ဂျုဗင်တပ်စ်အသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း ပြင်သစ်ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို ပြန်လည်ခေါ်ယူသွားဖို့အတွက် တဖြည်းဖြည်း နီးစပ်လာခဲ့ပြီဖြစ်ပြီး နောက်ဆုံး ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဂျုဗင်တပ်စ်ဘက်က ပေါ့ဘာအတွက် တစ်နှစ်လုပ်ခ ယူရို(၇)သန်းခွဲ (၃)နှစ်စာချုပ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရှိရပါတယ်။

Juventus to hold talks over re-signing Pogba and hope to persuade Man Utd midfielder to lower salary demands | Goal.com

Photo Credit : Goal

အသက်(၂၉)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ၂၀၁၆ခုနှစ်ကမှ ဂျုဗင်တပ်စ်ကနေ ယူနိုက်တက်အသင်းဆီ ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယူနိုက်တက်နဲ့ ဘောလုံးရာသီ (၆)ရာသီကြာ ဖြတ်သန်းခဲ့ပြီးနောက်မှာ အသင်းနဲ့ ထပ်မံလက်တွဲဖြုတ်ဖို့ ဆုံးဖြတ်လာခဲ့သလို ပေါ့ဘာကလည်း သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲကမှ အသင်းဟောင်း ဂျုဗင်တပ်စ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ ပေါ့ဘာက လတ်တလောမှာ ဂျုဗင်တပ်စ်အသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ဂျုဗီဘက်ကလည်း ပေါ့ဘာကို တစ်နှစ်ပေါင်(၇)သိန်းခွဲနဲ့ (၃)နှစ်စာချုပ်နဲ့ ကမ်းလှမ််းထားတယ်လို့ သိရပါတယ်။

Juventus CEO makes Paul Pogba claim after talks with Man Utd star's agent |  Football | Sport | Express.co.uk

Photo Credit : Daily Express

ပေ့ါဘာဟာ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်ကမှ ယူနိုက်တက်အသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုဖြစ်ခဲ့သလို သူရဲ့ ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲစုံ(၃၇)ပွဲထိ ပါဝင်ကစားခဲ့တဲ့အပြင် စီးရီးအေချန်ပီယံဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပေါ့ဘာက ဂျုဗင်တပ်စ်အသင်းနဲ့ ဘောလုံးရာသီ (၄)ရာသီကြာ ဖြတ်သန်းခဲ့ပြီး ပွဲစဉ်ပေါင်း (၁၇၈)ပွဲ ပါဝင်ခဲ့သလို သွင်းဂိုး(၃၄)ဂိုး ဂိုးဖန်တီးမှု ဂိုး(၄၀)ထိ လုပ်ဆောင်ခဲ့ပြီး စီးရီးအေဖလားကိုလည်း (၄)နှစ်ဆက်တိုက် ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဂျုဗင်တပ်စ်အသင်းက သူတို့ရဲ့ ပရိသတ်အချစ်တော် ကစားသမား ပေါ့ဘာကို တစ်နှစ်လုပ်ခ ပေါင်(၇)သိန်းခွဲနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားပေမယ့်လည်း ပေါ့ဘာကတော့ တစ်နှစ်လုပ်ခကို ယူရို(၁၁)သန်းလောက်အထိ အလိုရှိနေတာကြောင့် ဆက်လက်ညှိနှိုင်းရဖွယ် ရှိနေပါတယ်။ လက်ရှိအချိန်မှာ ပေါ့ဘာကို ဂျုဗင်တပ်စ် တစ်သင်းတည်းသာမကပဲ ပီအက်စ်ဂျီအသင်းကလည်း စိတ်ဝင်စားလို့နေပြီး အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့လည်း ပေါ့ဘာရဲ့ အေးဂျင့်ကို တိုက်ရိုက်ဆက်သွယ်ထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။