အင်္ဂလန်မှာရှိတဲ့ ဘောလုံးပရိသတ်တွေ အနေနဲ့ လော့ဒေါင်း ပြီးဆုံးရာအချိန်ဖြစ်တဲ့ ဒီဇင်ဘာလ အစပိုင်းလောက်မှာ ဘောလုံးကွင်း‌တွေထဲကို ပြန်ဝင်ရောက်ပြီး မိမိ ချစ်တဲ့ အသင်းကို အားပေးနိုင်တော့မယ်လို့ သိရပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်ကိုတော့ တနင်္လာ‌နေ့က အင်္ဂလန်ဝန်ကြီးချုပ် ဘိုရစ်ဂျွန်ဆင်က ကြေညာခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ်ဗိုင်းရပ်စ် တစ်ကမ္ဘာလုံးကို ပျံ့နှံ့လာတာကြောင့် စည်းမျည်းစည်းကမ်း အသစ်တွေ ထုတ်ပြန်ခဲ့ပြီးတော့ ဘောလုံးကွင်းတွေထဲမှာ ပရိသတ်မပါပဲ ကစားခဲ့ရတာ မတ်လ ကတည်းက ဖြစ်ကာ အဆိုပါ ကန့်သတ်ချက်တွေကို လော့ဒေါင်းပြီးဆုံးရာ အချိန်ကာလ ဖြစ်တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဖြေလျှော့ သွားပေးဖို့ ရှိနေပါတယ်။

Photo Credit: Express

ပြီးခဲ့တဲ့ အပတ်လောက်က ယဉ်ကျေးမှုဝန်ကြီးဌာန၊ မီဒီယာဌာန နဲ့ အားကစားဝန်ကြီးဌာန တို့က အင်္ဂလန်ရဲ့ ဒုတိယအကြိမ်မြောက် လော့ဒေါင်းပြီးဆုံးတဲ့ အချိန် ကျရင် ဘောလုံးကွင်းထဲကို ပရိသတ်တွေ ဝင်ရောက် အားပေးနိုင်ဖို့ အတွက် ထိပ်တိုက်ဆွေးနွေးပြီး အစီစဉ်တွေ ဆွဲခဲ့ကြပါတယ်။ အဆိုပါ အစီအစဉ်တွေအရ ကွင်းထဲကို ပရိသတ်အများဆုံး အယောက် ၄၀၀၀ အထိ ဝင်ရောက်အားပေးနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ကွင်းအသေး တွေအတွက်ကတော့ ကွင်းအတွင်း ဝင်ဆံ့နိုင်တဲ့ ပမာဏ ရဲ့ တစ်ဝက်လောက်ကို ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ အစိုးရ အနေနဲ့ ထိုကဲ့သို့ ခွင့်ပြုပေးရာမာ အဆင့် ၃ ဆင့် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ပထမ အဆင့်ကတော့ ကိုဗစ် ၁၉ ကူစက်မှုနှုန်းနည်းတဲ့ နေရာဒေသတွေမှာ ဒီဇင်ဘာလ ၂ ရက်နေ့က စတင်ပြီး ဝင်ရောက်ကြည့်ရှုသူ အရေအတွက် ကို အများဆုံး အယောက် ၄၀၀၀ အထိ သတ်မှတ်ပေးထားမှာ ဖြစ်ပါတယ်။

Photo Credit: Express

‌‌ဒုတိယ အဆင့်အနေနဲ့ကတော့ ပရိသတ်‌အရေအတွက် အယောက် ၂၀၀၀ ဒါမှမဟုတ် ကွင်းတစ်ဝက် သတ်မှတ်ပေးမှာ ဖြစ်ကာ တတိယ အဆင့်အနေနဲ့ကတော့ ပရိသတ်တွေ ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားအုန်းမှာ ဖြစ်ပါတယ်။ လန်ဒန်မှာ ရှိတဲ့ ဘောလုံးကွင်းတွေက အဆင့် ၁ ထဲမှာ ပါဝင်နေတယ်လို့လည်း သိရပါတယ်။ မကြာသေးမီက ပရိသတ်တွေ ကွင်းထဲကို ပြန်လည်ဝင်ရောက်ကာ ကြည့်ရှုဖို့ သတ်မှတ်ချက်ဟာ ကွင်းရဲ့ ပရိသတ်ဝင်ဆံ့နိုင်မှု ပမာဏ ရာခိုင်နှုန်း အပေါ်မူတည်ပြီး ခွင့်ပြုပေးသွားမယ်လို့ အားလုံးက ထင်ခဲ့ကြပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ ပရိသတ်အရေအတွက် ကို ကန့်သတ်ထားတဲ့ ပုံစံမျိုးနဲ့ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ မတ်လက စတင်ပြီး ပရိသတ် အားပေးလို့ မရတော့တာကြောင့် အားကစားလောကမှာ ငွေကြေးပိုင်းဆိုင်ရာ အတော်လေး အခက်ကြုံခဲ့ရပါတယ်။ ရုပ်ရှင်ရုံတွေနဲ့ ပြဇာတ်ရုံတွေကိုတော့ အပြည့်အဝ ဖွင့်လှစ်ခဲ့တာ ကြာပေမယ့် အားကစားလောက ကတော့ အခုချိန်ထိတိုင် ပိတ်ထားဆဲ ဖြစ်ပါတယ်။