MySport Myanmar

ဘောလုံးနယ်ပယ်မှ အပြာလောကထဲဆီ ခုန်ကူးသွားတဲ့ ပေါ်တူဂီကြယ်ပွင့် ပါရင်

စပို့တင်း လစ္စဘွန်းလို နာမည်ကျော် ပေါ်တူဂီ ဘောလုံးအသင်းဆီကနေ ကစားသမားကောင်းတွေကို စဉ်ဆက်မပြတ် မွေးထုတ်ပေးခဲ့ရာ အဲ့ဒီထဲမှာ ရော်နယ်လ်ဒို ဖီဂို နာနီ ကွာရက်စမာ မော်တင်ဟိုတို့လို ထိပ်တန်း ကစားသမားတွေလည်း ပါဝင်သလို ဖာဘီယို ပါရင်ဆိုတဲ့ အရည်အသွေးမြင့် တောင်ပံ ကစားသမားတစ်ဦးကိုလည်း မွေးထုတ်ခဲ့ပါသေးတယ်။

ပေါ်တူဂီသား ညာတောင်ပံကစားသမား ပါရင်ဟာ သူရဲ့စီနီယာကြီးတွေဖြစ်တဲ့ ဖီဂို ရော်နယ်လ်ဒို နာနီတို့လို စပို့တင်း လစ္စဘွန်းအသင်း အကယ်ဒမီထွက် ထင်ပေါ်ကျော်ကြားလာမယ့် ကြယ်ပွင့်တစ်ဦး ဖြစ်လာလိမ့်မယ်လို့ အားလုံးက ယူဆထားကြပေမယ့်လည်း တကယ်တမ်းမှာတော့ ပါရင်ကိုယ်တိုင် လွှဲမှားတဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့ပါတယ်။

Photo Credit : TUDN

တကယ်တော့ ပါရင်က ရော်နယ်လ်ဒိုနဲ့ စပို့တင်း အကယ်ဒမီမှာကတည်းက အသင်းဖော်တွေ ဖြစ်ခဲ့သလို ချယ်လ်ဆီးအသင်းဆီကိုတောင် (၄)လနီးပါး အငှားလာကစားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်လာခြင်းမရှိဘဲ (၄)နှစ်နီးပါးလောက်အကြာမှာတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို လုပ်ဆောင်ခဲ့ရင်း ကံကောင်းထောက်မစွာနဲ့ အမှုကနေ လွတ်မြောက်ခဲ့ပါတယ်။

၂၀၁၉တုန်းကလည်း ပါရင်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးခံခဲ့ရသလို ထောင်ဒဏ်လည်း ချမှတ်ခံခဲ့ရပါသေးတယ်။ အဲ့ဒီလို အဖမ်းမခံရခင် တစ်နှစ်ခန့်မှာပဲ သူရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကိုလည်း အဆုံးသတ်ခဲ့ပါသေးတယ်။

Photo Credit : Gol.hr

တစ်ချိန်တုန်းကတော့ ရော်နယ်လ်ဒိုကိုယ်တိုင် သူ့ထက် ပါရင်က ပိုပြီးကောင်းပါတယ်လို့ ပြောဆိုခံခဲ့ရသူ ပါရင်ကိုယ်တိုင်ကလည်း သူသာ ရော်နယ်လ်ဒို ကြိုးစားလုပ်နေတာတွေရဲ့ တဝက်လောက်ကိုသာ လုပ်ခဲ့မယ်ဆိုရင်တောင် ရော်နယ်လ်ဒို ရခဲ့တဲ့ ဘာလွန်းဒေါဆု (၅)လုံးကို အသာလေး ရယူနိုင်တယ်လို့ပါ အံ့အားသင့်ဖွယ် ပြောဆိုခဲ့ပါသေးတယ်။

ကိုယ်ရဲ့ အညွှန့်တလူလူ ဖြစ်နေတဲ့ ဘောလုံးသမားဘဝကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးခဲ့တဲ့ ပါရင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကပဲ (၁၈)ယောက်တို့ (၂၁)ယောက်တို့ စုပြီးကြည့်ရတဲ့ အပြာနယ်ပယ်ထဲကို စတင် ဝင်ရောက်လာခဲ့ပြီး ပွဲဦးထွက်မှာပဲ မင်းသမီး (၂)ဦးနဲ့အတူ သီရိစံ အနေအထား ရိုက်ကူးထားရင်း မင်းသမီးတွေကတော့ ပါရင်ရဲ့ စွမ်းဆောင်ရည်တွေကို အလွန်သဘောကျနေပါတယ်။

Exit mobile version