MySport Myanmar

ပရိသတ်တွေနဲ့ သူ့ကြားမှာ ကွန်နက်ရှင်မိလာနေပြီလို့ ခံစားရကြောင်း ပိုချက်တီနို ဖွင့်ဟ

ချယ်လ်ဆီးအသင်းနည်းပြ မော်ရစ်စီယို ပိုချက်တီနိုက အသင်းပရိသတ်တွေနဲ့ သူရဲ့ကြား ပထမဆုံးအကြိမ်အဖြစ် ရင်းနှီးမှုတွေ စတင် ရရှိလာမိသလို ခံစားရပါကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို နာကျင်အချိန်ပို သွင်းဂိုးတွေနဲ့ နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် ပရိသတ်တွေနဲ့ သူရဲ့ကြား ကွန်နက်ရှင်မိလာခဲ့တယ်လို့ ပိုချက်တီနိုက ပြောဆိုလာပါတယ်။

Photo Credit : News

ဒီရာသီမှာ ချယ်လ်ဆီးပရိသတ် အများစုက သူတို့အသင်းရဲ့ ရလဒ်ပိုင်းတွေ စွမ်းဆောင်ပိုင်းတွေ ကျဆင်းနေတာဟာ အသင်းနည်းပြ ပိုချက်တီနိုရဲ့လက်ချက်ကြောင့်လို့ သတ်မှတ်ကြပြီး ပိုချက်တီနိုကိုလည်း ရာသီအကုန်မှာပဲ နည်းပြရာထူးကနေ ထုတ်ပယ်စေချင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းကို အနိုင်ရလိုက်တဲ့ ပွဲစဉ်အပြီးမှာတော့ အသင်းပရိသတ်တွေနဲ့ သူ့ကြားမှာ ရင်းနှီးနွေးထွေးမှုတွေကို စတင် ခံစားမိလာရကြောင်းနဲ့ ပိုချက်တီနိုက ဖွင့်ဟလာခဲ့ပါတယ်။ “ပထမဦးဆုံးအကြိမ်အဖြစ်နဲ့ အသင်းပရိသတ်တွေနဲ့ ရင်းနှီးမှုတွေ ရှိလာတယ်လို့ စတင် ခံစားမိလာရပါတယ်။”

Photo Credit : Daily Star

“အခု အသင်းရဲ့ ပရောဂျက်က လွန်ခဲ့တဲ့ (၅)နှစ်တုန်းကနဲ့ မတူပါဘူး။ ကွဲပြားပါတယ်။ ကျွန်တော်က အသင်းပရိသတ်တွေနဲ့ စစ်မှန်တဲ့ ဆက်ဆံရေးကိုပဲ တည်ဆောက်ချင်ပါတယ်။ ပရိသတ်တွေအတွက်ဆိုပြီး အသင်းတံဆိပ်ကို နမ်းရှိုက်ပြတာတို့ ကွင်းဘေးစည်းကနေ ရူးရူးမိုက်မိုက်တွေ လုပ်ပြတာတို့ မလုပ်ချင်ပါဘူး။” လို့ ပိုချက်တီနိုက ပြောဆိုသွားခဲ့ပါတယ်။

ပိုချက်တီနိုက ဒီရာသီမှ ချယ်လ်ဆီးအသင်းကို စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး အသင်းကို လိဂ်ဖလားဖိုင်နယ်ဆီနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ဆီကို ပို့ဆောင်ထားနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အဆင့်(၁၀)နေရာမှာသာ ရပ်တည်နေရပါတယ်။

Exit mobile version