MySport Myanmar

ဂါနာ နဲ့ တောင်ကိုရီးယားတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်(၂)တွေရဲ့ နောက်ဆုံးနေ့ပွဲစဉ်တွေထဲကမှ ည(၇)နာရီခွဲအချိန်မှာ ကျင်းပသွားမယ့် ဂါနာအသင်းနဲ့ တောင်ကိုရီးယားအသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Sports Mole

ဂါနာကတော့ အဖွင့်ပွဲမှာ ပေါ်တူဂီအသင်းနဲ့ ဆုံတွေ့ခဲ့ရပြီး ဒုတိယပိုင်းမှာ ပေါ်တူဂီ တိုက်စစ်ရဲ့ ထိုးဖောက်မှုကို ဟန့်မတားနိုင်တော့ပဲ သွင်းဂိုးတွေ ခွင့်ပြုခဲ့ရင်းနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါပေမယ့် ပေါ်တူဂီဘက်ကိုလည်း သွင်းဂိုးတွေ ပြန်လည် သွင်းယူနိုင်ခဲ့သလို တုံ့ပြန်မှုကောင်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ကတော့ ဂါနာအတွက် မဖြစ်မနေ နိုင်ပွဲယူထားရတဲ့ ပွဲစဉ်ဖြစ်တာကြောင့် ပေါ်တူဂီနဲ့ပွဲက စွမ်းဆောင်ရည်ထက်ကို ပိုမို ကောင်းမွန်တဲ့ စွမ်းဆောင်မှုမျိုး ပြသသွားဖို့လည်း လိုအပ်နေပါတယ်။

Photo Credit : Racing Post

တောင်ကိုရီးယားကတော့ သူတို့ထက် ပိုမို တောင့်တင်းမှုရှိတဲ့ ဥရုဂွေးအသင်းကို ဂိုးမရှိသရေ ကစားထားနိုင်ခဲ့ပြီး ကျေနပ်စရာကောင်းတဲ့ ရလဒ်မျိုးကို ရယူနိုင်ခဲ့ပါတယ်။ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့ပေမယ့်လည်း တောင်ကိုရီးယားက ဥရုဂွေးခံစစ်ကို အလုပ်ရှုပ်စေနိုင်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့သလို ဥရုဂွေးထက်လဘည်း dangerous attack အရေအတွက် ပိုလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာလည်း ဂါနာကို ဘယ်လို အခက်တွေ့အောင် ကစားသွားမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။

Photo Credit : CNBCTV18

နှစ်သင်းလုံးက အဖွင့်ပွဲတွေမှာ ကိုယ်စီနိုင်ပွဲပျောက်ထားရတာ ဆိုပေမယ့် တောင်ကိုရီးယားက (၁)မှတ်ရထားတာ ဖြစ်သလို ဥရုဂွေးလို အသင်းဆီက တစ်မှတ်ယူထားတာဖြစ်လို့ ဒီရလဒ်က သူတို့အတွက် ကျေနပ်စရာ ဖြစ်စေမှာပါ။ ဒါပေမယ့်လည်း အခုပွဲကတော့ နှစ်သင်းလုံးအတွက် နိုင်ပွဲရဖို့ လိုအပ်နေတဲ့ပွဲ ဖြစ်နေပြီး အထူးသဖြင့်တော့ အမှတ်မရသေးတဲ့ ဂါနာအတွက် နိုင်ပွဲရမှ ဖြစ်မယ့်ပွဲပါ။ အကြိတ်အနယ် ကစားရင်းနဲ့ သရေပွဲဆီကို ဦးတည်သွားနိုင်ပေမယ့် ဂါနာကိုတော့ ပိုသဘောကျမိပါတယ်။

Exit mobile version