စပါး ကွင်းလယ် ကစားသမားဟောင်း အိုဟာရာကတော့ နည်းပြ မော်ရင်ဟိုဟာ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာ နော်ဝှေ့ချ်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်သွားခဲ့တာကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း နောက်တစ်ဆင့်ကို မတက်နိုင်လောက်ပါဘူးလို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ စပါးအသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်မှာ နော်ဝှစ်ချ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ် ခံယူပြီး ရှုံးနိမ့်သွားခဲ့တာကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ အိမ်ကွင်း ပွဲစဉ် (၄) ပွဲဆက် နိုင်ပွဲမရှိ၊ သရေမရှိဘဲ၊ ရှုံးပွဲပဲ ကြုံခဲ့ရပြီး အိမ်ကွင်း ရလဒ် ဆိုးရွားသွားခဲ့ပါတယ်။

Photo Credit: Goal

စပါး နည်းပြ မော်ရင်ဟိုဟာ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ရှေ့တန်းကစားသမားတွေ ဖြစ်တဲ့ ဆွန်ဟောင်မင် နဲ့ ဟယ်ရီကိန်းတို့ မပါဝင်ခဲ့တာကြောင့် ရှုံးနိမ့်ရတာ ဖြစ်တယ်လို့ ပြောသွားခဲ့ပြီး လာမယ့် ပွဲစဉ် အနေနဲ့ စနေနေ့ညမှာ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမှာပါ။ စပါး နည်းပြ မော်ရင်ဟိုဟာ စပါး နည်းပြဟောင်း ပိုချယ်တီနိုရဲ့ နေရာမှာ အစားထိုး ဝင်ရောက် လာခဲ့တာ ဖြစ်ပြီး ရလဒ်တွေ ဆိုးရွားလာခဲ့တာကြောင့် စပါး ကွင်းလယ် ကစားသမားဟောင်း အိုဟာရာကတော့ နည်းပြ ပိုချယ်တီနိုအနေနဲ့ စပါးအသင်းကို ပြန်လာသင့်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

စပါး ကွင်းလယ်လူဟောင်း အိုဟာရာက ” မော်ရင်ဟိုကို ဆုဖလားတွေ ရယူဖို့ ခန့်ခဲ့တာပါ။ ဒါပေမဲ့ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာ နော်ဝှေ့ချ်အသင်းကို ရှုံးပြီး ထွက်ခဲ့ရပါတယ်။ ဒါဟာ သူတို့အနေနဲ့ ဘယ်ကို သွားနေသလဲ ဆိုတာကို ဖော်ပြနေပါတယ်။ သူတို့ လိုက်ဇစ်အသင်းနဲ့ ကစားပြီး ချန်ပီယံလိဂ် နောက်တစ်ဆင့်ကို တက်သွားမယ်လို့ ကျွန်တေ်ာ မထင်ပါဘူး။ ဒါကြောင့် စပါးအသင်းအတွက်တော့ နောက်တစ်ပတ်ဆိုရင် ရာသီကုန်ပါပြီ”လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ အိုဟာရာဟာ မော်ရင်ဟိုနေရာမှာ ပိုချယ်တီနိုကို ပြန်ခန့်သင့်သလားလို့ အမေးခံရတဲ့ အခါမှာ သူက “ခန့်သင့်ပါတယ်။ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ပိုချယ်တီနိုအနေနဲ့ ပြန်လာသင့်ပါတယ်။ အရင်ကတည်းက လုပ်ရမှာပါ။ သူက စပါးကို နည်းပြမပေမဲ့ အချစ်ခံရဆဲပါ”လို့ ပြောပါတယ်။