မေန႔ညကေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္(၁၆)ရဲ႕ပြဲႀကီးပြဲေကာင္းေတြျဖစ္တဲ႔ အဲဗာတန္နဲ႔ခ်ယ္လ္ဆီး မန္စီးတီးနဲ႔ယူႏုိက္တက္တုိ႔ရဲ႕ပြဲစဥ္ေတြကုိ က်င္းပခဲ႔ၿပီးတဲ႔ေနာက္ ဒီေန႔ Super Sunday မွာ Big Six အသင္းေတြရဲ႕ပြဲစဥ္ေတြ မပါဝင္ေတာ့ပဲနဲ႔ လက္စတာ ဝုလ္ဗ္တုိ႔ပြဲေတြသာ  ပါဝင္ေတာ့တယ္ဆုိေပမယ့္လည္း ပြဲေတြက တကယ့္ကုိ စိတ္လႈပ္ရွားစရာေကာင္းတဲ႔ပြဲေတြျဖစ္ေနတာမုိ႔ ဒီပြဲေတြအေၾကာင္းကုိ သုံးသပ္တင္ဆက္ေပးသြားခ်င္ပါတယ္ခင္ဗ်ာ။

Photo Credit : Getty Images

ဗီလာ နဲ႔ လက္စတာ

ဗီလာက ရပ္တည္မႈအရသာ ေအာက္နားေရာက္ေနတယ္ဆုိေပမယ့္ ေျခစြမ္းပုိင္းက အထင္ေသးလုိ႔မရသလုိ အိမ္ကြင္းကစားအားလည္း မဆုိးလွပါဘူး။ ဒါေပမယ့္ ဒီည သူတုိ႔ရင္ဆုိင္ရမယ့္အသင္းက လက္စတာျဖစ္ေနတာ ကံဆုိးပါတယ္။ ေနာက္ဆုံးကစားခဲ႔တဲ႔ ၅ပြဲမွာ ရာႏႈန္းျပည့္အႏုိင္ရထားတဲ႔ လက္စတာက အႏုိင္ရသင့္တဲ႔ပြဲတုိင္းမွာ ရမွတ္ကုိ လုံးဝအတိမ္းအေစာင္းမခံပဲ ကစားတတ္တာေၾကာင့္ အိမ္ရွင္တုိ႔ လက္စတာတုိက္စစ္ကုိ ပြဲခ်ိန္ျပည့္ေတာင့္ခံႏုိင္မွာမဟုတ္ပဲ ကပ္ၿပီးအရွုံးေပးရႏုိင္ပါတယ္။

Photo Credit : Getty Images

နယူးကာဆဲလ္ နဲ႔ ေဆာက္သမ္တန္

ေနာက္ပုိင္းပြဲေတြမွာ ရုန္းအားေတြေၾကာင့္ ရလဒ္ေတြပါ တတ္လာၾကတဲ႔ တန္းဆင္းဇုန္းနားက အသင္းႏွစ္သင္းရဲ႕ေတြ႔ဆုံမႈက စိတ္ဝင္စားဖုိ႔ေကာင္းပါတယ္။ ဒါေပမယ့္ မန္္စီးတီးကုိသေရ ရွက္ဖီးကုိ အႏုိင္ကစားထားတဲ႔နယူးကာဆဲလ္ရဲ႕ကစားအားေကာင္းလာမႈက ပုိၿပီးအသိအမွတ္ျပဳခ်င္စရာေကာင္းပါတယ္။ ဒီပြဲကုိ ရလဒ္ေကာင္းလုိက္ရင္ တန္းဆင္းဇုန္နဲ႔ ခပ္လွမ္းလွမ္းကုိေရာက္ႏုိင္တဲ႔ အခြင့္အေရးကုိ နယူးကာဆဲလ္တုိ႔ အေကာင္းဆုံးအသုံးခ်မွာပါ။ ကပ္ႏုိင္မယ္။ ဂုိးနည္းပါမယ္။

