မှုနဲ့ လီဗာပူးလ်တိုက်စစ်ရဲ့ကစားအားထိန်းမှုတွေကြောင့် လီဗာပူးလ်အနေနဲ့ ၂ဂိုးလောက်ပဲ အများဆုံးသွင်းယူနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။