ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ အဓိက ကွင်းလယ်လူ ဖြစ်တဲ့ ပြင်သစ်သားကြီး ပေါ့ဘာ ကတော့ လက်ရှိ နွေစျေးကွက် အတွင်းမှာ မန်ယူအသင်းရဲ့ ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဒမ်ဘီလီကို မန်ယူအသင်းထံ ပြောင်းလာဖို့ အတွက် စည်းရုံးမှုတွေ ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ သိရှိ ရပါတယ်။ အသက် ၂၃ နှစ်အရွယ် ပြင်သစ် လူငယ် တောင်ပံ ကစားသမား ဒမ်ဘီလီဟာ စပိန်ကလပ် ဘာစီလိုနာ အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေထဲက တစ်ဦး ဖြစ်ပေမယ့် လက်ရှိ အချိန်မှာတော့ မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေသူ တစ်ဦးပါ။

Photo Credit: Goal

ဘာစီလိုနာ အသင်းဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ လိုင်ယွန် တိုက်စစ်မှူး ဒီပိုင်းနဲ့ မန်စီးတီး နောက်ခံလူ ဂါစီယာတို့ကို ခေါ်ယူချင် နေတာကြောင့် အသင်းမှာ ရှိတဲ့ ကစားသမားတွေထဲက တချို့ကို ရောင်းချသွားဖို့ လိုအပ်ပြီး လက်ရှိမှာတော့ ဒမ်ဘီလီကို မန်ယူအသင်းထံ ရောင်းချချင် နေပါတယ်။ မန်ယူအသင်းကတော့ ကနဦးမှာ ဒမ်ဘီလီကို တစ်ရာသီ အငှားနဲ့သာ ခေါ်ယူချင် ခဲ့ပေမယ့် သူတို့အသင်းရဲ့ ပထမ ဦးစားပေး ပစ်မှတ် ဖြစ်တဲ့ ဆန်ချိုကို ခေါ်ယူဖို့ မလွယ်ကူတော့တဲ့ အနေအထားကြောင့် ပြောင်းရွှေ့ကြေး သက်သာတဲ့ ဒမ်ဘီလီကို အပြီးသတ် ခေါ်ယူဖို့ ပြန်ပြောင်း စဉ်းစားနေကြောင်း နာမည်ကြီး ပြင်သစ် အခြေစိုက် သတင်းဌာန တစ်ခု ဖြစ်တဲ့ L’Enique က ဖော်ပြ သွားခဲ့ပါတယ်။

Photo Credit: Goal

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ ဘာစီလိုနာ အသင်းဟာ ဒမ်ဘီလီကို ဝယ်ယူစဥ်က သူတို့အသင်း ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၃၀ သန်းရဲ့ ထက်ဝက် နီးပါးသာ ရှိတဲ့ ပမာဏ တစ်ခု ဖြစ်တဲ့ ယူရို ၅၀ သန်း ဝန်းကျင် ရရှိရုံနဲ့ ဒမ်ဘီလီကို အပြီးသတ် ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ အဆိုအရတော့ ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့မှာ ကလပ်အသင်း နှစ်သင်းနည်းတူ အရေးပါတဲ့လူဟာ မန်ယူအသင်းရဲ့ အဓိက ကွင်းလယ်လူ ဖြစ်တဲ့ ပေါ့ဘာ ဖြစ်ပြီး ပေါ့ဘာဟာ ဒမ်ဘီလီကို မန်ယူအသင်းထံ လာကစားဖို့ စည်းရုံးမှုတွေ ပြုလုပ်ခဲ့သလို လက်ရှိမှာတော့ ဒမ်ဘီလီဟာ ပေါ့ဘာနဲ့အတူ မန်ယူအသင်းမှာ တွဲကစားဖို့ စိတ်ဆန္ဒ ပြင်းပျ နေပြီ ဖြစ်တယ် လို့ သိထား ရပါတယ် ခင်ဗျာ…။