Photo Credit : Getty Images

ေနာဝစ္ခ်္ နဲ႔ ရွက္ဖီး

စိတ္ဝင္စားစရာေကာင္းတာက ဒီရာသီမွာ အေဝးကြင္းရွုံးပြဲမရွိေသးတဲ႔ အသင္းထဲမွာ ရွက္ဖီးပါဝင္ေနတာျဖစ္ၿပီးေတာ့ ၆ပြဲအထိ သေရက်ေအာင္ ကစားထားခဲ႔ပါတယ္။ စပါးနဲ႔ ဝုလ္ဗ္လုိ အသင္းေတြကုိပါ အေဝးကြင္းမွာ သေရရေအာင္ ကစားထားႏုိင္တာေတာ့ တကယ့္ကုိ ေလးစားစရာပါ။ ေနာဝစ္ခ်္ကလည္း အိမ္ကြင္းကစားအား အားနည္းလွတဲ႔အသင္းဆုိေပမယ့္ မႏွစ္ကတည္းက ဆုံထားခဲ႔ဖူးတဲ႔ အသင္းေတြျဖစ္လုိ႔ အႀကိတ္အနယ္ရွိမွာ ေသခ်ာပါတယ္။ အိမ္ရွင္တုိ႔ အနိမ့္ဆုံးသေရပါ။

Photo Credit : Getty Images

ဘရုိက္တန္ နဲ႔ ဝုလ္ဗ္

ဘရုိက္တန္က ရွုံးပြဲဆက္မႈေတြကေန အာဆင္နယ္ကုိ အေဝးကြင္းမွာ အႏုိင္ယူၿပီး ယုံၾကည္မႈ ျပန္လည္ရရွိခဲ႔ေပမယ့္ အခု သူတုိ႔ရင္ဆုိင္ရမယ့္အသင္းက ပရီးမီးယားလိဂ္မွာ ၁၀ပြဲေလာက္ ရွုံးပြဲမရွိေအာင္ ကစားထားႏုိင္တဲ႔ ဝုလ္ဗ္ပါ။ ဒါေပမယ့္ ဘရုိက္တန္က ဝုလ္ဗ္နဲ႔ကစားတုိင္းမွာ ရလဒ္ပုိင္း အသာစီးရယူတတ္တဲ႔ သမုိင္းေၾကာင္းေတြလည္းရွိသလုိ အိမ္ကြင္းကစားပုံလည္း သိပ္မဆုိးလွတာေၾကာင့္ ဝုလ္ဗ္တုိ႔ အိမ္ရွင္ဆီကေန သေရသာ ေမွ်ာ္လင့္ႏုိင္ပါလိမ့္မယ္။

(Unicode)

ပရီးမီးယားလိဂ် ပွဲစဉ်(၁၆) Super Sunday ည ပွဲစဉ်များရဲ့ပွဲကြိုလေ့လာသုံးသပ်ချက်များ

မနေ့ညကတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၆)ရဲ့ပွဲကြီးပွဲကောင်းတွေဖြစ်တဲ့ အဲဗာတန်နဲ့ချယ်လ်ဆီး မန်စီးတီးနဲ့ယူနိုက်တက်တို့ရဲ့ပွဲစဉ်တွေကို ကျင်းပခဲ့ပြီးတဲ့နောက် ဒီနေ့ Super Sunday မှာ Big Six အသင်းတွေရဲ့ပွဲစဉ်တွေ မပါဝင်တော့ပဲနဲ့ လက်စတာ ဝုလ်ဗ်တို့ပွဲတွေသာ  ပါဝင်တော့တယ်ဆိုပေမယ့်လည်း ပွဲတွေက တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲတွေဖြစ်နေတာမို့ ဒီပွဲတွေအကြောင်းကို သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Images

ဗီလာ နဲ့ လက်စတာ

ဗီလာက ရပ်တည်မှုအရသာ အောက်နားရောက်နေတယ်ဆိုပေမယ့် ခြေစွမ်းပိုင်းက အထင်သေးလို့မရသလို အိမ်ကွင်းကစားအားလည်း မဆိုးလှပါဘူး။ ဒါပေမယ့် ဒီည သူတို့ရင်ဆိုင်ရမယ့်အသင်းက လက်စတာဖြစ်နေတာ ကံဆိုးပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ပွဲမှာ ရာနှုန်းပြည့်အနိုင်ရထားတဲ့ လက်စတာက အနိုင်ရသင့်တဲ့ပွဲတိုင်းမှာ ရမှတ်ကို လုံးဝအတိမ်းအစောင်းမခံပဲ ကစားတတ်တာကြောင့် အိမ်ရှင်တို့ လက်စတာတိုက်စစ်ကို ပွဲချိန်ပြည့်တောင့်ခံနိုင်မှာမဟုတ်ပဲ ကပ်ပြီးအရှုံးပေးရနိုင်ပါတယ်။

