မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဖီးလ် နဗီးလ်က ပေါ့ဘာဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်စတဲ့ အချိန်မှာ မန်ယူအသင်းအတွက် ကစားမယ်ဆိုရင် မန်ယူအသင်းက ပရီးမီးယား လိဂ် ဖလားကို ရရှိဖို့ အခွင့်အရေး ပို များတယ်လို့ အခိုင်အမာ ပြောကြားသွားတာ ဖြစ်ပါတယ်။ ပေါ့ဘာဟာ ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့တာကြောင့် မန်ယူအသင်းအတွက် မကစားနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ လက စပြီး မန်ယူအသင်းနဲ့ အတူ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ပြီ ဖြစ်ပြီး လက်ရှိရာသီမှာ ဒဏ်ရာကြောင့် နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းအတွက် ပွဲစဉ် (၈) ပွဲပဲ ကစားနိုင်ခဲ့ပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဇန်နာဝါရီလမှာ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူပြီးတဲ့နောက် နောက်ဆုံး ကစားထားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၁) ပွဲဆက် ရှုံးပွဲ မရှိခဲ့တာကြောင့် အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းနဲ့ ရမှတ် (၃) မှတ်အကွာ အဆင့် (၅) နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်စပြီ ဆိုရင် စပါးအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး မန်ယူအသင်းရဲ့ ကွင်းလယ်လူဟောင်း ဖီးလ် နဗီးလ်က ပေါ့ဘာ ကစားမယ် ဆိုရင် မန်ယူအသင်းအနေနဲ့ လိဂ်ဖလား ရရှိဖို့ အခွင့်အရေး ပို များတယ်လို့ ပြောသွားပါတယ်။

Photo Credit: Goal

ဖီးလ် နဗီးလ်က “ပေါ့ဘာက ဝေဖန်မှုတွေ ခံခဲ့ရတယ်။ မန်ယူအသင်း ရှုံးတယ်ဆိုရင် ပေါ့ဘာရဲ့ အမှား ဖြစ်သွားတယ်။ မန်ယူအသင်းက အနိုင်ရပေမယ့် ပေါ့ဘာက မကစားဘူး ဆိုရင်လည်းပဲ ပေါ့ဘာရဲ့ အမှား ဖြစ်ပြန်တယ်။ အခုတော့ သူ ဖာနန်ဒက်စ်နဲ့ တွဲကောင်း တွဲကစားနိုင်ပါတယ်။ သူတို့နှစ်ဦး တွဲကစားရင် ပေါ့ဘာက ဖိအားပိုနည်းသွားမယ်။ ပြီးတော့ ပေါ့ဘာရဲ့ တိုးတတ်မှုကို မြင်ရလိမ့်မယ်။ ပေါ့ဘာက ကောင်းစွာ ကစားမယ် ဆိုရင် မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ အခွင့်အရေး ပို များပါတယ်။ ပေါ့ဘာ ကောင်းစွာ ကစားတဲ့ ပွဲတွေမှာ ဆိုရင် ကျွန်တော် သူ့ကို ကမ္ဘာ့ အဆင့် ကစားသမားလို မြင်တယ်။ သူက ကမ္ဘာ့ဖလားကို ရရှိခဲ့တယ်။ ပေါ့ဘာ ပါရင် မန်ယူအသင်းက မန်စီးတီး နဲ့ လီဗာပူးလ်ကို စိန်ခေါ်နိုင်မယ်”လို့ ပြောခဲ့ပါတယ်။