MySport Myanmar

အာဂျင်တီးနား နဲ့ မက္ကဆီကိုအသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

ဒီကနေ့ညမှာ ယှဉ်ပြိုင်သွားကြမယ့် ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်(၂) ဒုတိယနေ့ နောက်ဆုံးပွဲ စိတ်ဝင်စားစရာအကောင်းဆုံးပွဲဖြစ်သော မနက်(၁)နာရီခွဲအချိန်မှာ ကျင်းပမယ့် အာဂျင်တီးနားအသင်းနဲ့ မက္ကဆီကိုအသင်းတို့အတွက် ပွဲအကြို သုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Sports Mole

အခုပြိုင်ပွဲကြီးမှာ ဗိုလ်စွဲဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေခဲ့တဲ့ မက်ဆီရဲ့အာဂျင်တီးနားအသင်းဟာ အဖွင့်ပွဲမှာ ဆော်ဒီကို မထင်မှတ်ပဲ ရှုံးနိမ့်လိုက်တာကြောင့် အခုပွဲမှာ အမှားမခံပဲ ကစားရတော့မှာ ဖြစ်ပါတယ်။ သေချာပေါက် နိုင်ပွဲရသင့်တဲ့ ပွဲစဉ်မှာ အမှတ်ပြည့် ဆုံးရှုံးထားခဲ့တဲ့ အာဂျင်တီးနားအတွက် လက်ကျန် အုပ်စုပွဲနှစ်ပွဲကို မဖြစ်မနေ အနိုင်ကစားရတော့မယ်ဆိုတာက သူတို့အတွက် ဖိအား ဖြစ်နိုင်မလား တွန်းအား ဖြစ်နိုင်မလားဆိုတာကို မက္ကဆီကိုနဲ့ပွဲမှာ စောင့်ကြည့်ရတော့မှာ ဖြစ်သလို မက်ဆီအနေနဲ့လည်း အခုပွဲမှာ ဆော်ဒီပွဲက ပုံစံမျိုးထက် သာလွန်အောင် အားထည့် ကစားသွားရတော့မှာလည်း ဖြစ်ပါတယ်။

Photo Credit : Daily Mail

မက္ကဆီကိုကတော့ အဖွင့်ပွဲမှာ အသင်းရဲ့ ကယ်တင်ရှင်ကြီး ဂိုးသမား အိုချိုကာရဲ့ ပင်နယ်တီ ကာကွယ်မှုနဲ့ သရေရအောင် ကစားထားနိုင်ပြီး လက်ရှိ အသင်းကို ကိုင်တွယ်ထားတဲ့ နည်းပြမာတီနိုဟာလည်း အာဂျင်တီးနားလူမျိုး အာဂျင်တီးနား နည်းပြဟောင်းတစ်ဦး ဖြစ်နေတာကြောင့် သူ့အသင်းဟောင်းကို ဘယ်လို ရင်ဆိုင်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။ မက္ကဆီကိုဟာ ပိုလန်နဲ့ပွဲမှာလည်း အစစအရာရာ အသာစီးရယူ ကစားသွားနိုင်ခဲ့ပေမယ့် အာဂျင်တီးနားနဲ့ ဆုံလိုက်တိုင်း ရလဒ်တွေ ဆိုးနေတတ်တဲ့ အစဉ်အလာကြီး ရှိနေတာကတော့ သတိထားရမှာ ဖြစ်ပါတယ်။

 

Photo Credit : Sporting News

အာဂျင်တီးနားအတွက် အခုပွဲစဉ်ဟာ မဖြစ်မနေကို အနိုင်ကစားရမယ့် ပွဲစဉ်ဖြစ်နေတာကြောင့် အဖွင့်ပွဲတုန်းကလို အမှားမျိုး ထပ်မဖြစ်ရအောင် ပြင်ဆင်လာဖွယ် ရှိနိုင်ပါတယ်။ တစ်ဖက်က မက္ကဆီကိုဟာလည်း အာဂျင်တီးနားနဲ့ ရင်ဆိုင်ရတိုင်း အမြဲတမ်း ရလဒ်ဆိုးနေတဲ့ အစဉ်အလာကို ပယ်ဖျက်သွားဖို့ သေချာပေါက် ပြင်ဆင်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ပွဲကို ဖော်ဆောင်မှ ဖြစ်တော့မယ့် အာဂျင်တီးနားကပဲ သူတို့အတွက် ငယ်နိုင်လို ဖြစ်နေခဲ့ရတဲ့ မက္ကဆီကိုအသင်းကို သူတို့နှစ်သင်းကြားက အစဉ်အလာတွေအတိုင်း အနိုင်ယူသွားပါလိမ့်မယ်။

Exit mobile version