Photo Credit : Getty Images

နယူးကာဆဲလ် နဲ့ ဆောက်သမ်တန်

နောက်ပိုင်းပွဲတွေမှာ ရုန်းအားတွေကြောင့် ရလဒ်တွေပါ တတ်လာကြတဲ့ တန်းဆင်းဇုန်းနားက အသင်းနှစ်သင်းရဲ့တွေ့ဆုံမှုက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမယ့် မန််စီးတီးကိုသရေ ရှက်ဖီးကို အနိုင်ကစားထားတဲ့နယူးကာဆဲလ်ရဲ့ကစားအားကောင်းလာမှုက ပိုပြီးအသိအမှတ်ပြုချင်စရာကောင်းပါတယ်။ ဒီပွဲကို ရလဒ်ကောင်းလိုက်ရင် တန်းဆင်းဇုန်နဲ့ ခပ်လှမ်းလှမ်းကိုရောက်နိုင်တဲ့ အခွင့်အရေးကို နယူးကာဆဲလ်တို့ အကောင်းဆုံးအသုံးချမှာပါ။ ကပ်နိုင်မယ်။ ဂိုးနည်းပါမယ်။

Photo Credit : Getty Images

နောဝစ်ချ် နဲ့ ရှက်ဖီး

စိတ်ဝင်စားစရာကောင်းတာက ဒီရာသီမှာ အဝေးကွင်းရှုံးပွဲမရှိသေးတဲ့ အသင်းထဲမှာ ရှက်ဖီးပါဝင်နေတာဖြစ်ပြီးတော့ ၆ပွဲအထိ သရေကျအောင် ကစားထားခဲ့ပါတယ်။ စပါးနဲ့ ဝုလ်ဗ်လို အသင်းတွေကိုပါ အဝေးကွင်းမှာ သရေရအောင် ကစားထားနိုင်တာတော့ တကယ့်ကို လေးစားစရာပါ။ နောဝစ်ချ်ကလည်း အိမ်ကွင်းကစားအား အားနည်းလှတဲ့အသင်းဆိုပေမယ့် မနှစ်ကတည်းက ဆုံထားခဲ့ဖူးတဲ့ အသင်းတွေဖြစ်လို့ အကြိတ်အနယ်ရှိမှာ သေချာပါတယ်။ အိမ်ရှင်တို့ အနိမ့်ဆုံးသရေပါ။

Photo Credit : Getty Images

ဘရိုက်တန် နဲ့ ဝုလ်ဗ်

ဘရိုက်တန်က ရှုံးပွဲဆက်မှုတွေကနေ အာဆင်နယ်ကို အဝေးကွင်းမှာ အနိုင်ယူပြီး ယုံကြည်မှု ပြန်လည်ရရှိခဲ့ပေမယ့် အခု သူတို့ရင်ဆိုင်ရမယ့်အသင်းက ပရီးမီးယားလိဂ်မှာ ၁၀ပွဲလောက် ရှုံးပွဲမရှိအောင် ကစားထားနိုင်တဲ့ ဝုလ်ဗ်ပါ။ ဒါပေမယ့် ဘရိုက်တန်က ဝုလ်ဗ်နဲ့ကစားတိုင်းမှာ ရလဒ်ပိုင်း အသာစီးရယူတတ်တဲ့ သမိုင်းကြောင်းတွေလည်းရှိသလို အိမ်ကွင်းကစားပုံလည်း သိပ်မဆိုးလှတာကြောင့် ဝုလ်ဗ်တို့ အိမ်ရှင်ဆီကနေ သရေသာ မျှော်လင့်နိုင်ပါလိမ့်မယ်။