ပရီးမီးယားလိဂ် အဖွဲ့အစည်းကတော့ ယခုအပတ် ကြာသပတေးနေ့ညက ကစားသွားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ ကွင်းလယ်လူ ဖာနန်ဒက်စ်၊ တိုက်စစ်မှူး ကိန်း နဲ့ ကွင်းလယ်လူ ဝက်စ်ပရောက်စ်တို့ရဲ့ ဖြစ်စဉ်မှာ ပင်နယ်တီနဲ့ ပက်သက်ပြီး အမှား ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။   ပရီးမီးယားလိဂ် ပွဲစဉ် ကြီးကြပ်ရေး အဖွဲ့ကို BBC ရဲ့ Match of the Day က ဆက်သွယ်ပြီးနောက် ပရီးမီးယားလိဂ် ပွဲစဉ် ကြီးကြပ်ရေး အဖွဲ့က VAR အနေနဲ့ ပင်နယ်တီကို မှားယွင်းပြီး ပေးခဲ့သလို ပင်နယ်တီ ပေးသင့်တာကိုလည်း မပေးခဲ့မိဘူးလို့ ဝန်ခံ ထုတ်ပြန်သွားလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit: TheSun

မန်ယူအသင်းဟာ အက်စတွန်ဗီလာအသင်းကို (၃-ဝ) နဲ့ အနိုင်ရသွားခဲ့တဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းမှာ မန်ယူ ကွင်းလယ်လူ ဖာနန်ဒက်စ်က ကွန်ဆာရဲ့ ခြေကို တက်နင်းပြီး ဟန်ဆောင်လှဲချခဲ့တာကို ကွင်းလယ်ဒိုင်ကရော VAR ကပါ အမှားကျူးလွန်တဲ့ မန်ယူအသင်းကို ပင်နယ်တီ ပေးခဲ့ပါတယ်။ ကွင်းလယ်ဒိုင် ဂျွန် မို့စ်ဟာ မန်ယူ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ပင်နယ်တီ ပေးခဲ့ပြီး VAR ကပါ အတည်ပြု ပေးသွားခဲ့တာကြောင့် မန်ယူအသင်းဟာ ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီ သွင်းဂိုးကြောင့် ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ပွဲအပြီးမှာ အက်စတွန်ဗီလာအသင်းကို (၃-ဝ) နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: TheSun

VAR ဟာ မန်ယူအသင်းကို ပင်နယ်တီ မပေးသင့်ဘဲ ပင်နယ်တီ ပေးသွားခဲ့တာ ဖြစ်ပေမဲ့လည်း စပါးအသင်းကိုကျ ပင်နယ်တီ ပေးသင့်တာကို မပေးသွားတာ ဖြစ်ပြီး စပါး တိုက်စစ်မှူး ကိန်းကို ဂျိုရူအာ ကင်းက တွန်းခဲ့ပေမယ့် ပင်နယ်တီ တောင်းတဲ့ အခါမှာ မပေးခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်ဒိုင် တီယာနေး နဲ့ VAR ဒိုင် အိုလီဗာတို့က ဂျိုရူအာ ကင်းအနေနဲ့ ပြစ်ဒဏ် ကျူးလွန်မှု မရှိဘူးလို့ ဆုံးဖြတ်ခဲ့ကြတာကြောင့် စပါးအသင်းကို ပင်နယ်တီ မပေးသွားခဲ့ပေမယ့်လည်း VAR က ဆောက်သမ်တန်အသင်းကိုကတော့ နောက်တစ်ကြိမ် ပင်နယ်တီ မပေးသင့်ဘဲ ပေးပြန်ပါတယ်။ ကွင်းလယ်ဒိုင် လီ မာဆွန်ဟာ အဲဗာတန် ကွင်းလယ်လူ ဂိုးမက်စ်အနေနဲ့ ဆောက်သမ်တန် ကွင်းလယ်လူ ဝက်စ်ပရောစ်ကို ပြစ်ဒဏ် ကျူးလွန်ခဲ့တယ်လို့ သတ်မှတ်ပြီး ပင်နယ်တီ ပေးသွားခဲ့တာ ဖြစ်တာကြောင့် ပရီးမီးယားလိဂ်က အမှားပြုလုပ်ခဲ့တယ်လို့ ပြန်လည် ဝန်ခံသွားခဲ့ပါတယ်။