မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ မြောက် လန်ဒန် ဒါဘီ ပွဲစဉ်မှာ မန်ယူအသင်း နဲ့ စပါးအသင်း ကစားခဲ့စဉ်က မန်ယူအသင်းအတွက် ပင်နယ်တီ ရယူပေးနိုင်ခဲ့တဲ့ မန်ယူ ကွင်းလယ်လူ ပေါ့ဘာကို ကမ္ဘာ့ အဆင့် ကစားသမား ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ကွင်းလယ်လူ ပေါ့ဘာဟာ (၂၀၁၆) ခုနှစ်က နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ မန်ယူကို ဒုတိယ အကြိမ် ပြန်လည် ရောက်ရှိလာပြီးနောက် လက်ရွေးစင်အသင်းနဲ့ အတူ ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း ကလပ်အသင်းနဲ့ အတူ ခြေစွမ်းမပြနိုင်တဲ့ အချိန်တွေ များပြားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ပေါ့ဘာဟာ ကလပ်အသင်းနဲ့ အတူ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် သူ့ရဲ့ ခြေစွမ်းနဲ့ ပက်သက်ပြီး လူတွေ စတင် သံသယ ဝင်လာခဲ့ကြပေမယ့်လည်း စပါးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အရင်က ခြေစွမ်းကောင်းကို ပြန်လည် ရရှိနိုင်ခဲ့ပြီး သံသယရှိကြသူတွေရဲ့ ပါးစပ်ကို ပိတ်ပစ်ခဲ့ပါတယ်။ ပေါ့ဘာဟာ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်က ရုရှား ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့ အတူ ကမ္ဘာ့ ဖလား ရရှိခဲ့ပြီး မန်ယူ တိုက်စစ်မှူးဟောင်း အိုဝင်က ပေါ့ဘာကို စံချိန်မှီရုံ ကစားသမားမဟုတ်ဘဲ ကမ္ဘာ့အဆင့် ကစားသမား ဖြစ်ပါတယ်လို့ အခိုင်အမာ ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

မိုက်ကယ် အိုဝင်က “ကစားသမားတွေက ခြားနားတယ်။ သာမန် ပရီးမီးယားလိဂ် ကစားသမား နဲ့ ကျွန်တော်တို့ တစ်ချိန်လုံး ပြောနေတဲ့ ကစားသမားကြားမှာ ခြားနားမှု ရှိတယ်။ ပြိုင်ပွဲ ခက်ခဲတဲ့ အချိန်မှာ ပေါ့ဘာက ပင်နယ်တီကို ရယူပေးခဲ့တာက ပြောင်မြောက်တယ်။ ကစားသမားတွေက သာမန် ဖြစ်စဉ်ကို အသုံးချနိုင်ဖို့ လိုအပ်ပြီး ပေါ့ဘာက အဲဒီလို အရည်အချင်း ရှိပါတယ်။ အဲဒါက တောက်ပနေပါတယ်။ ပေါ့ဘာကသာ ပင်နယ်တီ မရဘူး ဆိုရင် မန်ယူအသင်း (၁-ဝ) နဲ့ ရှုံးခဲ့မှာပါ။ သူ့ရဲ့ ကစားဟန်က သိပ် ကောင်းပါတယ်။ ဒါတွေဟာ စံချိန်မှီရုံ ပရီးမီးယားလိဂ် ကစားသမားတွေ နဲ့ ကမ္ဘာ့ အဆင့် ကစားသမားတွေကြားက ခြားနားချက် ဖြစ်ပါတယ်”လို့ ပြောကြားသွားပါတယ်။