အင်္ဂလန် ဘောလုံးလောက ရဲ့ အကြီးမားဆုံး အသင်းတွေ ကို ဖော်ပြတဲ့ ဇယား‌ကတော့ ပေါ်ထွက်လို့ လာခဲ့ပါတယ်။ အဆိုပါ ဇယားမှာတော့ အမျိုးအစား ၇ မျိုး အပေါ်ကို လိုက်ပြီးတော့ အဆင့်တွေ သတ်မှတ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အမျိုးအစား ၇ မျိုး ကတော့ ပရိတ်သတ်အားပေးမှု၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပရိသတ်အရေအတွက်၊ အဓိက ဆုဖလား၊ မကြာသေးမီက ရရှိထားတဲ့ အဓိက ဆုဖလား၊ ရာသီကုန် ရပ်တည်မှုအဆင့်၊ ကစားသမားအရည်အချင်းတွေ နဲ့ စီးပွားရေးဆိုင်ရာ အခွန် ဆိုပြီး ခွဲခြား သတ်မှတ်ထားတာပါ။

Photo Credit: Express

အဆိုပါ ဇယားမှာ ဖော်ပြထားတဲ့ အချက်အလက်တွေ အရတော့ မန်ချက်စတာယူနိုက်တက် အသင်းက အင်္ဂလန်ရဲ့ အကြီးမားဆုံး ဘောလုံး အသင်း အဖြစ် ရမှတ် ၁၂ မှတ်နဲ့ ရပ်တည်နေပါတယ်။ တစ်ခုရှင်းလင်းစရာ ရှိတာက အဆိုပါ ဇယားမှာ ရမှတ်နည်းလေ ကောင်းလေ ပုံစံမျိုး သတ်မှတ်ထားတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နောက်မှာတော့ လီဗာပူး အသင်းက ၂၄ မှတ်နဲ့ အတူ ဒုတိယ အကြီးမားဆုံး အသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ အဲ့ဒီနောက်မှာတော့ ချယ်လ်ဆီး အသင်းက ၂၉ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီးတော့၊ အာဆင်နယ် အသင်းကတော့ ရမှတ် ၃၀ နဲ့ အတူ စတုတ္ထနေရာမှာ ရပ်တည်ထားနိုင်ခဲ့ပါတယ်။ ပဉ္စမ နေရာမှာတော့ ထိပ်ဆုံးက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီး အသင်းက ရပ်တည်နေပါတယ်။ စပါးအသင်း ကတော့ ဆဌမနေရာမှာသာ ရှိနေခဲ့ပါတယ်။ကစားသမားတွေရဲ့ စွမ်းဆောင်ရည်မှာတော့ စပါး အသင်းက သတ်မှတ်ချက် ၁ နဲ့ အဆင့်တစ်နေရာမှာရှိနေပါတယ်။ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ရဲ့ အဆင့်နှစ် နေရာမှာတော့ မန်ယူအသင်းနဲ့ လီဗာပူးအသင်းက ပူးတွဲရပ်တည်ထားနိုင်ခဲ့ပါတယ်။

ပရိသတ်အားပေးမှု ဇယားမှာတော့ ဆိုးလ်ရှား ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ မော်ရင်ဟို ရဲ့ တော့တင်ဟမ် ဟော့စပါး အသင်းက ပျမ်းမျှသတ်မှတ်ချက် ၂.၅ နဲ့ အဆင့် ၁ နေရာမှာ ပရိသတ်အားပေးမှု အများဆုံး အသင်းတွေ အဖြစ် ပူးတွဲ ရပ်တည်ထားနိုင်ပါတယ်။ ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီး အသင်းကတော့ ပျမ်းမျှ သတ်မှတ်ချက် ၃.၅ နဲ့ ပရိသတ်အားပေးမှု တတိယနေရာမှာ ရောက်ရှိနေပါတယ်။ အဲ့ဒီနောက်မှာတော့ အာတီတာ ရဲ့ အာဆင်နယ် အသင်းက ပျမ်းမျှသတ်မှတ်ချက် ၅.၅ နဲ့ ပရိသတ်အားပေးမှု စတုတ္ထနေရာမှာ ရပ်တည်ထားနိုင်ခဲ့ပါတယ်။ ပရိသတ်အားပေးမှု ပဉ္စမ နေရာမှာ ရှိနေတာကတော့ လန်းပတ် ရဲ့ ချယ်လ်ဆီး အသင်းဖြစ်ပြီး ပျမ်းမျှ သတ်မှတ်ချက် ကတော့ ၆ ဖြစ်ပါတယ်။ ဆက်လက်ပြီး ကျန်ရှိနေသေးတဲ့ အသင်းတွေကတော့ အက်စတွန်ဗီလာက ပျမ်းမျှ သတ်မှတ်ချက် ၇၊ အဲဗာတန်က ၇.၅၊ နယူးကာဆယ်က ၉.၅၊ ဝက်စ်ဟန်းက ၁၁.၅ နဲ့ လီဗာပူး အသင်းက ၁၂ စသဖြင့် ရပ်တည်ထားကြပါတယ်။