MySport Myanmar

ရော်နယ်လ်ဒိုထက် တခြား တိုက်စစ်ကစားသမား(၃)ဦးကိုသာ စိတ်ဝင်စားနေတဲ့ ဂရေဟမ်ပေါ်တာ

ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက အသင်းပိုင်ရှင် တော့ဒ်ဘိုလေ အလိုရှ်ိနေတဲ့ စူပါစတား ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုထက် အခြားသော တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရာဖယ်လ်လီယာအို ဂျိုနသန်ဒေးဗစ်နဲ့ အိုင်ဗန်တိုနေးတို့ထဲက ကစားသမားတစ်ယောက်ယောက်ကိုသာ ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။

Photo Credit : Vanguard News

GOAT ကြီး ရော်နယ်လ်ဒိုဟာ လက်ရှိမှာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်နဲ့ အဆင်မပြေ ဖြစ်နေသလို အသင်းမှာကလည်း ပွဲကစားခွင့်တွေ အနည်းငယ်သာ ရရှိနေတာကြောင့် လာမယ့် ဆောင်းဈေးကွက်ထဲမှာပဲ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေပါတယ်။ ဒီအခြေအနေကို ချယ်လ်ဆီးပိုင်ရှင် တော့ဒ်ဘိုလေက အသုံးချသွားဖို့ စီစဉ်နေပြီး နွေဈေးကွက်မှာကတည်းက ခေါ်ယူချင်နေခဲ့တဲ့ ရော်နယ်လ်ဒိုကို လာမယ့် ဆောင်းဈေးကွက်ထဲမှာ အရ ခေါ်ယူဖို့ ပစ်မှတ်ထားနေပေမယ့်လည်း ချယ်လ်ဆီးနည်းပြ ပေါ်တာကတော့ အခြားသော ကစားသမားတွေကိုသာ အလိုရှိနေပါတယ်။

Photo Credit : Sportskeeda

ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာ အလိုအရှိဆုံး ကစားသမားကတော့ အေစီမီလန်အသင်းရဲ့ ပေါ်တူဂီကြယ်ပွင့်လေး လီယာအို ဖြစ်ပါတယ်။ အသက်(၂၃)နှစ်သာ ရှိသေးတဲ့ လီယာအိုဟာ မီလန်ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး အသင်းနဲ့ (၁၈)လသာ စာချုပ်သက်တမ်း ကျန်ရှိနေတော့တာဖြစ်လို့ မီလန်ဘက်က လီယာအိုကို သက်တမ်းတိုးချင်နေသလို ချယ်လ်ဆီးအပါအဝင် ဥရောပ ထိပ်တန်းကလပ်အသင်းတွေကလည်း စိတ်ဝင်စားနေကြပါတယ်။ နောက်တစ်ဦးဖြစ်တဲ့ လိုင်လီအသင်းရဲ့ ကနေဒါ တိုက်စစ်မှူးလေး ဂျိုနသန်ဒေးဗစ်ဟာလည်း သူရဲ့ ဂိုးသွင်းစွမ်းရည်ကောင်းတွေကြောင့် ထိပ်တန်းကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့သူ ဖြစ်သလို ဒီရာသီ လီဂူးပြိုင်ပွဲမှာလည်း (၁၁)ပွဲ (၉)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးအပြင် ပရီးမီးယားလိဂ် ဘရန့်ဖို့ဒ်မှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန်တိုက်စစ်မှူး တိုနေးကိုလည်း နည်းပြပေါ်တာက စိတ်ဝင်စားလို့နေပါတယ်။ ဒါကြောင့် ပေါ်တာက အသင်းပိုင်ရှင် ခေါ်ယူချင်နေတဲ့ ရော်နယ်လ်ဒိုထက် လီယာအို ဒေးဗစ် တိုနေးထဲက ကစားကစားတစ်ဦးဦးကိုသာ လာမယ့် ဈေးကွက်ထဲမှာ အသင်းအတွက် ခေါ်ယူအားဖြည့်သွားချင်နေတာပဲ ဖြစ်ပါတယ်။

Exit mobile version