ပုရိသာအကိုတော်ညီတော်တွေအားလုံးရဲ့ အသည်းစွဲဖြစ်တဲ့ နာမည်ကြီး အပြာမင်းသမီး (လက်ရှိမှာတော့ အပြာလောကထဲကနေ အနားယူနေတဲ့) မီအာခါလီဖာကတော့ ဘောလုံးအားကစားကို ဝါသနာပါသူပီပီ ဘောလုံးပွဲတွေကို ကြည့်ရှုအားပေးဖြစ်သလို သူကြည့်ရှုဖြစ်တဲ့ ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲအတွင်း သူမသဘောကျရတဲ့ ဘောလုံးသမား(၁၁)ယောက်ကို သူမစိတ်ကြိုက်အသင်းအဖြစ် ရွေးချယ်လိုက်ပြီး ဒီအသင်းမှာ မထင်မှတ်ထားတဲ့ ကစားသမားတွေလည်း ပါဝင်လာခဲ့ပါတယ်။

 

Photo Credit : The Sun

အသက်(၂၇)နှစ်အရွှယ် လက်ဘနွန်-အမေရိကန်နွယ်ဖွား မီအာခါလီဖာဟာ အပြာရုပ်ရှင်နယ်ပယ်မှာ အရမ်းကို ကျော်ကြားခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ခဲ့ပြီး သူမရဲ့အပြာဇာတ်ကားတချို့မှာလည်း ကြည့်ရှသူသန်းချီအထိရှိအောင် အောင်မြင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒီလို အပြာနယ်ပယ်မှာ အပီအပြင် အောင်မြင်ထားတဲ့ မီအာခါလီဖာဟာ ပရီးမီးယားလိဂ် ဝက်စ်ဟမ်းယူနိုက်တက်အသင်းကို အားပေးသူဖြစ်ပြီး သူကြည့်ရှဖြစ်နေတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှ သူသဘောအကျဆုံးဖြစ်တဲ့ ကစားသမားတွေကိုပါ ရွေးချယ်ကာ မစ်ဇ်ခါလီဖာရဲ့ အကြိုက်ဆုံးအသင်းအဖြစ်ပါ သတ်မှတ်ထားပါတယ်။

Photo Credit : Premier League

မီအာခါလီဖာရဲ့ သဘောအကျဆုံး ကစားသမားစာရင်းရဲ့ ဂိုးသမားနေရာမှာ ဘရိုက်တန်အသင်းရဲ့ ဂိုးသမား မတ်သရူးရိုင်ယန် ပါဝင်နေပြီး ခံစစ်မှာကတော့ လီဗာပူးလ်ခံစစ်မှူးဗန်ဒိုက် မန်ချက်စတာယူနိုက်တက် ခံစစ်ကစားသမား မက်ဂွိုင်းယား မန်စီးတီးညာနောက်ခံလူဝေါ်ကာနဲ့ ဘယ်နောက်ခံနေရာမှာတော့ သူအားပေးနေတဲ့ ဝက်စ်ဟမ်းအသင်းက ကွင်းလယ်လူ ဒစ်ကလန်ရိုက်စ်တို့ကို ရွေးချယ်ထားပါတယ်။ ကွင်းလယ်ပိုင်းမှာတော့ ဘရိုက်တန်ကွင်းလယ်လူ အာရွန်မွိုင်း ကွင်းလယ်တိုက်စစ်နေရာမှာ ဝက်စ်ဟမ်းကစားသမား ဖီလစ်ပီအန်ဒါဆန်နဲ့ ဘယ်ညာတောင်ပံနှစ်ဖက်မှာတော့ မန်စီးတီးတောင်ပံလူ စတာလင်းနဲ့ မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား ဒင်နီရယ်ဂျိမ်းစ်တို့ကို ရွေးချယ်ထားခဲ့ပါတယ်။ တိုက်စစ်ကစားသမား(၂)ယောက်နေရာမှာတော့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလာနဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းတို့ကို မီအာခါလီဖာက ရွေးချယ်ထားပြီး သူမရဲ့အကြိုက်ဆုံးကစားသမားက ဖီလစ်ပီအန်ဒါဆန်ဖြစ်တယ်လို့ သိရပါတယ်။