ပရီးမီးယားလိဂ္ရဲ႕ဒီဇင္ဘာပြဲက်ပ္ကာလေတြကေတာ့ စတင္လုိ႔ေနပါၿပီ။ မေန႔ညကပဲ ပဲေလ့စ္နဲ႔ဘုန္းေမာက္ ဘန္ေလနဲ႔မန္စီးတီးအသင္းတုိ႔ရဲ႕ ပြဲစဥ္ေတြကုိ က်င္းပခဲ႔ၿပီးၿပီျဖစ္လုိ႔ ဒီညမွာလည္း ပရီးမီးယားလိဂ္ပြဲစဥ္(၁၅)ပြဲစဥ္ေတြထဲမွ ေနာက္ထပ္ပြဲေပါင္း၆ပြဲကုိ ဆက္လက္ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။ ဒီညကစားမယ့္ပြဲစဥ္ေတြထဲမွာ စပါး ခ်ယ္လ္ဆီး လီဗာပူးလ္ မန္ခ်က္စတာယူႏုိက္တက္ လက္စတာအသင္းေတြရဲ႕ ပြဲစဥ္ေတြပါဝင္ေနတာျဖစ္လုိ႔ ဒီအသင္းေတြရဲ႕ပြဲေတြအေၾကာင္း ပြဲႀကိဳသုံးသပ္ခ်က္အျဖစ္ တင္ဆက္ေပးသြားခ်င္ပါတယ္။

Photo Credit : Getty Images

လက္စတာ နဲ႔ ဝက္ဖုိဒ့္ (မနက္၂နာရီ)

နည္းျပဖေလာရက္စ္နဲ႔ပါ ထပ္မံလမ္းခြဲလုိက္ရတဲ႔ ဝက္ဖုိဒ့္အတြက္ကေတာ့ လက္စတာက အိမ္မက္ဆုိးတစ္ခု ျဖစ္ေနဦးမွာပါ။ လက္စတာရဲ႕ႏုိင္ပြဲဆက္ေနမႈကုိ ဝက္ဖုိဒ့္ဘက္ကေန ဟန္႔တားႏုိင္ဖုိ႔က ဘယ္လုိမွမျဖစ္ႏုိင္ပါဘူး။ ဥေရာပဝင္ခြင့္အတြက္ ဒီလုိပြဲမ်ိဳးမွာက လက္စတာတုိ႔ မျဖစ္မေန ၃မွတ္အျပည့္ ရရွိထားသင့္ပါတယ္။ ဒါေပမယ့္ ပြဲဆက္ေတြ မ်ားျပားေနမယ့္ ကာလေရာက္ေတာ့မွာျဖစ္လုိ႔ ႏုိင္ရုံေလာက္ပဲ ကစားမယ္လုိ႔ ထင္မိပါတယ္။

Photo Credit : Getty Images

ယူႏုိက္တက္ နဲ႔ စပါး (မနက္၂နာရီ)

အုိးထရက္ဖုိဒ့္ကြင္းထဲကုိ ၿပိဳင္ဘက္တစ္ေယာက္အျဖစ္နဲ႔ ျပန္လည္ေရာက္လာေတာ့မယ့္ ေမာ္ရင္ဟုိကေတာ့ သူရဲ႕စပါးအသင္းအတြက္ ၿပိဳင္ပြဲစုံ၃ပြဲဆက္ ရာႏႈန္းျပည့္အႏုိင္ရေအာင္ စြမ္းေဆာင္ထားခ်ိန္မွာ ယူႏုိက္တက္ကေတာ့ ၿပိဳင္ပြဲစုံ၃ပြဲဆက္ ႏုိင္ပြဲေပ်ာက္လုိ႔ေနပါတယ္။ လက္ရွိေျခစြမ္းအရ ခံစစ္စြမ္းရည္ မေကာင္းတာျခင္း တူညီေနေပမယ့္ တုိက္စစ္ပုိင္းမွာေတာ့ စပါးသာပါတယ္။ ဂုိးမ်ားႏုိင္တဲ႔ပြဲျဖစ္ၿပီးေတာ့ ဧည့္သည္စပါးက ရလဒ္ေကာင္းႏုိင္ပါတယ္။

Photo Credit : Getty Images

ခ်ယ္လ္ဆီး နဲ႔ ဗီလာ (မနက္၂နာရီ)

