မန်ချက်စတာယူနိုက်တက်အသင်း သူတို့ရဲ့အိမ်ကွင်းအိုးထရက်ဖိုဒ့်မှာ ဘန်လေအသင်းကို အရေးမနိမ်ခဲ့တာဆိုရင် နှစ်ပေါင်းခြောက်ဆယ်နီးပါးလောက်အထိကို ကြာမြင့်လို့နေပြီဖြစ်ပြီး မနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၄)မှာတော့ ဘန်လေကို ယူနိုက်တက်က သူတို့အိမ်ကွင်းမှာပဲ ၂ဂိုး ဂိုးမရှိနဲ့ကို အရှက်တကွဲ အကျိုးနည်းစွာနဲ့ အရှံးပေးခဲ့ရပါတယ်။ ဒီရှံးပွဲက ယူနိုက်တက်အသင်းအတွက် အတော်လေးကို ထိခိုက်နစ်နာစေခဲ့ရပြီး  လန်ဒန်ဒါဘီမှာ အမှတ်လျော့ထားခဲ့တဲဲ့ ချယ်လ်ဆီးအသင်းရဲ့ ခြေချော်မှုကို အခွင့်ကောင်းယူနိုင်ခဲ့သင့်ပါလျက်နဲ့ သွင်းဂိုးတောင်ပြန်ရယူနိုင်ခြင်းမရှိပဲ အရှံးပေးခဲ့ရပါတယ်။

Photo Credit : Getty Images

ဒီရှံးပွဲကြောင့် ယူနိုက်တက်ပရိသတ်များစွာအပြင် ပေါစခိုး ဖာဒီနန်တို့လို ယူနိုက်တက်အသင်းရဲဲ့စီနီယာကစားသမားတွေကိုပါ စိတ်ပျက်စေခဲ့ရပြီး ပေါစခိုးကတော့ ဒီလိုအချိန်မှာ အသင်းရဲ့အဓိက ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာ ဒဏ်ရာပြန်ကောင်းလာမယ်ဆိုရင်တောင် သူရဲ့စိတ်နေစိတ်ထားကြောင့် အသင်းကို ဘာမှကူညီနိုင်မှာဟုတ်ဘူးလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဒဏ်ရာကြောင့် လပေါင်းများစွာ အနားယူခဲ့ပြီးနောက် ယူနိုက်တက်အတွက် ပွဲအနည်းငယ် ပြန်လည်ကစားပေးနိုင်ခဲ့ပေမယ့်လည်း ဒူးဒဏ်ရာ ထပ်ရခဲ့တာကြောင့် ထပ်ပြီးအနားယူနေရတာဖြစ်ကာ မတ်လလောက်မှသာ ပြန်လည်ကစားနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Huapzau

ဒီကိစ္စနဲ့ပတ်သက်ပြီး ပေါ့ဘာက “ကျွန်တော်ကတော့ သူအနေနဲ့ အရင်လိုပုံစံကောင်းမျိုးကို ပြန်ရနိုင်တော့မယ်လို့ မထင်ပါဘူး။ ဒဏ်ရာကနေ ပြန်ကောင်းလာခဲ့မယ်ဆိုရင်တောင်ပေါ့။ သူ့ကို ကြည့်ရတာ တစ်ခုခုကိုလုပ်ချင်လို့ ဒါမှမဟုတ် ဒီမှာမကစားချင်တော့လို့ ညည်းညူနေသလို ပုံစံမျိုးဖြစ်နေတယ်။ ဒီအသင်းမှာ ဆက်မကစားရတော့အောင် ကြိုးစားနေသလိုပါပဲ။ ညကပွဲမှာ အသင်းရဲ့အဓိက ကစားသမားတွေ လွဲချော်ထားခဲ့ရတယ်ဆိုပေမယ့် ဒီလူစာရင်းနဲ့ကတော့ ဘန်လေကို အနိုင်ယူနိုင်ခဲ့သင့်ပါတယ်။ ဒီလိုပုံစံနဲ့ဆို နောက်၄-၅ပတ်လောက်အထိ ယူနိုက်တက်အသင်း ရုန်းကန်နေရဦးမှာဖြစ်လို့ ဒါကိုတော့ ကျွန်တော်စိုးရိမ်မိပါတယ်။ တွမ်မီနေးရော ရပ်ဖိုဒ့်ရောပါ လအနည်းငယ်တော့ အနားယူရဦးမှာဖြစ်လို့ သူတို့ပြန်ကစားနိုင်မယ့် အချိန်ကို စောင့်ဆိုင်းရမှာပါ။ အခုအချိန်ကတော့ သူတို့တွေအတွက် အခက်ခဲဆုံးကာလဖြစ်နေမှာတော့ အသေအချာပဲ” လို့ အင်တာဗျူးတစ်ခုမှာ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ေပါ့ဘာျပန္ပါလာလည္း အသင္းအတြက္ အလုပ္ျဖစ္မွာမဟုတ္ဘူးလို႔ ေပါစခုိးဖြင့္ဟ

