မနေ့ညက ကစားသွားခဲ့တဲ့ ဘရိုက်တန်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ လီဗာပူးလ်အသင်းအတွက် တိုက်စစ်ကစားသမားမိုဟာမက်ဆာလာက သွင်းဂိုး(၂)ဂိုး ရယူပေးနိုင်ခဲ့လို့ လီဗာပူးလ်ရဲ့ ပြိုင်ပွဲစုံအဝေးကွင်း(၅)ပွဲဆက်တိုက် သွင်းဂိုးမရပဲ နိုင်ပွဲပျောက်ဆုံးနေမှု အဆုံးသတ်သွားခဲ့တဲ့ သွင်းဂိုးရှင်ဆာလာရဲ့ ဒီရာသီအတွင်း သွင်းယူခဲ့တဲ့ ပရီးမီးယားလိဂ်သွင်းဂိုးဟာလည်း (၁၉)ဂိုးအထိ ရှိလာခဲ့ကာ ထိပ်ဆုံးနေရာက ဗာဒီနဲ့ (၃)ဂိုးသာ ကွာဟလာခဲ့ပါတော့တယ်။

Photo Credit : Sportpanelen

ဒီတစ်ပတ်မှာ အာဆင်နယ်နဲ့ လက်စတာအသင်းတို့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)အဖြစ် ရင်ဆိုင်ကစားခဲ့ကြပြီး (၂)သင်းလုံးရဲ့ အဓိကတိုက်စစ်ကစားသမားတွေဖြစ်သော အူဘာမီယန်းရော ဗာဒီတို့ပါ (၁)ဂိုးစီ သွင်းယူနိုင်ခဲ့ကြလို့ ဗာဒီရဲ့ ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုးက (၂၂)ဂိုးအထိ ရှိလာခဲ့သလို အူဘာမီယန်းကတော့ ဂိုး(၂၀) ရှိလာခဲ့ပါတယ်။ ဒီတိုက်စစ်မှူး(၂)ယောက်ပဲ ဒီရာသီရဲ့ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးဆုကို ပြိုင်ဆိုင်ရတော့မယ်လို့ ထင်ထားခဲ့ရပေမယ့် (၂)နှစ်ဆက်တိုက် ရွှေဖိနပ်ဆုရှင်ဖြစ်ထားတဲ့ ဆာလာက ဘရိုက်တန်နဲ့ပွဲမှာ သွင်းဂိုး(၂)ဂိုးရခဲ့လို့ သူရဲ့သွင်းဂိုးမှာ(၁၉)ဂိုးအထိ ရှိလာခဲ့ပြီး ပြိုင်ပွဲနောက်ဆုံးချိန်ထိကို ဘယ်သူ Winner ဖြစ်မလဲဆိုတာ စောင့်ကြည့်ရတော့မယ့် အနေအထားဖြစ်လာခဲ့ပါတယ်။

Photo Credit : Football.London

တိုက်စစ်မှူးဗာဒီရဲ့ လက်စတာအသင်းအနေနဲ့ လက်ကျန်ပွဲစဉ်(၄)ပွဲအတွင်းမှာ ဘုန်းမောက် ရှက်ဖီးယူနိုက်တက် စပါး ယူနိုက်တက်အသင်းတို့နဲ့ ရင်ဆိုင်ကစားရဦးမှာဖြစ်သလို အူဘာမီယန်းရဲ့ အာဆင်နယ်ကတော့ စပါး လီဗာပူးလ် အက်စတွန်ဗီလာ ဝက်ဖိုဒ့်အသင်းတို့နဲ့ ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ ဆာလာရဲ့လီဗာပူးလ်အသင်းကတော့ ဘန်လေ လီဗာပူးလ် ချယ်လ်ဆီး နယူးကာဆဲလ်အသင်းတို့နဲ့ ကစားရမှာဖြစ်ပြီး အသင်းတိုင်းက ပွဲကျပ်(၂)ပွဲနဲ့ ပွဲချောင်(၂)စီကို ကစားကြရမှာဖြစ်လို့ တိုက်စစ်မှူး(၃)ယောက်လုံးမှာ အခွင့်အရေးရှိနေပြီး ဂိုးအရေအတွက် ပိုသာနေတဲ့ဗာဒီကတော့ Golden Boost ကို သိမ်းပိုက်ဖို့ အခြေအနေပိုကောင်းနေပါတယ်။ ဒီတိုက်စစ်မှူး(၃)ယောက်လုံးကလည်း နောက်ပိုင်းပွဲတွေမှာ သွင်းဂိုးတွေ ဆက်တိုက်သွင်းယူလာနိုင်ခဲ့တာကြောင့် ရွှေဖိနပ်ဆုအတွက် တိုက်ပွဲက ပိုမိုပြင်းထန်လာခဲ့ရကာ ရွှေဖိနပ်ဆုကို (၂)နှစ်ဆက်တိုက် ပိုင်ဆိုင်ထားတဲ့ ဆာလာကလည်း သူရဲ့အသင်းက ချန်ပီယံသရဖူကို ရယူထားနိုင်ခဲ့ပြီဖြစ်လို့ ဖိအားကင်းကင်းနဲ့ ကစားနိုင်မှာဖြစ်ပြီး သူရဲ့အဓိကပြိုင်ဘက်ဖြစ်နေတဲ့ အူဘာမီယန်းရဲ့ အာဆင်နယ်အသင်းနဲ့ ဆုံတွေ့ရမယ့်ပွဲစဉ်ကတော့ အတော်လေးကို စိတ်ဝင်စားစရာကောင်းမှာ သေချာနေပါတယ်ခင်ဗျာ။