ခ်ယ္လ္ဆီးအေနနဲ႔ ဒီပြဲသာ ထပ္ၿပီးေျခေခ်ာ္ဦးမယ္ဆုိရင္ အဆင့္၄ေနရာအတြက္ စုိးရိမ္စရာ ျဖစ္လာႏုိင္ပါတယ္။ ဗီလာကလည္း မန္စီးတီး လီဗာပူးလ္ ဝုလ္ဗ္တုိ႔ကုိ အေရးနိမ့္ၿပီးေနာက္မွာ ၂ပြဲဆက္ ရွုံးပြဲမရွိထားပဲ ယူနုိက္တက္ကုိ သေရခံကစားႏုိင္ခဲ႔ပါတယ္။ အေရးႀကီးတာကေတာ့ ခ်ယ္လ္ဆီးနည္းျပလမ္းပတ္အေနနဲ႔ ဒီပြဲမွာ ဝက္စ္ဟမ္းနဲ႔ပြဲကလုိ ပြဲထြက္ကစားသမားကုိ အလြဲလြဲေတြ မသုံးလာဖုိ႔ပါပဲ။ ေအဘရာဟမ္ ျပန္ကစားဖုိ႔ မေသခ်ာေသးေပမယ့္ အိမ္ရွင္အတြက္ အနိမ့္ဆုံးသေရပါ။

Photo Credit : Getty Images

လီဗာပူးလ္ နဲ႔ အဲဗာတန္

မာေဆးဆုိဒ္ဒါဘီျဖစ္ၿပီး အဲဗာတန္ေျခခ်ေနခ်ိန္မွာေတာင္ ဒီႏွစ္သင္းထိပ္တုိက္ေတြ႔ၿပီဆုိတာနဲ႔ အျပန္အလွန္ အႀကိတ္အနယ္ကစားၿပီး လီဗာပူးလ္ကုိလည္း အခက္ေတြေအာင္ ကစားႏုိင္ခဲ႔ပါတယ္။ ဒါေပမယ့္ လက္ရွိမွာ အဲဗာတန္က အေတာ္ေလး အေျခအေနဆုိးေနရၿပီး ေျခစြမ္းပုိင္းမတည္ၿငိမ္ႏုိင္မႈေတြေၾကာင့္ လီဗာပူးလ္ကုိ တုန္႔ျပန္ကစားႏုိင္ဖုိ႔က ခက္ခဲလြန္းပါတယ္။ ဒီေတာ့ အန္ဖီးလ္မွာ လီဗာပူးလ္တုိ႔ပဲ ႏုိင္ပြဲရပါလိမ့္မယ္။ ႏွစ္သင္းေပါင္းလည္း ဂုိးလည္းမ်ားႏုိင္ပါတယ္။

(Unicode)

ပရီးမီးယားလိဂ် ပွဲစဉ်(၁၅) ဗုဒ္ဓဟူးည ပွဲများထဲကမှ စိတ်ဝင်စားစဖွယ်ပွဲများကို သုံးသပ်လေ့လာခြင်း

ပရီးမီးယားလိဂ်ရဲ့ဒီဇင်ဘာပွဲကျပ်ကာလတွေကတော့ စတင်လို့နေပါပြီ။ မနေ့ညကပဲ ပဲလေ့စ်နဲ့ဘုန်းမောက် ဘန်လေနဲ့မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်တွေကို ကျင်းပခဲ့ပြီးပြီဖြစ်လို့ ဒီညမှာလည်း ပရီးမီးယားလိဂ်ပွဲစဉ်(၁၅)ပွဲစဉ်တွေထဲမှ နောက်ထပ်ပွဲပေါင်း၆ပွဲကို ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ဒီညကစားမယ့်ပွဲစဉ်တွေထဲမှာ စပါး ချယ်လ်ဆီး လီဗာပူးလ် မန်ချက်စတာယူနိုက်တက် လက်စတာအသင်းတွေရဲ့ ပွဲစဉ်တွေပါဝင်နေတာဖြစ်လို့ ဒီအသင်းတွေရဲ့ပွဲတွေအကြောင်း ပွဲကြိုသုံးသပ်ချက်အဖြစ် တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit : Getty Images

လက်စတာ နဲ့ ဝက်ဖိုဒ့် (မနက်၂နာရီ)

