မနေ့က စနေ့ည ဘောလုံးပွဲစဉ်တွေထဲကမှ ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြန်လည်ပွဲဦးထွက်ခဲ့ခြင်းနဲ့ ပွဲဦးထွက်မှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်းကိုသာ လူပြောများကြပေမယ့်လည်း တကယ်တမ်းတော့ ဒီပွဲမှာ ရော်နယ်လ်ဒိုလိုပဲ မဖြစ်မနေ ချီးကျူးသင့်တဲ့ ကစားသမားတစ်ဦးလည်း ရှိနေပါသေးတယ်။ သူကတော့ မနေ့က ပွဲစဉ်မှာ ဘရူနိုဖာနန်ဒက်စ်နဲ့ ဂျက်ဆီလင်ဂတ်တို့ရဲ့ သွင်းဂိုးတွေအတွက် ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာပါ၊

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာက ဒီနှစ်ဘောလုံးရာသီအတွင်းမှာ သူရဲ့ဂိုးဖန်တီးမှုစွမ်းရည်ကို အကောင်းဆုံး ပြသထားနိုင််ခဲ့ပြီး အခုလည်း ပရီးမီးယားလိဂ်ပွဲစဉ် (၄)ပွဲသာ ကစားလို့အပြီးမှာပဲ ဂိုးဖန်တီးမှုကို (၇)ကြိမ်တောင် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ပေါ့ဘာဟာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အတွင်းမှာပဲ ဂိုးဖန်တီးမှု (၄)ကြိမ်အထိပါ လုပ်ဆောင်နိုင်ခဲ့သလို ဆောက်သမ်တန်အသင်းနဲ့ စိန့်မေရီကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့ချိန်မှာလည်း ဂရင်းဝုဒ်ရဲ့ ချေပဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။

Photo Credit : Sport News

ဝုလ်ဗ်အသင်းကို အနိုင်ခဲ့ရတဲ့ ပွဲစဉ်(၃)မှာသာ ဂရင်းဝုဒ်ရဲ့ အနိုင်ဂိုးကို ပေါ့ဘာ မဖန်တီးနိုင်ခဲ့တာ ဖြစ်ပေမယ့် မနေ့ညက ပွဲစဉ်အတွင်းမှာတော့ ဖာနန်ဒက်စ်ရဲ့ အလန်းစားသွင်းဂိုးနဲ့ လင်ဂတ်ရဲ့ ပွဲသိမ်းအနိုင်ဂိုးတွေအားလုံးကို ပေါ့ဘာက ဖန်တီးပေးနိုင်ခဲ့တာကြောင့် အခုဆိုရင် သူရဲ့ ဂိုးဖန်တီးမှုက (၇)ကြိမ်အထိကို ရှိလာခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် နယူးကာဆဲလ််နဲ့ ပွဲစဉ်မှာ အသင်းနဲ့ နှစ်ပေါင်းများစွာအကြာမှ ပြန်လည်လက်တွဲခဲ့တဲ့ ရော်နယ်လ်ဒိုလည်း ဂိုး(၂)ဂိုး သွင်းယူနိုင်ခဲ့သလို အသင်းရဲ့ Assist King ဖြစ်လို့နေတဲ့ ပေါ့ဘာကလည်း သူရဲ့ Assist (၂)ကြိမ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ တကယ်တော့ ပေါ့ဘာဟာ ပြီးခဲ့တဲ့ နွေစျေးကွင်အတွင်းက အနာဂတ် လှုပ်ခတ်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အခုအချိန်ထိလည်း လပိုင်းသာ ကျန်ရှိနေတော့တဲ့ သူရဲ့စာချုပ်သက်တမ်းကိုလည်း သက်တမ်းတိုးဖို့ကိုလည်း အသင်းဘက်က ကမ်းလှမ်းမှုကို လက်မခံနိုင်သေးပဲ ဖြစ်နေပါတယ်။ ဒါပေမယ့် အခုလို စွမ်းဆောင်ရည်ကောင်းတွေ ပြသလျက်ရှိနေတဲ့ ပေါ့ဘာကိုတော့ ယူနိုက်တက်ဘက်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ဖွယ်မရှိပဲ အရသက်တမ်းတိုးဖွယ်သာ ရှိနေပါတယ်။