MySport Myanmar

တူဟယ်လ်ကြောင့် ချယ်လ်ဆီးက အခုလို ရလဒ်ဆိုးနေတာလို့ ပြောလာတဲ့ ပေါ်တာ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက သူတို့အသင်းအနေနဲ့ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေရတာဟာ ရာသီကြို ပြင်ဆင်မှုအပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့တာကြောင့် ဖြစ်ကြောင်း ပြောကြားရင်း အသင်းရဲ့ နည်းပြဟောင်း တူဟယ်လ်နဲ့ နည်းပြအဖွဲ့ကို သွယ်ဝိုက်ကာ ဝေဖန်သွားခဲ့ပါတယ်။

အင်္ဂလန်လူမျိုး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာက စက်တင်ဘာလမှာ ဘရိုက်တန် ကနေ ချယ်လ်ဆီးထံ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ချယ်လ်ဆီးက ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Football 365

ပေါ်တာရဲ့ ချယ်လ်ဆီးက နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၆ပွဲမှာ ၃ပွဲသာ အနိုင်ရခဲ့ပြီး ၄ပွဲ သရေကျကာ ၉ပွဲ အထိ ရှုံးနိမ့်ထားသလို ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ နှစ်ခုစလုံးမှာလည်း အခြေအနေ မကောင်းပါဘူး။ ချယ်လ်ဆီးက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၁၀)နေရာ အထိ ရောက်ရှိနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်း ရှုံးထွက်အဆင့်မှာလည်း ဒေါ့မွန်ကို ပထမအကျော့မှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ထားပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ ပရိသတ်တွေနဲ့ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ဂရေဟမ် ပေါ်တာကို ဝေဖန်မှုတွေ ပြုလုပ်နေကြပြီး ဂရေဟမ် ပေါ်တာကတော့ သူတို့အသင်း အခုလိုမျိုး ရလဒ်တွေ ဆိုးဝါးနေတာဟာ နည်းစနစ်ပိုင်း အားနည်းချက် တခုထဲကြောင့် မဟုတ်ပဲ ရာသီကြိုခရီးစဉ်မှာ ပြင်ဆင်မှုတွေ ကောင်းကောင်း မလုပ်နိုင်ခဲ့တာကလည်း ရလဒ်ဆိုးတွေ ဖြစ်စေတဲ့ အကြောင်းပြချက်တွေထဲက တခု ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Football 365

ဂရေဟမ် ပေါ်တာက – “ကျွန်တော်တို့ အသင်းရဲ့ ပြဿနာ အတွက် စီနီယာ ကစားသမား တချို့နဲ့ စကားပြောပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ သူတို့ကတော့ ဒီရာသီရဲ့ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေဟာ သူတို့ ကြုံဖူးသမျှထဲမှာ အဆိုးဝါးဆုံးပဲလို့ ပြောကြပါတယ်။ ရာသီကြိုခရီးစဉ်က ဒီရာသီအတွက် ဘာတခုမှ အကျိုးမပြုခဲ့ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version