မန္ခ်က္စတာယူႏုိက္တက္အသင္း သူတုိ႔ရဲ႕အိမ္ကြင္းအုိးထရက္ဖုိဒ့္မွာ ဘန္ေလအသင္းကို အေရးမနိမ္ခဲ့တာဆုိရင္ ႏွစ္ေပါင္းေျခာက္ဆယ္နီးပါးေလာက္အထိကုိ ၾကာျမင့္လုိ႔ေနၿပီျဖစ္ၿပီး မေန႔ညက ကစားသြားခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္(၂၄)မွာေတာ့ ဘန္ေလကုိ ယူႏုိက္တက္က သူတုိ႔အိမ္ကြင္းမွာပဲ ၂ဂုိး ဂုိးမရွိနဲ႔ကုိ အရွက္တကြဲ အက်ိဳးနည္းစြာနဲ႔ အရွံးေပးခဲ႔ရပါတယ္။ ဒီရွံးပြဲက ယူႏုိက္တက္အသင္းအတြက္ အေတာ္ေလးကုိ ထိခုိက္နစ္နာေစခဲ႔ရၿပီး  လန္ဒန္ဒါဘီမွာ အမွတ္ေလ်ာ့ထားခဲ႔တဲဲ႔ ခ်ယ္လ္ဆီးအသင္းရဲ႕ ေျခေခ်ာ္မႈကုိ အခြင့္ေကာင္းယူႏုိင္ခဲ႔သင့္ပါလ်က္နဲ႔ သြင္းဂုိးေတာင္ျပန္ရယူႏုိင္ျခင္းမရွိပဲ အရွံးေပးခဲ႔ရပါတယ္။

Photo Credit : Getty Images

ဒီရွံးပြဲေၾကာင့္ ယူႏုိက္တက္ပရိသတ္မ်ားစြာအျပင္ ေပါစခုိး ဖာဒီနန္တုိ႔လုိ ယူႏုိက္တက္အသင္းရဲဲ႕စီနီယာကစားသမားေတြကုိပါ စိတ္ပ်က္ေစခဲ႔ရၿပီး ေပါစခုိးကေတာ့ ဒီလုိအခ်ိန္မွာ အသင္းရဲ႕အဓိက ကြင္းလယ္ကစားသမား ေပါလ္ေပါ့ဘာ ဒဏ္ရာျပန္ေကာင္းလာမယ္ဆုိရင္ေတာင္ သူရဲ႕စိတ္ေနစိတ္ထားေၾကာင့္ အသင္းကုိ ဘာမွကူညီႏုိင္မွာဟုတ္ဘူးလုိ႔ ေဝဖန္ေျပာဆုိလုိက္ပါတယ္။ ျပင္သစ္ကြင္းလယ္ကစားသမား ေပါ့ဘာဟာ ဒဏ္ရာေၾကာင့္ လေပါင္းမ်ားစြာ အနားယူခဲ႔ၿပီးေနာက္ ယူႏုိက္တက္အတြက္ ပြဲအနည္းငယ္ ျပန္လည္ကစားေပးႏုိင္ခဲ့ေပမယ့္လည္း ဒူးဒဏ္ရာ ထပ္ရခဲ႔တာေၾကာင့္ ထပ္ၿပီးအနားယူေနရတာျဖစ္ကာ မတ္လေလာက္မွသာ ျပန္လည္ကစားႏုိင္ဖြယ္ ရွိေနပါတယ္။

Photo Credit : Huapzau

ဒီကိစၥနဲ႔ပတ္သက္ၿပီး ေပါ့ဘာက “ကြ်န္ေတာ္ကေတာ့ သူအေနနဲ႔ အရင္လုိပုံစံေကာင္းမ်ိဳးကုိ ျပန္ရႏုိင္ေတာ့မယ္လုိ႔ မထင္ပါဘူး။ ဒဏ္ရာကေန ျပန္ေကာင္းလာခဲ႔မယ္ဆုိရင္ေတာင္ေပါ့။ သူ႔ကုိ ၾကည့္ရတာ တစ္ခုခုကုိလုပ္ခ်င္လုိ႔ ဒါမွမဟုတ္ ဒီမွာမကစားခ်င္ေတာ့လုိ႔ ညည္းညဴေနသလုိ ပုံစံမ်ိဳးျဖစ္ေနတယ္။ ဒီအသင္းမွာ ဆက္မကစားရေတာ့ေအာင္ ႀကိဳးစားေနသလုိပါပဲ။ ညကပြဲမွာ အသင္းရဲ႕အဓိက ကစားသမားေတြ လြဲေခ်ာ္ထားခဲ႔ရတယ္ဆုိေပမယ့္ ဒီလူစာရင္းနဲ႔ကေတာ့ ဘန္ေလကုိ အႏုိင္ယူႏုိင္ခဲ႔သင့္ပါတယ္။ ဒီလုိပုံစံနဲ႔ဆုိ ေနာက္၄-၅ပတ္ေလာက္အထိ ယူႏုိက္တက္အသင္း ရုန္းကန္ေနရဦးမွာျဖစ္လုိ႔ ဒါကုိေတာ့ ကြ်န္ေတာ္စုိးရိမ္မိပါတယ္။ တြမ္မီေနးေရာ ရပ္ဖုိဒ့္ေရာပါ လအနည္းငယ္ေတာ့ အနားယူရဦးမွာျဖစ္လုိ႔ သူတုိ႔ျပန္ကစားႏုိင္မယ့္ အခ်ိန္ကုိ ေစာင့္ဆုိင္းရမွာပါ။ အခုအခ်ိန္ကေတာ့ သူတို႔ေတြအတြက္ အခက္ခဲဆုံးကာလျဖစ္ေနမွာေတာ့ အေသအခ်ာပဲ” လုိ႔ အင္တာဗ်ဴးတစ္ခုမွာ ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။