ယမန်နေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ အာဆင်နယ် အသင်းကို ၁ ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ထိုပွဲမှာ ပေါ့ဘာ အနေနဲ့ မလုပ်သင့်တဲ့ အမှားတစ်ခုကို ကျုးလွန်ခဲ့ပြီး ထိုအမှားကြောင့် အာဆင်နယ် အသင်းကို ပင်နယ်တီ ခွင့်ပြုပေးခဲ့ရပါတယ်။ အဆိုပါ ပင်နယ်တီကနေ တဆင့် အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူး အူဘာမီယန်းက အာဆင်နယ်အသင်း အတွက် အနိုင်ဂိုးကို သွင်းယူ ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

အာဆင်နယ် အသင်းဟာ အဆိုပါပွဲစဉ်ရဲ့ ပထမပိုင်းမှာ တော်တော်လေး အထင်ကြီးစရာ ကောင်းလောက်အောင် ကစားနိုင်ခဲ့ပါတယ်။ အာဆင်နယ် အသင်းရဲ့ ပေးပို့တဲ့ အမြင့်ဘော တွေဟာ ယူနိုက်တက် ကို ကောင်းကောင်းကြီး ဖိအားပေးနိုင်ခဲ့ပါတယ်။ အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း အရောက်မှသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပေါလ် ပေါ့ဘာ အနေနဲ့ ဟက်တာ ဘယ်လာရင် အ‌‌ပေါ် မလိုအပ်တဲ့ ဖျက်ထုတ်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီးတော့ ပင်နယ်တီ ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ပေါ့ဘာ ဟာ သူ့ အမှားကို လက်ခံခဲ့ကြောင်းကို အခုလိုပြောပြခဲ့ပါတယ်။

Photo Credit: Mirror

“ ကျွန်တော်တို့ ပုံစံကောင်းမှာ ရှိမနေခဲ့ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော် ကိုယ်တိုင်တောင် ဒီလိုမျိုး ပြစ်ဒဏ်မကျုးလွန်ခဲ့သင့်ပါဘူး။ ကျွန်တော် ဘောလုံးကို ထိမယ်လို့ ထင်ခဲ့တာပါ။ ဒါပေမယ့် မထိမိခဲ့ပါဘူး။ အဲ့ဒ့ါကြောင့် ပင်နယ်တီ ခွင့်ပြုပေးခဲ့ရပါတယ်။ ကျွန်တော် သူ့ကို တော်တော်လေး ထိမိခဲ့တယ်လို့ ကျွန်တော် ခံစားမိပါတယ်။ အဲ့ဒါက ဂိုးဧရိယာ ထဲမှာဆိုတာလည်း ကျွန်တော် သိပါတယ်။ ကျွန်တော် ဒီလိုမျိုး ပင်နယ်တီ မပေးခဲ့သင့်ဘူး။ ကျွန်တော် သတိလက် လွတ်ဖြစ်သွားခဲ့တယ် ထင်တယ်။ အဲ့ဒါကြောင့် ကျွန်တော် အခုလို အမှားကို ကျုးလွန်ခဲ့မိတာ။ ကျွန်တော် အဲ့ဒီ အမှားကနေ သင်ခန်းစာ ယူသွားပါမယ်။ ကျွန်တော်က ဂိုးဧရိယာ ထဲမှာ အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့ ကစားသမားတော့ မဟုတ်ပါဘူး။ ကျွန်တော် ကာကွယ်ပေးနိုင်တာတော့ သေချာပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီ့ထက် ပိုကောင်းအောင် ကစားဖို့ လိုနေပါပြီ ”

Photo Credit: Mirror

ဒါ့အပြင် ယူနိုက်တက် အနေနဲ့ အာဆင်နယ် အသင်းရဲ့ တိုက်စစ်ဖိအားပေးမှုတွေကို ခံနိုင်ဖို့ ပိုပြင်ဆင်သင့်ကြောင်း နဲ့ အာဆင်နယ် အသင်းရဲ့ ခံစစ်ကို ပိုမို ဖိအားပေးနိုင်ဖို့ ကြိုးစားဖို့ လို‌ကြောင်း ခံစားရတယ်လို့ ပေါလ်ပေါ့ဘာက ဆိုပါတယ်။ “ ကျွန်တော် တို့ အနေနဲ့ အခွင့်အရေးတွေ ပိုပြီး ဖန်တီးဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ ‌အဖြေရှာဖို့ လိုအပ်ခဲ့ပေမယ့် ကျွန်တော်တို့ မရှာနိုင်ခဲ့ပါဘူး။ ဒါကြောင့် မို့ ကျွန်တော်တို့ အသင်းက ဘောလုံးနဲ့ ပတ်သက်ရင် ကြောက်စရာမကောင်းသေးဘူးလို့ ဆိုရပါမယ်။ ကျွန်တော် ပြောခဲ့သလိုပါပဲ။ အသင်း ရဲ့ ကစားပုံတွေက ပိုကောင်းဖို့ လိုနေပါသေးတယ် ”