မနေ့ညက စပိန်နိုင်ငံ မက်ဒရစ်မြို့ဆန်တီယာဂိုဘာနေဗျူး ဘောလုံးကွင်းကြီဌးမှာ ကျင်းပခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ဧည့်သည်ပီအက်စ်ဂျီက ဘာပေရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင်ဦးဆောင်နိုင်ပြီး ကွာတားကို တတ်လှမ်းဖို့၊ပါ အခြေအနေကောင်းခဲ့ရပေမယ့်လည်း အိမ်ရှင်အသင်းက ဒုတိယပိုင်းမှာ ဘန်ဇီမာရဲ့ ဟက်ထရစ်နဲ့ ပွဲရလဒ်ကို ရုတ်ချည်းပြောင်းလဲနိုင်ခဲ့သလို ရီးယဲလ်ကသာ နောက်တစ်ဆင့်ကို တတ်လှမ်းခွင့် ရရှိသွားခဲ့ပါတယ်။

Photo Credit : 90Min

ပထမအကျော့ပွဲစဉ်မှာကတည်းက ရီးယဲလ်ဘက်ကို တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တဲ့ ဘာပေက ဒုတိယအကျော့မှာလည်း အသင်းအတွက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် ကွာတားတတ်လှမ်းနိုင်ဖို့က အခြေအနေကောင်းတစ်ခု ဖြစ်သွားခဲ့ရပေမယ့် ဂိုးသမား ဒွန်နာရမ်မာရဲ့ အမှားကနေတစ်ဆင့် ရီးယဲလ်ဘက်ကို ချေပဂိုး စခွင့်ပြုရချိန်နောက်ပိုင်း ပီအက်စ်ဂျီခံစစ်က ပြိုဆင်းသွားခဲ့ရပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီနည်းပြ မာရီစီယိုပိုချက်တီနိုကတော့ သူ့ဂုုိးသမား ဒွန်နာရမ်မာရဲ့ အမှားမဟုတ်ပဲ ဘောလုံးရယူဖို့ ဖိအားပေးခဲ့တဲ့ ရီးယဲလ်တိုက်စစ်မှူး ကာရင်ဘန်ဇီမာရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကြောင့်သာ ဖြစ်တယ်လို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Mirror

ရီးယဲလ်ရဲ့ချေပဂိုးနဲ့ ပတ်သက်ပြီး နည်းပြပိုချက်တီနိုက “မတရားမှုတွေ အများကြီး ရှိခဲ့တယ်လို့ ခံစားမိတယ်။ ဒါဟာ ဒွန်နာရမ်မာအပေါ် ဘန်ဇီမာက ရှင်းရှင်းလင်းလင်းကြီး ပြစ်ဒဏ်ကျူးလွန်သွားခဲ့တာပါ။ ပွဲအပေါ်မှာ ထားရှိထားတဲ့ စိတ်ခံစားချက်တွေကလည်း ပြောင်းလဲသွားရတယ်။ ဒါကလည်း မြင်သာစေခဲ့ရပါတယ်။ ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်သွားစေရတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့လို့ပါ။ ကျွန်ေ်တာ်တို့က နှစ်ကျော့စလုံးမှာ အကောင်းဆုံးအသင်း ဖြစ်ခဲ့ရပေမယ့် ရီးယဲလ်မက်ဒရစ်က တစ်ဂိုးစီ သရေကျနေတဲ့အချိန်မှာ သူတို့နိုင်ပွဲရဖို့အတွက် အကုန်လုံး လုပ်ဆောင်လာပါတော့တယ်။ ဒွန်နာရမ်မာကလည်း အမှားကျူးလွန်ခဲ့တာ မဟုတ်ပါဘူး။ ဒါက ရှင်းလင်းတဲ့ ပြစ်ဒဏ်ကျူးလွန်မှု တစ်ခုပါ။ VAR ကလည်း ဒါကို ပြစ်ဒဏ်တစ်ခု ဆိုတာကို မမြင်ခဲ့ဘူး ထင်ပါတယ်။ ကျွန်တော် ဒါကို ရှုထောင့်ပေါင်းစုံ အကြိမ်ပေါင်းမာျးစွာ ကြည့်ရှခဲ့သေးတယ်။ ဒါက အသင်းနှစ်သင်းရဲ့ ပြိုင်ပွဲအတွင်း ခံစားချက်တွေကို အဆုံးအဖြတ်ပေးသွားစေခဲ့ပါတယ်” လို့ စိတ်ပျက်စွာနဲ့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။