၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်(၂) တတိယနေ့ပွဲစဉ်တွေထဲကမှ ညနေ(၄)နာရီခွဲအချိန်မှာ ကျင်းပသွားမယ့် ဂျပန်အသင်းနဲ့ ကော်စတာရီကာအသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Preview: Japan vs. Costa Rica - prediction, team news, lineups - Sports Mole

Photo Credit : Sports Mole

အပြာရောင် ဆာမူရိုင်းတို့ကတော့ အဖွင့်ပွဲစဉ်မှာပဲ ကမ္ဘာ့အင်အားကြီး ဂျာမနီကို အံ့အားသင့်ဖွယ် စွမ်းဆောင်မျိုးနဲ့ အနိုင်ယူထားခဲ့ပြီး ကမ္ဘာ့ဖလားမှာ (၂)ကြိမ်ဆက်တိုက် ရှုံးထွက်အဆင့်ကို တတ်လှမ်းနိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီလို ဖြစ်လာဖို့အတွက် ကော်စတာရီကာအသင်းကိုပါ ဆက်လက် အနိုင်ယူဖို့ လိုအပ်ပါတယ်။ ဂျပန်က ကော်စတာရီကာနဲ့ ခြေစမ်းပွဲ (၃)ပွဲအထိ တွေ့ဆုံထားခဲ့ပြီး အဲ့ဒီ(၃)ပွဲလုံးမှာ လုံးဝမရှုံးအောင်လည်း ကစားထားနိုင်ခဲ့တာကြောင့် တွေ့ဆုံမှုအရရော လက်ရှိ form အရပါ ဂျပန်က ကော်စတာရီကာကို အသာရနေပါတယ်။

Japan aims for World Cup knockout stage against Costa Rica

Photo Credit : Yahoo! Sports

၂၀၁၄တုန်းက မထင်မှတ်တာတွေ လုပ်ပြထားခဲ့ဖူးတဲ့ ကော်စတာရီကာက အခု ကာတာကမ္ဘာ့ဖလားမှာတော့ အဖွင့်ပွဲမှာတင် ဂိုးပြတ်ရှုံးပွဲကြီးနဲ့ ရင်ဆိုင်ထားရပြီး တာထွက်ဆိုးခဲ့ရပါတယ်။ ဒီပွဲပြီးရင်လည်း ဂျာမနီနဲ့ ဆက်လက် ကစားရဦးမှာဖြစ်လို့ ကော်စတာရီကာအတွက်က အခုပွဲမှာပဲ အမှတ်ယူနိုင်ဖို့ ဖြစ်နိုင်ခြေ ရှိနေရပါတယ်။ ဒါပေမယ့် အခု သူတို့ ရင်ဆိုင်ရမယ့် ပြိုင်ဘက်ကလည်း ဂျာမနီကို အလဲထိုးထားတဲ့အပြင် သူတို့အသင်းနဲ့ (၃)ကြိမ်ဆုံခဲ့ရာမှာလည်း လုံးဝ ရှုံးပွဲမရှိထားသေးတဲ့ ဂျပန်အသင်း ဖြစ်နေရပါတယ်။

Photo Credit : Sporting News

ဂျပန်က ဒီပွဲမှာ ထပ်မံ အနိုင်ရပြီး ဂျာမနီက စပိန်နဲ့ပွဲမှာ နိုင်ပွဲထပ်ပျောက်ခဲ့မယ်ဆိုရင် ဂျပန်အနေနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်မှာဖြစ်လို့ နိုင်ပွဲဆက်ဖို့ သေချာ ပြင်ဆင်လာမှာ ဖြစ်သလို တစ်ဖက်က ကော်စတာရီကာကလည်း (၂)ပွဲဆက်တိုက် ရလဒ်မဆိုးဖို့အတွက် ဖောင်ဖျက်ကစားလာမှာဖြစ်လို့ လုံးဝကို အကြိတ်အနယ် ရှိနိုင်ပါတယ်။ ကော်စတာရီကာ ဒီပွဲမှာ တစ်ခုခု လုပ်ပြနိုင်ဖွယ် ရှိနိုင်ပေမယ့် ဂျပန်ကို အနိုင်ယူဖို့တော့ မလွယ်နိုင်ဘူး။ အခုပွဲမှာ ဂျပန် အနိမ့်ဆုံး သရေပါပဲ။