ပရီးမီးယားလိဂ် ပြိုင်ပွဲက အက်စတွန်ဗီလာအသင်း၊ ဘရိုက်တန်အသင်းနဲ့ ချန်ပီယံရှစ် ပြိုင်ပွဲက ဖူဟမ်အသင်းတို့ဟာ အိမ်ရာမဲ့တွေအတွက် အစားအစာတွေကို လှူသွားခဲ့ကြတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အသင်း (၂) သင်း ဖြစ်တဲ့ အက်စတွန်ဗီလာအသင်း နဲ့ ဘရိုက်တန်အသင်းဟာ အိမ်ရာမဲ့တွေအတွက် အစားအစာ “၁၀၀၀” ကျော်အထိကို လှူဒါန်းသွားခဲ့ကြတာ ဖြစ်ပါတယ်။ ချန်ပီယံရှစ် ပြိုင်ပွဲက ဖူဟမ်အသင်းကတော့ အက်စတွန်ဗီလာအသင်း နဲ့ ဘရိုက်တန်အသင်းတို့လို အများကြီး မလှူနိုင်ခဲ့ပေမဲ့လည်း အစားအစာ “၅၀၀”ကျော်ကို လှူဒန်းခဲ့ကြတာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဖူဟမ်အသင်းဟာ ယခုအပတ်မှာ ချန်ပီယံလိဂ် ပွဲစဉ် အဖြစ် ဘရန့်ဖို့ဒ်အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပေမဲ့လည်း ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ချန်ပီယံရှစ် ပွဲစဉ်ကို ရပ်နားခဲ့တာ ဖြစ်ပါတယ်။ ဖူဟမ်အသင်းဟာ ချန်ပီယံရှစ် ပွဲစဉ် (၃၇) ပွဲ ကစားပြီးတဲ့ အချိန်မှာ (၁၈) ပွဲနိုင်၊ (၁၀) ပွဲသရေ နဲ့ (၉) ပွဲ ရှုံးနိမ့်ခဲ့တာကြောင့် ရမှတ် (၆၄) မှတ် ရရှိထားပြီး အဆင့် (၃) မှာ ရပ်တည်လျက်ပါပဲ။ အင်္ဂလန်နိုင်ငံက ချန်ပီယံရှစ် ပြိုင်ပွဲကို ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် လာမယ့် ဧပြီ (၄) ရက် အထိ ရပ်နားထားပြီး ချန်ပီယံရှစ် ပွဲစဉ်တွေကို မကစားကြတော့ဘဲနဲ့ ရပ်နားသွားခဲ့ကြပါတယ်။

Photo Credit: Goal

ပရီးမီးယားလိဂ် ပြိုင်ပွဲဟာလည်း ချန်ပီယံရှစ် ပြိုင်ပွဲလိုပဲ လာမယ့် ဧပြီလ (၄) ရက်နေ့အထိကို ရပ်နားထားတာကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ဆက်မကစားကြတော့တာ ဖြစ်ပါတယ်။ ဘရိုက်တန်အသင်းဟာ ယခုအပတ်မှာ အာဆင်နယ်အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး အက်စတွန်ဗီလာအသင်းကတော့ ယခုအပတ်မှာ ချဲလ်ဆီးအသင်းနဲ့ ထိပ်တိုက် ကစားသွားမှာ ဖြစ်ပါတယ်။ ဘရိုက်တန်အသင်း နဲ့ အက်စတွန်ဗီလာအသင်းတို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ်ကို ရပ်နားထားတဲ့ အတွက်ကြောင့် ကစားကြတော့မှာ မဟုတ်ဘဲ အိမ်ရာမဲ့တွေကို လှူဒန်းမှု ပြုလုပ်သွားခဲ့ကြပါတယ်။ ဘရိုက်တန်အသင်း၊ အက်စတွန်ဗီလာအသင်း နဲ့ ဖူဟမ်အသင်းတို့ဟာ အစားအစာ ဝယ်ယူဖို့ ခက်ခဲကြတဲ့ အိမ်ရာမဲ့တွေအတွက် အစားအစာ စုစုပေါင်း (၁၅၀၀) ကျော် လှူဒါန်းခဲ့ကြပါတယ်။