မနေ့ကတော့ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကလပ်အသင်းတွေထဲကမှ မန်စီးတီး ယူနိုက်တက် လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ရာသီကြိုခြေစမ်းပွဲများအကြောင်းကို ဖော်ပြခဲ့တာဖြစ်လို့ ဒီနေ့မှာ ကျန်ရှိနေသေးတဲ့ ပရီးမီးယားလိဂ်အသင်းတွေရဲ့ ခြေစမ်းပွဲတွေအကြောင်းကို ဆက်လက်ဖော်ပြသွားပါမယ်။ ဒီနေ့ ဖော်ပြသွားမယ့် အသင်းတွေကတော့

စပါး

နည်းပြသစ် နူနိုဆန်တိုနဲ့ စပါးအသင်းကတော့ ဇူလိုင်လထဲမှာ အင်္ဂလန်က ကလပ်အသင်းလေးတွေနဲ့ ခြေစမ်းပွဲ ကစားမှာဖြစ်ပြီး သြဂုတ်လမှာတော့ Mind ရန်ပုံငွေပွဲကို အာဆင်နယ် ချယ်လ်ဆီးတို့နဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
လေတန် – စပါး (ဇူလိုင် ရရက်နေ့ ည၈နာရီခွဲ)
ကိုချက်စတာ – စပါး (ဇူလိုင် ၂၂ရက်နေ့ ည၁နာရီ၁၅မိနစ်)
အမ်ကေဒွန်းစ် – စပါး (ဇူလိုင် ၂၉ရက်နေ့ ည၁နာရီ၁၅မိနစ်)
ချယ်လ်ဆီး – စပါး (သြဂုတ် ၅ရက်နေ့ ည၁နာရီ၁၅မိနစ်)
စပါး – အာဆင်နယ် (သြဂုတ် ၈ရက်နေ့ ည၇နာရီခွဲ)

အာဆင်နယ်

အာဆင်နယ်အသင်းကတော့ မနေ့ညကပဲ စကော့ကလပ် ဟိုင်ဘာနီယန်နဲ့ ခြေစမ်းခဲ့ပြီဖြစ်သလို ရက်ပိုင်းလေးအတွင်းမှာပဲ ရိန်းဂျားစ်နဲ့ ခြေစမ်းဦးမှာဖြစ်သလို Mind ရန်ပုံငွေပွဲဖလားပွဲနဲ့ Florida Cup မှာလည်း ဝင်ရောက်ဆင်နွဲဦးမှာဖြစ်ပါတယ်။
ရိန်းဂျားစ် – အာဆင်နယ် (ဇူလိုင် ၁ရရက်နေ့ ညရနာရီခွဲ)
အာဆင်နယ် – အင်တာမီလန် (ဖလော်ရီဒါဖိတ်ခေါ်ဖလား ဇူလိုင် ၂၆ရက်နေ့ ည၂နာရီခွဲ တတိယနေရာလုပွဲ/ဖိုင်နယ် ဇူလိုင် ၂၅ရက်နေ့)
အာဆင်နယ် – ချယ်လ်ဆီး (သြဂုတ် ၁ရက်နေ့ ၈နာရီခွဲ)
စပါး – အာဆင်နယ် (သြဂုတ် ၈ရက်နေ့ ညရနာရီခွဲ)

လက်စတာ

ကစားသမား အင်အားဖြည့်တင်းမှုတွေကို အသေအချာ လုပ်ဆောင်နေတဲ့ လက်စတာကတော့ ကလပ်အသင်းငယ်လေးတွေနဲ့ ခြေစမ်းပွဲတွေကို ဒီလအတွင်းမှာပဲ ယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်။
ဘာတန် – လက်စတာ (ဇူလိုင် ၂၄ရက်နေ့ ည၈နာရီခွဲ)
ဝိုင်ကမ်ဘီ – လက်စတာ (ဇူလိုင် ၂၈ရက်နေ့ ည၁နာရီ)
ကျူပီအာ – လက်စတာ (ဇူလိုင် ၃၁ရက်နေ့ ည၈နာရီခွဲ)

အဲဗာတန်

နည်းပြသစ် ဘင်နီတက်ဇ်နဲ့ ဘောလုံးရာသီသစ်ကို ဖြတ်သန်းသွားမယ့် အဲဗာတန်ကတော့ အာဆင်နယ်နဲ့အတူ ဖလော်ရီဒါဖိတ်ခေါ်ဖလားမှာ ဝင်ရောက်ဆင်နွဲမှာဖြစ်ပြီး အဲ့ဒီပွဲပြီးရင် ယူနိုက်တက်အသင်းနဲ့ ခြေစမ်းသွားမှာဖြစ်ပါတယ်။
အဲဗာတန် – မီလိုနာရီယို့စ် (ဖလော်ရီဒါဖိတ်ခေါ်ဖလား ဇူလိုင် ၂၆ရက်နေ့ မနက်၇နာရီ တတိယနေရာလုပွဲ/ဖိုင်နယ် ဇူလိုင် ၂၅ရက်နေ့)
မန်ချက်စတာယူနိုက်တက် – အဲဗာတန် (သြဂုတ် ၇ရက်နေ့ ည၆နာရီ၁၅မိနစ်)

ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်များအကြောင်း(၁) – https://mysportmyanmar.com/premier-league-big-teams-2021-pre-season-fixtures-part-1/