ယူရို-၂၀၂ဝနဲ့ ကိုပါအမေရိကပြိုင်ပွဲတွေ ပြီးဆုံးသွားချိန်မှာတော့ ဘောလုံးပရိသတ်တွေတွေအတွက် တိုကျိုအိုလံပစ် အမျိုးသား အမျိုးသမီး ဘောလုံးပြိုင်ပွဲတွေ ရှိနေသေးသလို ကလပ်အသင်းတွေရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေနဲ့ ဖိတ်ခေါ်ဖလားပွဲတွေကို ထပ်မံကြည့်ရှုသွားရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ပရီးမီးယားလိဂ်က ထိပ်သီးကလပ်အသင်းတွေရဲ့ ရာသီကြိုခြေစမ်းပွဲများအကြောင်းကို အပြည့်အစုံ ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။

မန်စီးတီး

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းရဲ့ ခြေစမ်းပွဲစဉ်ကတော့ သြဂုတ်လ(၂၅)ရက်နေ့မှာ ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်မယ့် ပွဲစဉ်တစ်ပွဲကိုသာ နေ့ရက်အတိအကျ သိရှိရသေးတာဖြစ်ပြီး ဒီဇူလိုင်လထဲမှာတော့ ချန်ပီယံရှစ်ကလပ် ပရက်စတန်အသင်း City Football Group ပိုင်ဆိုင်တဲ့ ပြင်သစ်ကလပ် ထရွိုင်ယက်စ်အသင်းတွေနဲ့ ခြေစမ်းမှာဖြစ်ကာ ရက်အတိအကျတော့ မထုတ်ပြန်ရသေးပါဘူး။
ဘာစီလိုနာ – မန်စီးတီး (သြဂုတ် ၂၅ရက် အချိန်မသိရသေး)

မန်ချက်စတာယူနိုက်တက်

ယူနိုက်တက်အသင်းကတော့ ဒီလထဲမှာပဲ ခြေစမ်းပွဲ(၄)ပွဲ ကစားမှာဖြစ်ပြီး (၁၈)ရက်နေ့မှာ ဒါဘီကောင်တီအသင်း (၂၄)ရက်နေ့မှာ ကျူပီအာအသင်း (၂၉)ရက်နေ့မှာတော့ ပရီးမီးယားလိဂ်ဆီ တန်းတတ်လာခဲ့တဲ့ ဘရန့်ဖိုဒ့်အသင်းနဲ့ (၃၁)ရက်နေ့မှာတော့ ပရက်စတန်အသင်းတွေနဲ့ ခြေစမ်းမှာဖြစ်ပါတယ်။ သြဂုတ်လ(၇)ရက်နေ့မှာတော့ အဲဗာတန်အသင်းနဲ့ ခြေစမ်းဦးမှာဖြစ်ပါတယ်။
ဒါဘီ – မန်ယူ (၁၈ရက်နေ့ ညနေ၆နာရီခွဲ)
ကျူပီအာ – မန်ယူ (၂၄ရက်နေ့ ည၈နာရီခွဲ)
မန်ယူ – ဘရန့်ဖိုဒ့် (၂၉ရက်နေ့ ည၁နာရီခွဲ)
ပရက်စတန် – မန်ယူ (၃၁ရက်နေ့ အချိန်မသိရသေး)
မန်ယူ – အဲဗာတန် (သြဂုတ်ရရက်နေ့ ည၁ဝနာရီခွဲ)

လီဗာပူးလ်

သြစတြီးယားနိုင်ငံမှာ ရာသီကြိုလေ့ကျင့်ခန်းတွေ လုပ်ဆောင်လို့နေတဲ့ လီဗာပူးလ်အသင်းကလည်း အဲ့ဒီမှာပဲ သူတို့အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲစဉ် (၄)ပွဲလုံးကို ကစားသွားမှာဖြစ်ပြီး သြစတြီးယားကလပ်(၁)သင်းနဲ့ ဘွန်ဒစ်လီဂါကလပ် (၃)သင်းပါဝင်သွားမှာဖြစ်ပါတယ်။ ခြေစမ်းပွဲ(၄)ပွဲလုံးကိုလည်း ဇူလိုင်လအတွင်းမှာပဲ ယှဉ်ပြိုင်စေမှာဖြစ်ပြီး (၂၀)ရက်နေ့မှာ ကစားသွားမယ့် ပွဲစဉ်(၂)ပွဲကိုတော့ တစ်ပွဲ နာရီဝက်စီသာ ကျင်းပမှာဖြစ်ပါတယ်။
Wacker Innsbruck – လီဗာပူးလ် (၂ဝရက်နေ့ ည၁ဝနာရီခွဲ)
စတုဂတ် – လီဗာပူးလ် (၂ဝရက်နေ့ ည၁၁နာရီ ၁၅မိနစ်)
မိန့်ဇ် – လီဗာပူးလ် (၂၃ရက်နေ့ ည၁ဝနာရီ၄၅မိနစ်)
ဟာသာဘာလင် – လီဗာပူးလ် (၃ဝရက်နေ့ ည၁၂နာရီ၅ဝမိနစ်)

ချယ်လ်ဆီး

ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းကတော့ လန်ဒန်အခြေစိုက် အာဆင်နယ် စပါးအသင်းတွေနဲ့ Mind အမည်ရှိ စိတ်ရောဂါရန်ပုံငွေပွဲကို ဆင်နွဲသွားမှာဖြစ်ပါတယ်။ တခြားခြေစမ်းပွဲတွေကိုတော့ မထုတ်ပြန်သေးပါဘူး။
အာဆင်နယ် – ချယ်လ်ဆီး (သြဂုတ် ၁ရက်နေ့ ည၈နာရီခွဲ)
ချယ်လ်ဆီး – စပါး (သြဂုတ် ၅ရက်နေ့ ည၁နာရီ၁၅မိနစ်)
ကျန်ရှိနေသေးတဲ့ ကလပ်အသင်းတွေအကြောင်းကို ဆက်လက်ဖော်ပြပေးသွားပါမယ်ခင်ဗျာ