မန်ယူအသင်းရဲ့ နောက်ခံ ကစားသမား လုရှော့ခ်ကတော့ မန်ယူအသင်းရဲ့ ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ပေါ့ဘာ နဲ့ ဖာနန်ဒက်စ်တို့ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားတွေ ဖြစ်တယ်လို့ အခိုင်အမာ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။ မန်ယူ နည်းပြ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိတော့ ကွင်းလယ်လူ ဖာနန်ဒက်စ် နဲ့ ကွင်းလယ်လူ ပေါ့ဘာတို့ကို ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ တွဲမသုံးဖူးသေးလျက် ဖြစ်ပါတယ်။

Photo Credit: Goal

မန်ယူ ကွင်းလယ်လူ ပေါ့ဘာဟာ ဒဏ်ရာ ပြဿနာကြောင့် ပွဲထွက် မကစားနိုင်ခဲ့တာ ဖြစ်ပြီး လက်ရှိရာသီမှာ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းအတွက် ပွဲစဉ် (၈) ပွဲသာ ကစားနိုင်ခဲ့ပြီး ကွင်းလယ်လူ ဖာနန်ဒက်စ်က မန်ယူအသင်းရဲ့ ကွင်းလယ်ပိုင်းကို ဦးဆောင်နေခဲ့ရပါတယ်။ ပေါ့ဘာဟာ လက်ရှိအချိန်မှာ ဒဏ်ရာက ပြန်လည် သက်သာလာပြီ ဖြစ်တာကြောင့်မို့ ပြိုင်ပွဲ ပြန်စရင် ကွင်းလယ်လူ ဖာနန်ဒက်စ်နဲ့ တွဲကစားလာဖွယ် ရှိပြီး မန်ယူအသင်းရဲ့ နောက်ခံလူ လုရှော့ခ်ကတော့ ပေါ့ဘာ နဲ့ ဖာနန်ဒက်စ်ကို အကောင်းဆုံး ကွင်းလယ်လူတွေလို့ ဆိုပါတယ်။

Photo Credit: Goal

လုရှော့ခ်က “ပြီးခဲ့တဲ့ အပတ်က အုပ်စုလိုက် လေ့ကျင့်ရေး ဆင်းကြတဲ့ အချိန်မှာ ဖာနန်ဒက်စ်က ပေါ့ဘာနဲ့ တွဲကစားရတယ်။ သူတို့နှစ်ဦး တွဲကစားတာကို ဗီဒီယိုမှာလည်း မြင်ခဲ့ကြရပါလိမ့်မယ်။ သူတို့နှစ်ဦးရဲ့ တွဲဖက်မှုက အပြစ်အနာဆာ မရှိပါဘူး။ နည်းပြအဖွဲ့တွေက သူတို့ နှစ်ယောက်ကို အုပ်စုခွဲလိုက်တယ်။ သူတို့ တစ်အုပ်စုထဲမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် သူတို့ တစ်ယောက် နဲ့ တစ်ယောက် ယှဉ်ပြိုင်တာကို မြင်ရတယ်။ သူတို့ တစ်ယောက် နဲ့ တစ်ယောက် ယှဉ်ပြိုင်ပြီး လေ့ကျင့်ရေး ဆင်းကြတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ တစ်ဦးတည်း အမြင်ကို ပြောရမယ်ဆိုရင် သူတို့နှစ်ဦး အတူတူ ပွဲထွက်ကစားဖို့ မျှော်လင့်ပါတယ်။ သူတို့နှစ်ဦးကတော့ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အကောင်းဆုံး ကွင်းလယ်လူတွေ ဖြစ်နိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။