မန်ယူအသင်းရဲ့ ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ပေါလ်ပေါ့ဘာကတော့ သူဟာ ငယ်စဉ်က အာဆင်နယ်အသင်းကို အားပေးခဲ့သူတစ်ဦး ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။ ပေါ့ဘာက သူဟာ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကစားသမားဖြစ်သူ အွန်နရီကို သဘောကျတာကြောင့် အာဆင်နယ်အသင်းကို အားပေးခဲ့တာလို့ ဆိုသွားခဲ့တာပါ။

မန်စီးတီးအသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမားဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗားက သူဟာ တစ်နေ့မှာ သူ့ရဲ့ငယ်ဘဝ အသင်းဖြစ်တဲ့ ဘင်ဖီကာအသင်းထံကို ပြန်သွားဦးမယ်လို့ တရားဝင် ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ ဘာနာဒိုဟာ ဘင်ဖီကာအသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပြီး အဲ့ဒီနောက်မှာတော့ မိုနာကိုအသင်း ၊ မိုနာကို အသင်းကနေမှတဆင့် မန်စီးတီးအသင်းထံကို ရောက်လာခဲ့သူ တစ်ဦးပါ။

Photo Credit: BBC.com

အာဆင်နယ်အသင်းဟာ ဘာစီလိုနာအသင်း ကနေ ဘိုင်ယန်မြူးနစ်အသင်းထံကို အငှားနဲ့ သွားရောက် ကစားနေတဲ့ ကွင်းလယ်လူ ကော်တင်ဟိုကို ချယ်လ်ဆီးအသင်းနဲ့အပြိုင် ခေါ်ယူဖို့အတွက် ကြိုးစားလာတယ်လို့ စပိန်သတင်းဌာနတွေက ဖော်ပြလိုက်ကြပါတယ်။ အာဆင်နယ်အသင်းဟာ ကော်တင်ဟို ကို ပြောင်းရွှေ့ကြေး ပေါင်၇၅သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့လဲ သိရပါတယ်။

အင်တာမီလန်အသင်းဟာ သူတို့အသင်းရဲ့ အာဂျင်တီးနား တိုက်စစ်မှူးဖြစ်တဲ့ မာတီနက်စ် ကို ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်းနဲ့ အလဲအထပ် လုပ်ဖို့ စိတ်ဝင်စားနေတယ် လို့ အီတလီသတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အင်တာမီလန်အသင်းဟာ သူတို့ အသင်းရဲ့ခံစစ်မှူး ဂိုဒင်နဲ့ ဂရစ်ဇ်မန်းတို့ ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိတာကြောင့် ဂရစ်ဇ်မန်းအနေနဲ့ အင်တာမီလန်အသင်းကို လာကစားဖို့ မျှော်လင့်ထားကြတယ်လို့လည်းညသိထားရပါတယ်။

Photo Credit: BBC.com

တစ်ပတ်လုပ်ခ ပေါင်၈၅၀သာ ရရှိတဲ့ နယူးကာဆယ်အသင်းရဲ့ ကွင်းလယ်လူ မက်သယူး လောင်းစတပ်ဖ်ဟာ သူ့ရဲ့လစာတွေထဲက ၃၀ ရာခိုင်နှုန်းကို အသင်းရဲ့ပရဟိတ စုဆောင်းငွေထဲကို ထည့်ဝင်လှူဒါန်းနေတယ်လို့ အင်္ဂလန် သတင်းစာတွေရဲ့ ဖော်ပြချက်တွေအရ သိရှိရပါတယ်။ နယူးကာဆယ်အသင်းရဲ့ ပရဟိတငွေ အများစုကိုတော့ ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေးအတွက် အသုံးပြုနေပါတယ်။ Great Job ပါပဲ မက်သယူးရေ…။

အာဂျင်တီးနားအသင်းတစ်သင်း ဖြစ်တဲ့ အင်ဒီပန်ဒီယမ့်အသင်းဟာ သူတို့အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ အဂူရိုကို ပြန်လည် ခေါ်ယူဖို့အတွက် ကြိုးစားနေတယ် လို့ အင်ဒီပန်ဒီယမ့်အသင်းရဲ့ နည်းပြလည်းဖြစ် ၊ အဂူရိုရဲ့ အသင်းဖော်ဟောင်းလဲဖြစ်တဲ့ Pusineri က ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။ Pusineri က သူတို့အသင်းဟာ အဂူရိုအတွက် နံပါတ်၁၀ကို ချန်ထားကြောင်းနဲ့ အဂူရိုက သူတို့အသင်းကို ပြန်လာမယ်လို့ မျှော်လင့်ထားတယ် လို့ ဆိုသွားခဲ့တာပါ။