တော့တင်ဟမ်ဟော့စပါးအသင်းကနေ ထုတ်ပယ်ခံထားရတဲ့ အာဂျင်တီးနားသားကြီး ပိုချက်တီနိုကတော့ လာမယ့်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ကို ပြန်လာချင်ကြောင်း ဆိုသွားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သူ့ရဲ့ သတင်းကို ပိုမိုကျယ်ပြန့်လာစေခဲ့ပါတယ်။

Photo Credit: Standard.com

စပါးအသင်းကို ဖျက်မြင်းအသင်းအဆင့်မှ ထိပ်တန်းအသင်းတစ်သင်းဆိုတဲ့ အနေအထားကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ပိုချက်တီနိုဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒုတိယဥက္ကဌဖြစ်သူ အက်ဝုဒ်ဝက်ရဲ့ စိတ်ကြိုက် နည်းပြတစ်ဦးဖြစ်တယ်လို့ မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတေ​ွက ဖော်ပြခဲ့အပြီးမှာပဲ ပိုချက်တီနိုက ပရီးမီးယားလိဂ်ကို ပြန်လာချင်ကြောင်း ပြောခဲ့တာပါ။

Photo Credit: Standard.com

ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ အက်ဝုဒ်ဝက်ဟာ လာမယ့်ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြရာထူးမှာ ပိုချက်တီနိုကို မြင်တွေ့လိုနေကြောင်းနဲ့ လက်ရှိနည်းပြ ဆိုးလ်ရှားရဲ့ အနေအထားကို ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရ ၊ မရဆိုတဲ့ အနေအထားနဲ့ ဆုံးဖြတ်မှာဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit: Standard.com

ပရီးမီးယားလိဂ်ကို ပြန်လာလိုတဲ့အကြောင်းကို ပိုချက်တီနိုက ” ကျွန်တော်က စိန်ခေါ်မှု အသစ်တစ်ခုကို စောင့်နေပါတယ်။ အမှန်ကို ပြောရရင် ကျွန်တော်က ပရီးမီးယားလိဂ်မှာ အလုပ်လုပ်ရတာကို သဘောကျပါတယ်။ အခက်အခဲဆိုတာက ရှိနေမှာမှန်ပေမယ့် ဒါတွေကို ကျွန်တော်နှစ်သက်ပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရမှာပါ ” လို့ ပြောဆိုသွားခဲ့တာပါ။