မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ရဲ့ ယုံကြည်အားကိုးရလောက်တဲ့ လက်ထောက်နည်းပြ ဟောင်းတစ်ဦး ဖြစ်တဲ့ ရီနီ မြူလန်စတင်း ကတော့ ပေါ့ပ်ဘာ ဟာ ကမ္ဘာ့အဆင့်မီ ကစားသမား မဟုတ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းရဲ့ ကစားသမား တစ်ဦး အနေနဲ့ ပေါ့ဘာဟာ မန်ယူအသင်းမှာ အခုချိန်ထိ ခြေစွမ်းပြဖို့ ရုန်းကန်နေရဆဲ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲမှာလည်း မလုပ်သင့်တဲ့ အမှားကို ကျုးလွန်ခဲ့တာကြောင့် ဝေဖန်ခံရမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ မြူလန်စတင်းဟာ ပေါ့ပ်ဘာရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ခဲ့ကာ အခုခေတ် ထိပ်တန်း ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒို၊ မက်ဆီတို့ နဲ့ တန်းတူ အနေအထားမှာ မထားသင့်ဘူးလို့ ဆိုပါတယ်။

Photo Credit: Mirror

“ ကမ္ဘာ့ထိပ်သီး ကစားသမားတွေ ဖြစ်ကြတဲ့ ပီလီ၊ မာရာဒိုနာ၊ ဂျိုဟန်ခရူး၊ ဘက်ကန်ဘောင်ရာ၊ ယူစီဘို၊ ဘော်ဘီ ချာလ်တန် တို့ကို ကြည့်လိုက်ရင် သူတို့ရဲ့ အကြောင်းတွေကို သတိရလာတယ်။ ခရစ်စတီယာနို ရော်နယ်ဒို နဲ့ မက်ဆီလည်း ပါဝင်ပါတယ်။ သူတို့ နှစ်ဦးက ထိပ်တန်း ကစားသမားတွေပါ။ ပေါလ်က အတိတ်တုန်းက ထိပ်တန်း ကစားသမား ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ကို တစ်မျိုးမထင်ပါနဲ့။ ဒါ ဝေဖန်တာ မဟုတ်ပါဘူး။ ဒါ ထင်မြင်ချက်ကို ပြောပြတာပါ။ ဒီအချိန်မှာ သူ့ကစားပုံတွေက ထိပ်တန်း ကစားသမား တွေ ကစားတဲ့ ပုံစံမျိုးမှာ ရှိမနေဘူးလို့ ကျွန်တော် ထင်ပါတယ်။ မန်ချက်စတာယူနိုက်တက် အတွက် သူ အများကြီး လုပ်ပြဖို့ လိုနေသေးတယ်လို့ ထင်ပါတယ်။ အကယ်၍ ခင်ဗျားကို မန်ချက်ရဲ့ ကွင်းလယ် ကစားသမားအဖြစ် ပေါလ်စခိုးလ် နဲ့ ပေါ့ဘာ နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးခိုင်းမယ်ဆိုရင် ခင်ဗျား ဘယ်သူ့ကို ရွေးချယ်မလဲ ? အဖြေက ရှင်းရှင်းလေးပါပဲ ”

Photo Credit: Mirror

“ သူ ကမ္ဘာ့ အဆင့်မီ ကစားသမား တစ်ယောက် မဖြစ်နိုင်ဘူးလို့ ကျွန်တော် မပြောပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ ကမ္ဘာ့အဆင့်မီ ကစားသမားတစ်ယောက်ရဲ့ ပုံစံမျိုးမှာ ရှိတယ်ဆိုတာကို အမြဲတမ်းဆိုသလို လုပ်ပြနေဖို့ လိုအပ်ပါတယ်။ အဲ့ဒါဆိုရင် မန်ချက်လည်း ဒီ့ထက် ပိုကောင်းတဲ့ အဆင့်ကို ရောက်ရှိ လာပါလိမ့်မယ်။ ကျွန်တော် ရွိုင်ကိန်း ရဲ့ မှတ်ချက်တွေကို အမြဲနားထောင်ဖြစ်ပါတယ်။ သူက အိုလီရဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပါ။ ဒါကြောင့်မို့ သူက ဘာလိုအပ်နေတယ်ဆိုတာ‌ သေချာသိတယ်လို့ ထင်ပါတယ်။ မန်ယူ အနေနဲ့ တကယ်မှန်ကန်တဲ့ ကစားသမားတွေကို မခေါ်ယူနိုင်ခဲ့ပါဘူး။ အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်မှာ သူတို့ ကာဗာနီကို ခေါ်ခဲ့တယ်။ ယူနိုက်တက် ဆီက နေ မတူညီတဲ့ နည်းဗျုဟာ မျိုးတွေ မြင်ရတော့မယ်လို့ အားလုံးက ထင်ခဲ့ကြတာပါ။ ဒါပေမယ့် လက်တွေ့မှာ ဘာမှ ဖြစ်မလာခဲ့ပါဘူး ” လို့ ဆိုခဲ့ပါတယ်။