MySport Myanmar

ဂျုဗင်တပ်စ်အသင်းကနေ ဒုတိယအကြိမ်အဖြစ် စွန့်ခွာသွားခဲ့ပြန်တဲ့ ပေါ့ဘာ

ဂျုဗင်တပ်စ်အသင်းရဲ့ ပြင်သစ် ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဘာကတော့ တားမြစ်ဆေး ပြဿနာကြောင့် ကာလအတန်ကြာ ပွဲပယ်ဒဏ်ကနေ အယူခံ အောင်မြင်ခဲ့ပြီးနောက် လပိုင်းအတွင်းမှာပဲ ဂျုဗင်တပ်စ်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်ရင်း အခုဆို ပေါ့ဘာဟာ တရားဝင် free agent player တစ်ဦး ဖြစ်လာခဲ့ပါတယ်။

အသက် (၃၁)နှစ်အရွယ် ပြင်သစ် လက်ရွေးစင်ဟောင်း ကွင်းလယ်လူ ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် လူငယ်အသင်းကနေ ဂျုဗင်တပ်စ်ဆီ ပြောင်းရွှေ့ချိန်မှ သူရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ ဂျုဗင်တပ်စ်မှာ စတင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ပေါ့ဘာဟာ ဂျုဗင်တပ်စ်နဲ့အတူ အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ပါတယ်။

Photo Credit : BeSoccer

ဂျုဗင်တပ်စ်နဲ့ (၄)နှစ်ကြာ ဖြတ်သန်းပြီး အသင်းဟောင်း ယူနိုက်တက်ဆီ ပြန်ရောက်သွားတဲ့ ပေါ့ဘာက ယူနိုက်တက်နဲ့ (၆)နှစ် ဖြတ်သန်းခဲ့ပြီးနောက် ဂျုဗင်တပ်စ်ဆီကို ထပ်မံ ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။ ပေါ့ဘာရဲ့ ဂျုဗင်တပ်စ်ဆီ နောက်တစ်ကြိမ် အပြန်ခရီးစဉ်ကတော့ ချောမွေ့ခဲ့ခြင်း မရှိဘဲ ရာသီမစခင်မှာပဲ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူခဲ့ရပါတယ်။

ဒါ့အပြင် နောက်ရာသီမှာလည်း တားမြစ်ဆေး သုံးစွဲထားတဲ့ ပြဿနာကြောင့် (၄)နှစ်အထိတောင် နှစ်ရှည် ပွဲပယ်ပြစ်ဒဏ်ပါ ကျခံလိုက်ရပေမယ့် သူရဲ့အယူခံ အောင်မြင်သွားတာကြောင့် (၄)နှစ်ကနေ (၁၈)လအထိ ပွဲပယ်ပြစ်ဒဏ်ကို လျော့ချခံလိုက်ရပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ ပေါ့ဘာကို ဂျုဗင်တပ်စ်ဘက်က လက်တွဲဖြုတ်ချင်လာခဲ့ပြီး ပေါ့ဘာကလည်း ဂျုဗင်တပ်စ်နဲ့ စာချုပ်ဖျက်သိမ်းချင်လာခဲ့ပါတယ်။

Photo Credit : Eurosport

ဒီလို နှစ်ဖက်လုံး လက်တွဲဖြုတ်ချင်နေကြတဲ့ ပေါ့ဘာဟာ ဂျုဗင်တပ်စ်အသင်းတို့ဟာ အခုတော့ စာချုပ်ဖျက်သိမ်းမှုကို တရားဝင် လုပ်ဆောင်နိုင်ခဲ့ကြပြီဖြစ်လို့ ပေါ့ဘာဟာလည်း အသင်းလက်မဲ့ ကစားသမားပါ ဖြစ်သွားခဲ့ပါတယ်။ အခုတော့ ပေါ့ဘာက သူ့စိတ်ကြိုက် ကလပ်အသင်း တစ်သင်းသင်းဆီကို ရွေးချယ် ပြောင်းရွှေ့နိုင်တော့မှာလည်း ဖြစ်ပါတယ်။

ပေါ့ဘာဟာ လာမယ့် ၂၀၂၅ မတ်လမှာပဲ ဘောလုံးပြန်ကစားခွင့် ရရှိတော့မှာဖြစ်ပြီး ဇန်နဝါရီမှာ သက်ဆိုင်ရာ ကလပ်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့် ပြန်ရတော့မှာ ဖြစ်ပါတယ်။ ပေါ့ဘာကတော့ လက်ရှိမှာ အမေရိကန်နိုင်ငံ မိုင်ယာမီမြို့ထဲ training အစီအစဉ် လုပ်ဆောင်လို့နေပြီး ပရီးမီးယားလိဂ်နဲ့ မေဂျာလိဂ်အသင်းတွေဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိလို့နေပါတယ်။

Exit mobile version