နည်းပြဖလောရက်စ်နဲ့ပါ ထပ်မံလမ်းခွဲလိုက်ရတဲ့ ဝက်ဖိုဒ့်အတွက်ကတော့ လက်စတာက အိမ်မက်ဆိုးတစ်ခု ဖြစ်နေဦးမှာပါ။ လက်စတာရဲ့နိုင်ပွဲဆက်နေမှုကို ဝက်ဖိုဒ့်ဘက်ကနေ ဟန့်တားနိုင်ဖို့က ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဥရောပဝင်ခွင့်အတွက် ဒီလိုပွဲမျိုးမှာက လက်စတာတို့ မဖြစ်မနေ ၃မှတ်အပြည့် ရရှိထားသင့်ပါတယ်။ ဒါပေမယ့် ပွဲဆက်တွေ များပြားနေမယ့် ကာလရောက်တော့မှာဖြစ်လို့ နိုင်ရုံလောက်ပဲ ကစားမယ်လို့ ထင်မိပါတယ်။

Photo Credit : Getty Images

 

ယူနိုက်တက် နဲ့ စပါး (မနက်၂နာရီ)

အိုးထရက်ဖိုဒ့်ကွင်းထဲကို ပြိုင်ဘက်တစ်ယောက်အဖြစ်နဲ့ ပြန်လည်ရောက်လာတော့မယ့် မော်ရင်ဟိုကတော့ သူရဲ့စပါးအသင်းအတွက် ပြိုင်ပွဲစုံ၃ပွဲဆက် ရာနှုန်းပြည့်အနိုင်ရအောင် စွမ်းဆောင်ထားချိန်မှာ ယူနိုက်တက်ကတော့ ပြိုင်ပွဲစုံ၃ပွဲဆက် နိုင်ပွဲပျောက်လို့နေပါတယ်။ လက်ရှိခြေစွမ်းအရ ခံစစ်စွမ်းရည် မကောင်းတာခြင်း တူညီနေပေမယ့် တိုက်စစ်ပိုင်းမှာတော့ စပါးသာပါတယ်။ ဂိုးများနိုင်တဲ့ပွဲဖြစ်ပြီးတော့ ဧည့်သည်စပါးက ရလဒ်ကောင်းနိုင်ပါတယ်။

Photo Credit : Getty Images

ချယ်လ်ဆီး နဲ့ ဗီလာ (မနက်၂နာရီ)

ချယ်လ်ဆီးအနေနဲ့ ဒီပွဲသာ ထပ်ပြီးခြေချော်ဦးမယ်ဆိုရင် အဆင့်၄နေရာအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ ဗီလာကလည်း မန်စီးတီး လီဗာပူးလ် ဝုလ်ဗ်တို့ကို အရေးနိမ့်ပြီးနောက်မှာ ၂ပွဲဆက် ရှုံးပွဲမရှိထားပဲ ယူနိုက်တက်ကို သရေခံကစားနိုင်ခဲ့ပါတယ်။ အရေးကြီးတာကတော့ ချယ်လ်ဆီးနည်းပြလမ်းပတ်အနေနဲ့ ဒီပွဲမှာ ဝက်စ်ဟမ်းနဲ့ပွဲကလို ပွဲထွက်ကစားသမားကို အလွဲလွဲတွေ မသုံးလာဖို့ပါပဲ။ အေဘရာဟမ် ပြန်ကစားဖို့ မသေချာသေးပေမယ့် အိမ်ရှင်အတွက် အနိမ့်ဆုံးသရေပါ။

Photo Credit : Getty Images

လီဗာပူးလ် နဲ့ အဲဗာတန်

မာဆေးဆိုဒ်ဒါဘီဖြစ်ပြီး အဲဗာတန်ခြေချနေချိန်မှာတောင် ဒီနှစ်သင်းထိပ်တိုက်တွေ့ပြီဆိုတာနဲ့ အပြန်အလှန် အကြိတ်အနယ်ကစားပြီး လီဗာပူးလ်ကိုလည်း အခက်တွေအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာ အဲဗာတန်က အတော်လေး အခြေအနေဆိုးနေရပြီး ခြေစွမ်းပိုင်းမတည်ငြိမ်နိုင်မှုတွေကြောင့် လီဗာပူးလ်ကို တုန့်ပြန်ကစားနိုင်ဖို့က ခက်ခဲလွန်းပါတယ်။ ဒီတော့ အန်ဖီးလ်မှာ လီဗာပူးလ်တို့ပဲ နိုင်ပွဲရပါလိမ့်မယ်။ နှစ်သင်းပေါင်းလည်း ဂိုးလည်းများနိုင်ပါတယ်။