လက်ရှိမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းက ၂နှစ်သာကျန်ရှိနေတော့ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ကိုလည်း လုံးဝလုပ်ဆောင်ခြင်းမရှိတဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ အခုဆိုရင်တော့ သူရဲ့ခြေချင်းဝတ်ဒဏ်ရာကနေ အရှင်းပျောက်ကင်းလာခဲ့ပြီဖြစ်လို့ အသင်းနဲ့အတူ ပြန်လည်ပွဲထွက်ကစားဖို့ ရှိနေသလို သူရဲ့ ယူနိုက်တက်အသင်းမှာလည်း လတ်တလောမှာ ရလဒ်တွေအလွန်ကောင်းမွန်နေပြီး လမ်းကြောင်းမှန်ပေါ်ရောက်ရှိနေတာကြောင့် အသင်းမှာ နောက်ထပ်နှစ်အနည်းငယ်အထိ ဆက်လက်ရှိနေဖို့ စိတ်ပါဝင်စားလာခဲ့တယ်လို့ Mail Online ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Getty Image

အသက်၂၆နှစ်အရွှယ် ပြင်သစ်ကွင်းလယ်ကစားသမားပေါ့ဘာဟာ ဒီနှစ်ဘောလုံးရာသီအစလောက်ကတည်းက အသင်းနဲ့ လမ်းခွဲတော့မယ်လို့ သတင်းထွက်ခဲ့သူဖြစ်ပြီး သူရဲ့အနာဂတ်က တစ်ရာသီလုံးမှာ အလှုပ်ခတ်ဆုံး အခြေအနေတစ်ခုထိ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် သူရဲ့ခြေချင်းဝတ်ဒဏ်ရာကြောင့်လည်း တစ်ရာသီလုံးနီးပါး အနားယူနေရခဲ့ရပြီး အသင်းအတွက် ပါဝင်ကစားခဲ့ရတဲ့ ပွဲအရေအတွက်ကလည်း အလွန်ကို နည်းပါးလာခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ပေါ့ဘာက အသင်းအတွက်လည်း ပြန်ကစားနိုင်တော့မှာဖြစ်သလို အသင်းနဲ့တောင် စာချုပ်သစ်ကိစ္စတွေအထိပါ ထပ်တိုးဆွေးနွေးဆောင်ရွှက်ဖွယ်ရှိနေတယ်လို့ ဗြိတိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Getty Image

ယူနိုက်တက်အသင်းဟာ လက်ရှိမှာ ပြိုင်ပွဲစုံ(၁၀)ပွဲဆက်တိုက်ကို ရှံးပွဲလုံးဝမရှိထားခဲ့ပဲ Form တအားကောင်းမွန်လျက်ရှိနေတာကြောင့်မို့ ပေါ့ဘာကိုယ်တိုင်က ဒီအနေအထားကို သဘောကျလျက်ရှိနေပြီး အသင်းအနေနဲ့ လိဂ်ချန်ပီယံဖလားကို စိန်ခေါ်လာနိုင်တဲ့ အခြေအနေဖြစ်နေတာကြောင့်မို့ အသင်းနဲ့ စာချုပ်သစ်ရေးထိုးဖို့ စဉ်းစားလာခဲ့ပါတယ်။ လက်ရှိမှာ ပေါ့ဘာရဲ့အကိုဖြစ်သူနဲ့ ပေါ့ဘာရဲ့အေးဂျင့်ဖြစ်သူ မီနီရွိုင်အိုလာတို့ကတော့ သူတို့ကစားသမားကို ယူနိုက်တက်ကနေ ထွက်ခွာစေချင်နေပြီး ပေါ့ဘာရဲ့အကိုကတော့ သူ့ညီကို ရီးရဲလ်မက်ဒရစ်အသင်းဆီကိုသာ ပြောင်းရွှေ့စေချင်နေသလို ရွိုင်အိုလာကတော့ သူရဲ့ကစားသမားကို ရီးရဲလ် ဒါမှမဟုတ် ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းစေချင်နေပါတယ်။ ဒါပေမယ့် အသင်းကနေ ထွက်ခွာချင်တယ်လို့ တရားဝင်မပြောဆိုထားဖူးသေးတဲ့ ပေါ့ဘာရဲ့အနာဂတ်ဟာ ယူနိုက်တက်အသင်း လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရမရနဲ့ သက်ဆိုင်နေမှာ သေချာပါတယ်။