MySport Myanmar

သူ့နေရာကို ဝင်ရောက်လာဖို့ နီးစပ်နေတဲ့ ဇီဒန်းက ဂရိတ်နည်းပြတစ်ဦးလို့ ပိုချက် ပြောဆို

ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ မာရီစီယိုပိုချက်တီနိုက လာမယ့် ဘောလုံးရာသီမှာ သူရဲ့ ပီအက်စ်ဂျီ နည်းပြရာထူးကို ပြောင်းလဲရယူသွားမယ့်သူလို့ သတင်းထွက်နေတဲ့ ဇီဒန်းကို တကယ့် ထိပ်တန်းနည်းပြတစ်ဦးလို့ ချီးကျူးပြောဆိုသွားခဲ့ပြီး သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းထွက်နေတဲ့အပေါ် မှတ်ချက်ပေးဖို့တော့ ငြင်းဆန်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

ပီအက်စ်ဂျီအသင်းဟာ ဒီနှစ်ဘောလုံးရာသီအပြီးမှာပဲ လက်ရှိအသင်းနည်းပြ ပိုချက်တီနိုကို အသင်းကနေ ထုတ်ပယ်ပြီး အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဇီဒန်းနဲ့ ပြန်လည်အစားထိုးသွားဖို့ စီစဉ်နေတယ်လို့ သတင်းမီဒီယာများက ဖော်ပြထားခဲ့ကြပါတယ်။ သတင်းမီဒီယာတွေက လာမယ့်ဘောလုံးရာသီမှာ ရီးယဲလ်နည်းပြဟောင်း ဇီဒန်းက ပီအက်စ်ဂျီအသင်းနည်းပြသစ် ဖြစ်လာခဲ့ပြီး ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကတော့ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာလိမ့်မယ်လို့ ဖော်ပြနေကြပြီး ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့သတင်းထောက်က မေးမြန်လာခဲ့ရာ ပိုချက်တီနိုက “ကျွန်တော် မသိပါဘူး။ ဒါက ကျွန်တော်ဆုံးဖြတ်ရမယ့် ကိစ္စတွေလည်း မဟုတ်ဘူး”

Photo Credit : Daily Mail

“ဇီဒန်းက အရမ်းကို ကောင်းမွန်တဲ့ နည်းပြတစ်ဦးပါ။ ဒါက သေချာပါတယ်။ သူရဲ့ အဆင့်အတန်းတွေကို ရီးယဲလ်အသင်းမှာ ပြသခဲ့ပါသေးတယ်။ သူက ကမ္ဘာပေါ်က ဘယ်ဘောလုံးသမားကိုမဆို လေ့ကျင့်ပေးနိုင်တယ်။ နောက်ပြီး သူက ပြင်သစ်လူမျိုးလည်း ဖြစ်နေတယ်။ ဒါက အသင်းရဲ့ အားကစားဒါရိုက်တာ ဒါမှမဟုတ် အသင်းပိုင်ရှင်အတွက် စဉ်းစားစရာတစ်ခု ဖြစ်လာနိုင်တယ်။ ကျွန်တော် ပီအက်စ်ဂျီအသင်းကို တာဝန်ယူတဲ့အခါ ဒီလို အနာဂတ်ပိုင်းနဲ့ သက်ဆိုင်နေတဲ့ သတင်းတွေ ကောလဟာလတွေက အသင်းရဲ့ ရပ်တည်မှု လက်ရှိအခြေအနေတွေပေါ်မှာ မူတည်ပြီး ရောက်ရှိလာလိမ့်မယ်ဆိုတာကိုလည်း ကျွန်တော် သိထားတယ်။ ဒါကိုလည်း လက်ခံရမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော် ပီအက်စ်ဂျီ နည်းပြအဖြစ်နဲ့ ခင်ဗျားအရှေ့မှာ ထိုင်နေရမှာတောင် မဟုတ်ပါဘူး” လို့ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။ ပိုချက်တီနိုဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းကို ပြင်သစ်လီဂူး ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရပေမယ့် ချန်ပီယံလိဂ်မှာ ပြိုင်ပွဲသမိုင်းတလျှောက် အအောင်မြင်ဆုံး အသင်းဖြစ်ထားတဲ့ ရီးယဲလ်ကို ကျော်ဖြတ်နိုင်ဖို့ ဗိုလ်လုပွဲထိ တတ်လှမ်းနိုင်ဖို့နဲ့ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကြီးကို ရယူပေးသွားနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

Exit mobile version