၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွေကိုတော့ ဒီကနေ့မှာပဲ စတင် ကျင်းပသွားပါတော့မယ်။ အုပ်စုနောက်ဆုံးပွဲစဉ် ပထမနေ့ရဲ့ ည(၉)နာရီခွဲအချိန်မှာတော့ အုပ်စု(A)နှစ်ပွဲလုံးကို တပြိုင်တည်း ကျင်းပစေမှာဖြစ်ပြီး အဲ့ဒီပွဲထဲကမှ နောက်တစ်ဆင့်တတ်ရေးအတွက် အရေးပါနေတဲ့ ဆီနီဂေါအသင်းနဲ့ အီကွေဒေါအသင်းတို့ ပွဲစဉ်အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

Senegal forward Famara Diedhiou celebrates scoring against Qatar in their World Cup game on November 25, 2022.

Photo Credit : Sports Mole

ဆီနီဂေါကတော့ အဖွင့်ပွဲမှာ နယ်သာလန်ကို အရေးနိမ့်ပြီး ဒုတိယပွဲမှာ ကာတာကို အနိုင်ရထားလို့ (၃)မှတ် ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဆီနီဂေါအနေနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းဖို့အတွက် အခုပွဲမှာ မဖြစ်မနေ နိုင်ပွဲရဖို့ လိုအပ်နေကာ သရေကျလို့တောင် မဖြစ်တော့တဲ့ အခြေအနေမို့ အသင်းသားတွေအားလုံး အားထည့်လာနိုင်ပေမယ့် မာကြော ကျစ်လစ်လှတဲ့ အီကွေဒေါခံစစ်ကို ထိုးဖောက်နိုင်ဖို့ဆိုတာကတော့ ခက်ခဲနိုင်ပါတယ်။

Ecuador celebrate their equaliser against Netherlands at the World Cup on November 25, 2022.

Photo Credit : Sports Mole

အီကွေဒေါက အဖွင့်ပွဲမှာ အိမ်ရှင်ကာတာကို အနိုင်ရ နောက်တစ်ပွဲမှာ နယ်သာလန်ကို ခြေအသာနဲ့ ကစားရင်း သရေကျခဲ့လို့ ရမှတ်(၄)မှတ် ပိုင်ဆိုင်ထားပါတယ်။ တစ်ဖက်မှာ နယ်သာလန်က ကာတာနဲ့ ဆုံတွေ့နေတာဖြစ်လို့ ရလဒ်ကောင်းယူပြီး နောက်တစ်ဆင့်တတ်လှမ်းဖို့ သေချာနေတဲ့ အခြေအနေမှာ အီကွေဒေါအနေနဲ့လည်း အခုပွဲကို အနိမ့်ဆုံး သရေတစ်မှတ်တော့ မဖြစ်နေ လိုအပ်ပါတယ်။ ဒါပေမယ့် နှစ်ပွဲလုံး အသင်းအတွက် key player ဖြစ်ခဲ့သူ အန်နာဗလင်စီယာ fit ဖြစ်နေပါ့မလားဆိုတာကတော့ စိတ်ပူစရာပါ။

Photo Credit : Sporting News

ဒီနှစ်သင်းရဲ့ တွေ့ဆုံမှုက နိုင်တဲ့အသင်း နောက်တစ်ဆင့်ကို တတ်လှမ်းရမှာဖြစ်လို့ အတော်လေးကို အကြိတ်အနယ်ရှိမှာတော့ သေချာပါတယ်။ ဒါပေမယ့် လက်ရှိ ကစားအား form တွေအရတော့ တောင်အမေရိကအသင်း အီကွေဒေါက ပိုုမို သာလွန်နေပြီး သရေကျခဲ့ရင်တောင် အုပ်စုကနေ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်မယ့် အခွင့်အရေးပါ ရှိနေတဲ့အတွက် ဒီအခွင့်အရေးကို အကောင်းဆုံး အသုံးချပါလိမ့်မယ်။ အမှားမခံတမ်း ကစားလာမှာဖြစ်လို့ သွင်းဂိုးတွေ နည်းပါးနိုင်သလို သရေရလဒ်နဲ့ ပြီးဆုံးသွားနိုင်ပါတယ်။