စပါး နည်းပြဟောင်း ပိုချယ်တီနိုက သူ့ရဲ့ ကစားသမားဟောင်းတွေ ဖြစ်တဲ့ စပါး ကစားသမားတွေကို ဘောလုံး နဲ့ ကျန်းမာရေးမှာ ကျန်းမာရေးက ပထမ ဖြစ်တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ပိုချယ်တီနိုအနေနဲ့ စပါးအသင်းကို (၂၀၁၄) ခုနှစ်ကနေ (၂၀၁၉) ခုနှစ်အထိ နည်းပြခဲ့ပြီး စပါးအသင်းကို တစ်ကြိမ်မှ မရောက်ခဲ့ဖူးတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ရှိစေခဲ့တာ ဖြစ်ပါတယ်။ သူဟာ (၂၀၁၉) ခုနှစ်မှာ ရလဒ် မကောင်းခဲ့တာကြောင့် အဲဒီနှစ်ရဲ့ နိုဝင်ဘာလမှာ စပါး နည်းပြ အဖြစ်က ထုတ်ပယ်ခံရပြီး အခုတော့ သူ့ရဲ့ ကစားသမားဟောင်းတွေကို အမှာစကား ပြောခဲ့ပါတယ်။

Photo Credit: Allfootball

Radio Del Plata မှာ နည်းပြ ပိုချယ်တီနိုက “ကျွန်တော် စပါးကစားသမားတွေကို အရဲစွန့်စားဖို့ မလိုပါဘူးလို့ ပြောခဲ့သလို ကျန်းမာရေးနဲ့ ယှဉ်လာရင် ဘောလုံးက ဒုတိယနေရာမှာ ရှိတယ်လို့ ပြောခဲ့ပါတယ်။ တိုင်းတာမှုတွေကို ပြုလုပ်နေကြပြီ ဖြစ်လို့ ကောင်းပါတယ်။ ဒါဟာ ကုသမှုကို မရှာတွေ့မခင်အထိ ဗိုင်းရပ်ကို ထိန်းချုပ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းပါ”လို့ ပြောခဲ့ပါတယ်။ ပိုချယ်တီနိုဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကို အလျှင်အမြန် မတုံ့ပြန်ခဲ့ကြတဲ့ ဥရောပ တစ်ခွင်က ခေါင်းဆောင်တွေကိုလည်း တာဝန်ယူမှု အားနည်းတယ်လို့ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Allfootball

ဥရောပ ခေါင်းဆောင်တွေနဲ့ ပက်သက်ပြီး နည်းပြ ပိုချယ်တီနိုက “သူတို့တွေက သူတို့ဘာသာ တာဝန်မကျေစွာနဲ့ ကိုင်တွယ် ဖြေရှင်းခဲ့ကြပြီး ဆုံးဖြတ်ချက်ချတာတွေက နှေးကွေခဲ့ပါတယ်။ စီးပွားရေးက ဘောလုံး ပြိုင်ပွဲကို ရောက်ရှိလာပြီး ဆုံးဖြတ်ချက် ချရတာ နောက်ကျသွားတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ အခု ဖြစ်ပျက်နေတာတွေ အားလုံးကို ကြည့်လိုက်ပါ။ ကျွန်တော်ကတော့ သူတို့တွေ ဥရောပ နိုင်ငံမှာ တာဝန်မကျေစွာ စံမံခန့်ခွဲနေပြီး ဆုံးဖြတ်ချက် ချမှတ်တာတွေ နောက်ကျတယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။ စပါး နည်းပြဟောင်း ပိုချယ်တီနိုဟာ လက်ရှိမှာ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ နေထိုက်လျက်ရှိပြီး ဘောလုံး နည်းပြ လောကထဲကို ပြန်ဝင်လာဖို့ ကြာနေဦးမယ့် သဘောမှာ ရှိနေပါတယ်။