MySport Myanmar

ဂျာစီသစ်လေးနဲ့ ပွဲထွက်ချိန်မှ ဒဏ်ရာ ထပ်ရသွားရပြန်တဲ့ ပေါ့ဘာ

ပေါလ်ပေါ့ဘာကတော့ ဒဏ်ရာ ကျိန်စာတွေကနေ မလွတ်မြောက်နိုင်သော ကစားသမားလို့တောင် သတ်မှတ်ရမယ့် အခြေအနေတောင် ဖြစ်နေပါပြီ။ ဂျုဗင်တပ်စ်အသင်းဆီ ဒုတိယအကြိမ် ပြန်လည် ပြောင်းရွှေ့လာချိန် ရာသီကုန်ခါနီးမှသာ အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပထမဆုံး ကစားခွင့်ရခဲ့တဲ့ ပွဲစဉ်မှာပဲ ဒဏ်ရာ ရရှိသွားပြန်လို့ ဆက်မကစားနိုင်တော့ပဲ လူစားလဲသွားခဲ့ရပါတယ်။

Photo Credit : Twitter

မန်ယူနိုက်တက်အသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထပ်မံ ပြောင်းရွှေ့ခဲ့တဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ ရာသီကြို ခြေစမ်းပွဲမှာပဲ ဒူးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဇန်နဝါရီလကုန်ပိုင်းလောက်အထိ အနားယူခဲ့ရပြီး တစ်ဆက်တည်းမှာ ကြွက်သားဒဏ်ရာ ထပ်မံ ရရှိခဲ့ပြန်လို့ ဖေဖော်ဝါရီလကုန်အထိ ဆက်လက် အနားယူခဲ့ရပါတယ်။ အဲ့ဒီနောက် ဂျုဗင်ရဲ့ စီးရီးအေ (၂)ပွဲဆက်ကို ကစားခွင့်ရခဲ့ပြီး စည်းကမ်းပိုင်း အားနည်းချက်ကြောင့် ဖရိုင်းဘတ်နဲ့ ယူရိုပါလိဂ်ပွဲကိုပါ အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။

Photo Credit : Twitter

ဆက်လက်ပြီး ပေါ့ဘာဟာ muscle injury ကြောင့် ဧပြီလဆန်းပိုင်းလောက်အထိ ထပ်ပြီး အနားယူခဲ့ရပြန်ပြီး တစ်ရာသီအတွင်း ဒဏ်ရာ ပြသာနာတွေကြောင့် ပေါ့ဘာ လွဲချော်ခဲ့ရတဲ့ ပွဲစဉ်ပေါင်းဟာလည်း (၃၉)ပွဲအထိကို ရှိသွားခဲ့ရပါတယ်။ အခုလည်း ပေါ့ဘာဟာ ယူနိုက်တက်ကနေ ဂျုဗင်တပ်စ်ဆီ နောက်တစ်ကြိမ် ပြန်လည် ပြောင်းရွှေ့လာပြီးနောက်ပိုင်း အသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရချိန်မှာ ပွဲကစားချိန် မိနစ်(၂၀)ကျော်မှာပဲ ဒဏ်ရာ ရရှိသွားခဲ့လို့ လူစားလဲဖို့ တောင်းဆိုခဲ့ရတဲ့အထိ ပေါ့ဘာရဲ့ ဒဏ်ရာ အခြေအနေဟာ ထပ်မံ ပြင်းထန်သွားနိုင်ပါတယ်။

Photo Credit : Twitter

ဒါကြောင့် ဂျုဗင်တပ်စ်အသင်းအနေနဲ့ ဒီတစ်ကြိမ် ပေါ့ဘာကို ခေါ်ယူလိုက်တာက အရင်တစ်ခါလို အသင်းအတွက် အကျိုးရှိဖွယ် မရှိနိုင်တော့ပဲ သောကတွေသာ ဆက်ပေးသွားဖွယ်သာ ရှိနေပါတယ်။ ပိုဆိုးတာက အခုလို ဒဏ်ရာ မရသွားခင် ဂျုဗင်တပ်စ် နဲ့ ဖီအိုရင်တီးနား ပွဲစဉ်မှာပါ ပေါ့ဘာရဲ့ ဘောလုံး ဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး အသင်းနည်းပြ မက်စ်အယ်လီဂရီ နဲ့ ပေါ့ဘာတို့ကြား အဆင်မပြေမှုတွေ ရှိထားခဲ့ရပါသေးတယ်။

Exit mobile version