ပရီးမီးယားလိဂ် အသင်းတွေကတော့ လာမယ့် ပရီးမီးယားလိဂ် ရာသီသစ်ကနေ စပြီး အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လက်ရှိ ကျင့်သုံးနေရတဲ့ လူစားလဲမှု (၅) ကြိမ်ကို ဆက်မကျင့်သုံးဖို့ တောင်းဆိုသွားခဲ့ပြီး ရာသီသစ်မှာ VAR ရဲ့ စည်းမျဉ်းကိုလည်း ပြင်ဆင်သွားဖွယ် ရှိနေပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် (၃) လကြာ ရပ်နားခဲ့ရပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇွန်လ (၁၇) ရက်နေ့မှာ ပြိုင်ပွဲ ပြန်လည် စတင်ခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲ ပြန်စတဲ့ အချိန်မှာ လူစားလဲမှု (၅) ကြိမ် နဲ့ တစ်ပိုင်းစီမှာ ရေသောက်အနားယူချိန်ကို ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ပရီးမီးယားလိဂ် ကစားသမားတွေဟာ လက်ရှိမှာလည်း တစ်ပတ်မှာ တစ်ကြိမ် ကိုရိုနာ ဗိုင်းရပ် ရောဂါ ဆေးစစ်မှု ပြုလုပ်နေကြတာ ဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ်ကိုလည်း အိမ်ကွင်းအသင်းရဲ့ ပရိသတ်တွေရော ဧည့်သည်အသင်းရဲ့ ပရိသတ်တွေရော မပါဘဲ ကွင်းပိတ် ကစားနေရပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ကိုရိုနာ ဗိုင်းရပ် မဖြစ်ခင် ပရီးမီးယားလိဂ် ပွဲစဉ် (၁) ပွဲမှာ လူစားလဲမှု (၃) ကြိမ်သာ ပြုလုပ်နိုင်တာ ဖြစ်ပြီး အရင်ကတော့ ပွဲစဉ် တစ်ပွဲရဲ့ ပထမပိုင်း နဲ့ ဒုတိယပိုင်းမှာ ရေသောက် အနားယူချိန်မရှိဘဲ တစ်ပိုင်းစီမှာ (၄၅) မိနစ် အပြည့် ကစားခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit: Goal

နိုင်ငံတကာ ဘောလုံး အဖွဲ့ချုပ် ဘုတ်အဖွဲ့ (IFAB) က လာမယ့် (၂၀၂၁) ခုနှစ်မှာလည်း လက်ရှိကျင့်သုံးနေတဲ့ လူစားလဲမှု (၅) ကြိမ်ကို ဆက်လက် ကျင့်သုံးဖို့ ခွင့်ပြုသွားမယ်လို့ ထုတ်ပြန်တဲ့ အချိန်မှာ ပရီးမီးယားလိဂ်အသင်းတွေရော ပရိသတ်တွေရော အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ လီဗာပူးလ်အသင်းရဲ့ ဂန္တဝင် ကစားသမား ဂျေမီ ကာရောဂါက “ဒီကိစ္စက လုံးဝ အဓိပ္ပါယ်မရှိဘူး၊ ပရီးမီးယားလိဂ် ပြိုင်ပွဲက လူစားလဲမှု (၃) ကြိမ်ကိုပဲ ကျင့်သုံးသင့်တယ်”လို့ ဝေဖန်ခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် အသင်းတွေကလည်း လူစားလဲမှု (၅) ကြိမ်ကို မကျင့်သုံးဖို့ တောင်းဆိုခဲ့ပါတယ်။ ပရီးမီးယားလိဂ် အဖွဲ့ချုပ်က လာမယ့် စက်တင်ဘာလ (၁၂) ရက်နေ့၊ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပြန်လည် စတဲ့ အချိန်မှာ လူစားလဲမှု (၅) ကြိမ်က အပြောင်းအလဲ ဖြစ်လာနိုင်ချေ ရှိပြီး VAR ရဲ့ စည်းမျဉ်းလည်း ပြောင်းလဲနိုင်ချေရှိတယ်လို့ တရားဝင် စာစောင် ထုတ်ပြန်သွားတာ ဖြစ်ပါတယ်။