လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြတွေထဲမှာ အကောင်းဆုံး နည်းပြအဖြစ် သတ်မှတ်လို့ ရတဲ့ စပါးအသင်းရဲ့ နည်းပြဟောင်း ပိုချက်တီနိုဟာ နည်းပြအပြောင်းအလဲ လုပ်ဖို့ ရေပန်းစားနေတဲ့ ရီးရဲလ် မက်ဒရစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်း အနက် သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်း ကိုသာ ရွေးချယ်ကာ နည်းပြချင်နေကြောင်း နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Talksport သတင်းဌာန က ဖော်ပြ သွားခဲ့ပါတယ်။ အသက် ၄၈နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လူမျိုး နည်းပြ ပိုချက်တီနို ဟာ ဆုဖလား အောင်မြင်မှု ရေရေရာရာ မရှိသေးပေမယ့် ဆောက်သမ်တန် အသင်းနဲ့ စပါးအသင်းတို့ကို အဆင့်တစ်ဆင့်စီ မြှင့်တင်ပေးနိုင်ခဲ့တဲ့ နည်းပြ တစ်ဦး ဖြစ်တာကြောင့် ထိပ်တန်း နည်းပြတစ်ဦး အဖြစ် သတ်မှတ် ခံထားရသူပါ။

Photo Credit: AS English

လတ်တလော မှာတော့ စပိန် အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့် ကနေ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ မရေမရာ ဖြစ်နေတဲ့ အသင်းတွေ ဖြစ်ကြပြီး ချန်ပီယံလိဂ် အုပ်စု အဆင့်ကနေသာ လှည့်ပြန် ခဲ့ရပါက လက်ရှိနည်းပြတွေ ဖြစ်တဲ့ ဇီဒန်းနဲ့ တူချယ်တို့ကို ရာထူးကနေ ကျိန်းသေပေါက် ထုတ်ပစ်ဖွယ် ရှိပါတယ်။ ဒါ့ကြောင့်ပဲ နှစ်သင်းစလုံးဟာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ပိုချက်တီနိုကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ် နေကြပြီး ပိုချက်တီနိုဟာလည်း သူ့ရဲ့ အလုပ် ဖြစ်တဲ့ မန်နေဂျာရာထူးနဲ့ တစ်နှစ်ကျော်လောက် ဝေးကွာနေတာကြောင့် ဘောလုံးကွင်းတွေထဲကို ပြန်လာချင် နေပြီပဲ ဖြစ်ပါတယ်။

Photo Credit: AS English

ဒါပေမယ့် ပိုချက်တီနိုဟာ ကွင်းသစ် စီမံကိန်းကြောင့် ကစားသမား ခေါ်ယူရာမှာ အခက်အခဲတွေ ရှိနေသလို တစ်ချိန်က သူ ကစားခဲ့ဖူးတဲ့ အက်စ်ပန်ညိုအသင်းနဲ့ ပြိုင်ဘက်အသင်းလို ဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ် အသင်းထက် သူ့ရဲ့ အသင်းဟောင်း တစ်သင်းဖြစ်ကာ ကစားသမားကောင်းတွေ ရှိသလို ငွေကြေး သုံးစွဲမှုပိုင်းမှာလည်း လက်မတွန့် တတ်တဲ့ ပီအက်စ်ဂျီ အသင်းကိုသာ ရွေးချယ်ဖို့ ဆုံးဖြတ်ထားကြောင့် Talksport က ဆိုပါတယ်။ တစ်ဖက် မှာလည်း ရီးရဲလ်မက်ဒရစ် အသင်းဟာ သူတို့အသင်းရဲ့ နည်းပြသစ် နေရာအတွက် အသင်းရဲ့ ဂန္တဝင် တိုက်စစ် ကစားသမားဟောင်း ဖြစ်သူ ရာအူးလ်နဲ့ ပိုချက်တီနို နှစ်ဦးအနက် တစ်ဦးကို ခန့်အပ်ဖို့ ပြင်ဆင် ထားတာကြောင့် ပိုချက်တီနို အနေနဲ့ သူတို့အသင်းကို ကိုင်တွယ်ဖို့ စိတ်မဝင်စားရင် ပိုချက်တီနို ခန့်အပ်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားမယ့် အနေအထားမှာ မရှိကြောင်း မက်ဒရစ်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ ထားကြပါတယ်။