MySport Myanmar

ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ အနီကတ် ပြသခံခဲ့ရတဲ့ ကစားသမားများ

မနေ့ညက ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်ခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့် ကစားသမား ဂျာအိုဖီးလစ်ဟာ ပြိုင်ဘက်ကစားသမား ကစားပုံ ကြမ်းတမ်းမိခဲ့တဲ့အတွက် တိုက်ရိုက် အနီကတ်နဲ့ ပြိုင်ပွဲကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ ဖီးလစ်လို ပရီးမီးယားလိဂ် ပွဲဦးထွက်မှာပဲ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတဲ့ ကစားသမားတွေလည်း ရှိလို့နေပါတယ်။ ဒီကစားသမားတွေအကြောင်းကို စုစည်းဖော်ပြပေးသွားချင်ပါတယ်။

ကိုစီယယ်နီ(အာဆင်နယ်)

လီဂူးကလပ် လော်ရီးယန့်ကနေ အာဆင်နယ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ပြင်သစ်နောက်ခံလူ ကိုစီယယ်နီဟာ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့ရင်း ပွဲပြီးခါနီး နာကျင်အချိန်ပိုအတွင်းမှာ အဝါကတ် (၂)ကတ် ဆက်တိုက် ပြသခံခဲ့ရကာ (၂)ဝါ(၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

အော်ရီယာ(စပါး)

ပီအက်စ်ဂျီကနေ စပါးအသင်းဆီ ရောက်ရှိလာခဲ့တဲ့ ညာနောက်ခံလူ အော်ရီယာကတော့ စပါးနဲ့ဆွမ်ဆီးပွဲအတွင်း စပါးအတွက် စတင် ကစားခွင့် ခဲ့ရပေမဲ့လည်း သူရဲ့ full debut ကိုတော့ ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လန်ဒန်ဒါဘီမှသာ ကစားခဲ့ရသလို အဲ့ဒီပွဲမှာတော့ ဒုတိယပိုင်းအတွင်းမှာပဲ (၂)ဝါ(၁)နီနဲ့ကို ထုတ်ပယ်ခံလိုက်ရပါတယ်။

ဂါဗင်ဟို(အာဆင်နယ်)

အာဆင်နယ်အသင်းဆီကို လိုင်လီအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အိုင်ဗရီကို့စ် ဘယ်တောင်ပံကစားသမား ဂါဗင်ဟိုမှာလည်း နယူးကာဆယ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စတင် ပါဝင်ကစားရင်းနဲ့ ဒုတိယပိုင်း ပွဲကစားချိန် (၇၆)မိနစ်မှာပဲ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရလို့ လီဗာပူးလ် မန်ချက်စတာယူနိုက်တက်နဲ့ ဆွမ်ဆီး အစရှိတဲ့ ပွဲတွေကိုပါ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

ဒီအာခီတီ(ကျူပီအာ)

နောက်ထပ် လီဂူးကလပ်ကနေ ပရီးမီးယားလိဂ်အသင်းတွေဆီ ရောက်ရှိလာတဲ့ ကစားသမားဖြစ်သူ ဒီအာခီတီမှာလည်း ကျူပီအာအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာပဲ အနီကတ်ပြသခံခဲ့ရပါတယ်။ ကွင်းလယ်ခံစစ် ကစားသမား ဒီအာခီတီဟာ ကျူပီအာနဲ့ ဖူလ်ဟမ်အသင်းတို့ ပွဲစဉ်ရဲ့ ပထမပိုင်းအတွင်းမှာပဲ (၂)ဝါ ပြသခံခဲ့ရပြီး ထုတ်ပယ်ခံလိုက်ရတာဖြစ်လို့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ထုတ်ပယ်ခံရတဲ့ ကစားသမားစာရင်းမှာတော့ အစောဆုံး ထုတ်ပယ်ခံရသူအဖြစ်ပါ စံချိန်တင်ခဲ့ရပါတယ်။

Exit mobile version