MySport Myanmar

သရေရလဒ်ကို စိတ်ပျက်မိတယ်လို့ ချယ်လ်ဆီး နည်းပြသစ် ပေါ်တာ ဖွင့်ဟ

ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်ဖြစ်သူ ဂရေဟမ်ပေါ်တာက သူရဲ့ချယ်လ်ဆီးနည်းပြဘဝ ပထမဆုံးသော ပွဲစဧ်အဖြစ် ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဥ်ကို တာဝန်ယူ ကိုင်တွယ်ခဲ့ရာ အသင်းက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း ပွဲအပြီးမှတော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေပွဲအဖြစ်သာ အဆုံးသတ်သွားခဲ့ရပါတယ်။

Photo Credit : The Guardian

ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုပွဲစဥ် (၂)ပွဲ ကစားထားပြီးနောက် ဒိုင်နမိုဇာဂရက်ကို ရှုံးနိမ့်ထားခဲ့ရသလို အခုလည်း ဆာလ်ဇ်ဘာ့ဂ်ကိုပါ သရေကျခဲ့ရပါတယ်။ ဒါကြောင့် ချယ်လ်ဆီးအနေနဲ့ အေစီမီလန်နဲ့ ရင်ဆိုင်ရတော့မယ့် ပွဲစဥ်တွေမှာ ရလဒ်ကောင်းတွေကို မဖြစ်မနေ ရယူသွားဖို့ လိုအပ်နေပြီး တိုက်စစ်ပိုင်းကလည်း အဆုံးသတ်တွေ အားကောင်းဖို့ လိုအပ်နေခဲ့ပါတယ်။ ဒီပွဲစဥ်က ချယ်လ်ဆီး နည်းပြသစ် ပေါ်တာရဲ့ ပထမဆုံးသော ပွဲစဥ်ဖြစ်ပြီး သူရဲ့ပွဲဦးထွက်မှာ သရေကျခဲ့လို့ စိတ်ပျက်မိရတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

Photo Credit : Daily Mail

ဆာလ်ဇ်ဘာ့ဂ်ပွဲနဲ့ ပတ်သတ်ပြီး ဂရေဟမ်ပေါ်တာက “အဆုံးသတ်မှာတော့ ပွဲရလဒ်အပေါ် ကျွန်တော် စိတ်ပျက်မိခဲ့ရတယ်။ ကစားသမားတွေကလည်း အသင်းအတွက် အစွမ်းကုန် ပေးဆပ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ တိုက်စစ်ကစားပုံလည်း ကောင်းမွန်ခဲ့တယ်။ ကျွန်တော်တို့က final third ထဲကို အကြိမ်ပေါင်းများစွာ ရောက်ရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လွဲချော်ခဲ့ရတယ်။ ပြိုင်ဘက်ဂိုးသမားကလည်း ကောင်းမွန်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်ခဲ့တယ်။ သူတို့ခံစစ်က ဂိုးကန်ချက်တွေကို ဟန့်တားမှုများစွာ ပြုလုပ်ခဲ့သလို ကျွန်တော်တို့ရဲ့ အဆုံးသတ်တွေကလည်း အားနည်းချက်တွေ ရှိခဲ့တယ်။ ဒါပေမယ့် အချိန်တိုလေးအတွင်းမှာပဲ ကစားသမားတွေက အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ ပိုကောင်းတဲ့ အသင်းတစ်သင်း ဖြစ်လာဖို့ ကြိုးပမ်းသွားမှာပါ။ ရလဒ်ပိုင်းကို စိတ်ပျက်ရပေမယ့် ကစားသမားတွေရဲ့ ပေးဆပ်နိုင်မှုအပေါ်ကိုတော့ အားရကျေနပ်မိပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ပေါ်တာရဲ့ တာထွက်ပွဲစဥ်မှာ ရာဟင်စတာလင်က သွင်းဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး ဒါဟာလည်း စတာလင်အတွက် ချယ်လ်ဆီး ကစားသမားဘဝရဲ့ ပထမဆုံးသော ချန်ပီယံလိဂ် သွင်းဂိုးပါ ဖြစ်လာခဲ့ပါတယ်။

Exit mobile version