ႏွစ္သစ္ကုိ ေျခခ်လာတာနဲ႔ အမွ် ေဘာလုံး ၿပိဳင္ပဲြေတြက ပုိၿပီး ျပင္းထန္လာပါတယ္။ ျပည္တြင္း အမွတ္ေပး ျပိဳင္ပဲြေတြ ျပန္စလာတာနဲ႔ အညီ ခ်န္ပီယံလိဂ္ နဲ႔ ယူရုိပါလိဂ္ ရႈံးထြက္ ပဲြစဥ္ေတြဟာ ျပန္အသက္ဝင္လာပါတယ္။ သိၾကတဲ့ အတုိင္းပဲ၊ မႏွစ္က ရာသီမွာ ခ်န္ပီယံလိဂ္ နဲ႔ ယူရုိပါလိဂ္ ႏွစ္ခုစလုံးကုိ ပရီးမီးယားလိဂ္ အသင္းေတြ ရရွိခဲ့ၿပီး ဒီႏွစ္လည္း ထပ္ရႏုိင္ေခ် မ်ားေနပါတယ္။

Photo Credit: Sportskeeda

ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ခ်ဲလ္ဆီးအသင္းက အာဆင္နယ္အသင္းကုိ အႏိုင္ရၿပီး ယူူရုိပါလိဂ္ ရရွိခဲ့သလုိ၊ လီဗာပူးလ္အသင္းက စပါးအသင္းကို အႏုိင္ယူၿပီး ခ်န္ပီယံလိဂ္ ရယူႏုိင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္က ဥေရာပ ၿပိဳင္ပဲြ ဗုိလ္လုပြဲကုိ ပရီးမီးယားလိဂ္ အသင္းေတြသာ တက္ေရာက္ခဲ့ၿပီး ယူရုိပါလိဂ္ ဖလား နဲ႔ ခ်န္ပီယံလိဂ္ ဖလားတုိ႔ကုိလည္း ထိုက္တန္စြာ ရယူခဲ့ၾကတာ ျဖစ္ပါတယ္။

Photo Credit: Sportskeeda

လက္ရွိ ရာသီမွာလည္း ပရီးမီးယားလိဂ္ အသင္းေတြဟာ ခ်န္ပီယံလိဂ္ နဲ႔ ယူူရုိပါလိဂ္ ၿပိဳင္ပဲြကုိ ျပန္လည္ လြမ္းမုိးႏုိင္ေခ် ရွိၿပီး ဥေရာပ ဆုဖလားေတြကုိ သိမ္းပုိက္ႏုိင္ေခ် အလြန္ မ်ားပါတယ္။ အေၾကာင္းရင္းမ်ားစြာထဲက တစ္ခုမွာ အျခားလိဂ္က ထိပ္သီးအသင္းေတြ ျဖစ္တဲ့ ဘာစီလုိနာ၊ ရီးရဲလ္၊ အက္သလက္တီကုိ၊ ဘုိင္ယန္တုိ႔က လက္ရွိမွာ ေျခစြမ္းအက်ပုိင္း ေရာက္ေနပါတယ္။

Photo Credit: Sportskeeda

မန္စီးတီး နဲ႔ လီဗာပူးလ္ဟာ ခ်န္ပီယံလိဂ္ ရႈံးထြက္ အဆင့္ကုိ အုပ္စုဗုိလ္ နဲ႔ တက္လာခဲ့ၿပီး စပါး နဲ႔ ခ်ဲလ္ဆီးက အုပ္စု ဒုတိယနဲ႔ ခ်န္ပီယံလိဂ္ ရႈံးထြက္အဆင့္ကုိ တက္လွမ္းလာတာ ျဖစ္ပါတယ္။ အာဆင္နယ္ နဲ႔ မန္ယူအသင္းက ယူရုိပါလိဂ္ ၿပိဳင္ပဲြမွာ ကစားေနရၿပီး ပရီးမီးယားလိဂ္ ႀကီး (၆) ႀကီး စလုံးက လက္ရွိမွာ ေျချပန္မွန္လာလုိ႔ ေလွ်ာ့တြက္လုိ႔ မရေတာ့တဲ့ အေျခအေန ျဖစ္ပါတယ္။

{Unicode}

နှစ်သစ်ကို ခြေချလာတာနဲ့ အမျှ ဘောလုံး ပြိုင်ပွဲတွေက ပိုပြီး ပြင်းထန်လာပါတယ်။ ပြည်တွင်း အမှတ်ပေး ပြိုင်ပွဲတွေ ပြန်စလာတာနဲ့ အညီ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် ရှုံးထွက် ပွဲစဉ်တွေဟာ ပြန်အသက်ဝင်လာပါတယ်။ သိကြတဲ့ အတိုင်းပဲ၊ မနှစ်က ရာသီမှာ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် နှစ်ခုစလုံးကို ပရီးမီးယားလိဂ် အသင်းတွေ ရရှိခဲ့ပြီး ဒီနှစ်လည်း ထပ်ရနိုင်ချေ များနေပါတယ်။

Photo Credit: Sportskeeda

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းက အာဆင်နယ်အသင်းကို အနိုင်ရပြီး ယူူရိုပါလိဂ် ရရှိခဲ့သလို၊ လီဗာပူးလ်အသင်းက စပါးအသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ် ရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်က ဥရောပ ပြိုင်ပွဲ ဗိုလ်လုပွဲကို ပရီးမီးယားလိဂ် အသင်းတွေသာ တက်ရောက်ခဲ့ပြီး ယူရိုပါလိဂ် ဖလား နဲ့ ချန်ပီယံလိဂ် ဖလားတို့ကိုလည်း ထိုက်တန်စွာ ရယူခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit: Sportskeeda

လက်ရှိ ရာသီမှာလည်း ပရီးမီးယားလိဂ် အသင်းတွေဟာ ချန်ပီယံလိဂ် နဲ့ ယူူရိုပါလိဂ် ပြိုင်ပွဲကို ပြန်လည် လွမ်းမိုးနိုင်ချေ ရှိပြီး ဥရောပ ဆုဖလားတွေကို သိမ်းပိုက်နိုင်ချေ အလွန် များပါတယ်။ အကြောင်းရင်းများစွာထဲက တစ်ခုမှာ အခြားလိဂ်က ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ဘာစီလိုနာ၊ ရီးရဲလ်၊ အက်သလက်တီကို၊ ဘိုင်ယန်တို့က လက်ရှိမှာ ခြေစွမ်းအကျပိုင်း ရောက်နေပါတယ်။

Photo Credit: Sportskeeda

မန်စီးတီး နဲ့ လီဗာပူးလ်ဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို အုပ်စုဗိုလ် နဲ့ တက်လာခဲ့ပြီး စပါး နဲ့ ချဲလ်ဆီးက အုပ်စု ဒုတိယနဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်လှမ်းလာတာ ဖြစ်ပါတယ်။ အာဆင်နယ် နဲ့ မန်ယူအသင်းက ယူရိုပါလိဂ် ပြိုင်ပွဲမှာ ကစားနေရပြီး ပရီးမီးယားလိဂ် ကြီး (၆) ကြီး စလုံးက လက်ရှိမှာ ခြေပြန်မှန်လာလို့ လျှော့တွက်လို့ မရတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။