MySport Myanmar

စပါးအသင်းကို ပြန်လည် ကိုင်တွယ်သွားဖို့ စိတ်ဝင်စားနေတဲ့ ပိုချက်တီနို

စပါးအသင်းဟာ လာမယ့် ဘောလုံးရာသီမှာ အသင်းရဲ့ လက်ရှိနည်းပြ အန်တိုနီယိုကွန်တီကို လက်လွတ်ရမယ်ဆိုရင် သူ့နေရာကို ပြန်လည် အစားထိုး ဝင်ရောက်လာဖို့အတွက် စပါးနည်းပြဟောင်း ပိုချက်တီနိုက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Photo Credit : TEAMtalk

စပါးအသင်းရဲ့ လက်ရှိနည်းပြ ကွန်တီက ဒီရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်သလို စီးရီးအေပြိုင်ပွဲဆီကိုပါ ပြန်လည် ခြေချဖွယ်လည်း ရှိနေတဲ့အတွက် စပါးအသင်းအနေနဲ့ လာမယ့် ရာသီအတွက် နည်းပြတစ်ဦး ရှာဖွေရဖွယ် ရှိနေပါတယ်။ ဒီအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေသူ စပါးနည်းပြဟောင်း ပိုချက်တီနိုက သူ့အသင်းဟောင်းဆီ ပြန်လာဖို့ စိတ်ဝင်စားလျက် ရှိနေပြီး တကယ်လို့ ကွန်တီနဲ့ စပါးတို့သာ လမ်းခွဲဖြစ်ခဲ့မယ်ဆိုရင် စပါးနဲ့ ပြန်လည် လက်တွဲလိုနေပါတယ်။

Photo Credit : Spurs Web

အာဂျင်တီးနားလူမျိုး ဘောလုံးနည်းပြ ပိုချက်တီနိုဟာ စပါးအသင်းကို ၂၀၁၄ခုနှစ်ကနေ ၂၀၁၉ခုနှစ်အထိ ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂၀၁၉ခုနှစ်မှာပဲ ချန်ပီယံလိဂ် ဖိုင်နယ်အထိ ပို့ဆောင်နိုင်ခဲ့သလို ချန်ပီယံလိဂ် ဝင်ခွင့်ကိုလည်း နှစ်စဉ်တိုင်း ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ စပါးအသင်းအတွက် ဆုဖလားတွေ ရယူပေးနိုင်ခဲ့ခြင်း မရှိပေမယ့်လည်း ချန်ပီယံလိဂ်နဲ့ လိဂ်ဖလားတွေမှာ ဗိုလ်လုပွဲအဆင့်ဆီ ပို့ဆောင်နိုင်ခဲ့သလို အသင်းပရိသတ်ရဲ့ အချစ်တော် နည်းပြတစ်ဦးပါ ဖြစ်ခဲ့ရပါတယ်။

Photo Credit : BeSoccer

ပိုချက်တီနိုနဲ့ စပါးဥက္ကဌ လီဗီးတို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေသေးတာကြောင့် ပိုချက်တီနိုရဲ့ comeback က မျှော်လင့်ချင်စရာ ဖြစ်နေခဲ့ပေမယ့် အသင်းရဲ့ ဒါရိုက်တာဖြစ်သူ ဖာဘီယိုပါရာတီချီနဲ့ ပိုချက်တီနိုကြားမှာ အားပြိုင်မှုတွေနဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ ပဋိပက္ခ ဖြစ်နိုင်ချေတွေ များလာနိုင်ပါတယ်။ ပါရာတီချီက ကွန်တီလို wing-backs တွေ အားထားတဲ့ နည်းပြမျိုးကိုသာ အသင်းအတွက် အလိုရှိတာဖြစ်ပြီး ပိုချက်တီနိုကတော့ အမြဲတမ်း back four အတိုင်းသာ ကစားစေသူ ဖြစ်တာကြောင့် ဒီအချက်မှာပင် ကွဲလွဲနေနိုင်ပါတယ်။ ဒါပေမယ့်လည်း စပါးအသင်း ပရိသတ်တွေကတော့ သူတို့နည်းပြဟောင်း ပိုချက်တီနိုကို ပြန်လည် အလိုရှိနေပြီး ပိုချက်တီနိုဟာလည်း ချဲလ်ဆီးနည်းပြသစ် ဖြစ်လာနိုင်မယ့် စာရင်းထဲမှာပါ ပါဝင်လျက် ရှိနေပါတယ်။

Exit mobile version